အူစိန္ေဘာ့ထက္ အေျပးျမန္ေနတဲ့ အိႏၵိယ လယ္သမား

Zawgyi

ရုိးရာႏြားေမာင္းၿပိဳင္ပြဲမွာ လယ္သမားတစ္ဦးေျပးခဲ့တဲ့ အျမန္ႏႈန္းဟာ အူစိန္ေဘာ့ရဲ႕ အျမန္ႏႈန္းနဲ႕ ႏႈိင္းယွဥ္လုိ ့ရေနတာေၾကာင့္ ယခုအခါ ယင္း လယ္သမားရဲ႕ အေျပးျမန္ႏႈန္းကုိ စမ္းသပ္ မွတ္တမ္းယူ

သြားေတာ့မွာျဖစ္ေၾကာင္း အိႏၵိယ အားကစားအာဏာပုိင္ေတြက စေနေန႕မွာ ေျပာဆုိလုိက္ပါတယ္။ ဇန္န၀ါရီ ၃၁ ရက္ေန ့က ရႊံ႕ေရျပင္ၿပိဳင္ကြင္းမွာ ၀င္ၿပိဳင္ခဲ့တဲ့ စရီနီဗတ္စ္ ေဂၚဒါဟာ ၁၄၂.၅၀ မီတာကုိ

၁၃.၆၂ စကၠန္ ့နဲ႕ ေျပးခဲ့ၿပီး ႏုိင္ငံေတာင္ပုိင္း ကာနာတာကာျပည္နယ္မွာ ႏွစ္စဥ္က်င္းပတဲ့ ကမ္ဘာလာအမည္ရ ႏြားေမာင္းၿပိဳင္ပြဲမွာ စံခ်ိန္မွတ္တမ္းတစ္ခုျဖစ္ခဲ့ပါတယ္။ ၄င္းရဲ႕ ေျပးႏႈန္းကုိ အနားယူ

သြားၿပီျဖစ္တဲ့ ဂ်ေမကာ တာတုိအေျပးဘုရင္ အူစိန္ေဘာ့နဲ႕ ႏႈိင္းယွဥ္ကာ ဆုိရွယ္မီဒီယာေပၚမွာ လူေတြက ခ်ီးက်ဴးေျပာဆုိေနၾကၿပီး အသက္ ၂၈ ႏွစ္အရြယ္,ယင္း လယ္သမားရဲ႕ အေၾကာင္းဟာ

အမ်ားအာရုံစုိက္ရတဲ့ အေၾကာင္းအရာတစ္ခုျဖစ္လာခဲ့ပါတယ္။ အူစိန္ေဘာ့ဟာ ကမာၻ႕အျမန္ဆုံး လူသားျဖစ္ၿပီး မီတာ ၁၀၀ ကုိ ၉.၅၈ စကၠန္ ့ေျပးကာ စံခ်ိန္တင္ထားခဲ့သူပါ။ ဒါေၾကာင့္ ေဂၚဒါရဲ႕ ေျပးႏႈန္းကုိ

အူစိန္ေဘာ့ရဲ႕ စံခ်ိန္နဲ႕ ခ်ိန္ထုိးသုံးသပ္မႈ လုပ္ခဲ့ၾကသူေတြက လယ္သမားဟာ မီတာ ၁၀၀ ကုိ ၉.၅၅ စကၠန္ ့နဲ႕ ေျပးႏုိင္ဖုိ ့ေသခ်ာသေလာက္ရွိကာ အူစိန္ေဘာ့ထက္ ၀.၀၃ စကၠန္႕ ပုိျမန္သူျဖစ္ေၾကာင္း

ဆုိခဲ့ၾကပါတယ္။ ယခုအခါ တာ၀န္ရွိသူေတြက ေဂၚဒါကုိ ၿမိဳ႕ေတာ္ နယူးေဒလီသုိ ့ ဖိတ္ေခၚထားကာ ႏုိင္ငံရဲ႕ အေကာင္းဆုံး အားကစားနည္းျပဆရာေတြရဲ႕ ေရွ႕ေမွာက္ အကဲျဖတ္မွတ္တမ္းယူသြားမွာ

ျဖစ္ေၾကာင္း အိႏၵိယ လူငယ္အားကစား၀န္ႀကီး ကီရန္ ရီဂ်ီဂ်ဴက ေျပာဆုိပါတယ္။ “ အိႏၵိယ အားကစားအာဏာပုိင္အဖြဲ႕(SAI) တာ၀န္ရွိသူေတြက သူ႕ကုိ ဆက္သြယ္ထားပါတယ္။ သူ႕အတြက္ ရထားလက္မွတ္

ျဖတ္ေပးထားၿပီး တနလၤာေန ့မွာ SAI စင္တာကုိ သူ ေရာက္လာပါလိမ့္မယ္။ သူ႕ကုိ စမ္းသပ္စစ္ေဆးဖုိ ့ ႏုိင္ငံ ထိပ္တန္းနည္းျပေတြနဲ႕ ကၽြန္ေတာ္ အေသအခ်ာစီမံထားပါတယ္” လုိ ့ ရီဂ်ီဂ်ဴက တြစ္တာမွာ

ေျပာဆုိခဲ့ပါတယ္။ လူမႈကြန္ရက္ အသုံးျပဳသူမ်ားစြာကေတာ့ ရႊံေရျပင္ ႏြားေမာင္းၿပိဳင္ပြဲေတြမွာ တံပုိးတစ္ခုတပ္ကာ ႀကိမ္တံ၊ ႀကိဳးေတြနဲ႕ ႏြားေတြရဲ႕ ျမန္ႏႈန္းအတုိင္း ထိန္းခ်ဳပ္လုိက္ပါရတဲ့ ၿပိဳင္ပြဲ၀င္ေတြဟာ

ႏြားေတြရဲ႕ အကူအညီအားျဖင့္ ျမန္နႈန္းျမင့္ေနတယ္လုိ ့ ယူဆၾကၿပီး ျမင့္မားတဲ့ အုိလံပစ္ စံခ်ိန္စံညႊန္းေတြကုိ လုိက္မီဖုိ ့ဆုိတဲ့အေပၚ သံသယရွိေနၾကေၾကာင္း သိရပါတယ္။ေဂၚဒါကေတာ့

“ကၽြန္ေတာ္ ဒီအျမန္ႏႈန္း ေျပးႏုိင္မယ္လုိ ့ မထင္ခဲ့ပါဘူး။ ႏြားေတြက အေျပးျမန္ၾကေတာ့ ကၽြန္ေတာ္က သူတုိ႕ေနာက္ လုိက္ခဲ့ရတာပါ” လုိ ့ ဆုိခဲ့ပါတယ္။ ခရက္ဒစ္

Unicode

ရိုးရာနွားမောင်းပြိုင်ပွဲမှာ လယ်သမားတစ်ဦးပြေးခဲ့တဲ့ အမြန်နှုန်းဟာ အူစိန်ဘော့ရဲ့ အမြန်နှုန်းနဲ့ နှိုင်းယှဉ်လို့ရနေတာကြောင့် ယခုအခါ ယင်း လယ်သမားရဲ့ အပြေးမြန်နှုန်းကို စမ်းသပ် မှတ်တမ်းယူ

သွားတော့မှာဖြစ်ကြောင်း အိန္ဒိယ အားကစားအာဏာပိုင်တွေက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့က ရွှံ့ရေပြင်ပြိုင်ကွင်းမှာ ဝင်ပြိုင်ခဲ့တဲ့ စရီနီဗတ်စ် ဂေါ်ဒါဟာ ၁၄၂.၅၀ မီတာကို

၁၃.၆၂ စက္ကန့်နဲ့ ပြေးခဲ့ပြီး နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်မှာ နှစ်စဉ်ကျင်းပတဲ့ ကမ်ဘာလာအမည်ရ နွားမောင်းပြိုင်ပွဲမှာ စံချိန်မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ၎င်းရဲ့ ပြေးနှုန်းကို အနားယူ

သွားပြီဖြစ်တဲ့ ဂျမေကာ တာတိုအပြေးဘုရင် အူစိန်ဘော့နဲ့ နှိုင်းယှဉ်ကာ ဆိုရှယ်မီဒီယာပေါ်မှာ လူတွေက ချီးကျူးပြောဆိုနေကြပြီး အသက် ၂၈ နှစ်အရွယ်,ယင်း လယ်သမားရဲ့ အကြောင်းဟာ

အများအာရုံစိုက်ရတဲ့ အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အူစိန်ဘော့ဟာ ကမ္ဘာ့အမြန်ဆုံး လူသားဖြစ်ပြီး မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်ပြေးကာ စံချိန်တင်ထားခဲ့သူပါ။ ဒါကြောင့် ဂေါ်ဒါရဲ့ ပြေးနှုန်းကို

အူစိန်ဘော့ရဲ့ စံချိန်နဲ့ ချိန်ထိုးသုံးသပ်မှု လုပ်ခဲ့ကြသူတွေက လယ်သမားဟာ မီတာ ၁၀၀ ကို ၉.၅၅ စက္ကန့်နဲ့ ပြေးနိုင်ဖို့သေချာသလောက်ရှိကာ အူစိန်ဘော့ထက် ဝ.၀၃ စက္ကန့် ပိုမြန်သူဖြစ်ကြောင်း

ဆိုခဲ့ကြပါတယ်။ ယခုအခါ တာဝန်ရှိသူတွေက ဂေါ်ဒါကို မြို့တော် နယူးဒေလီသို့ ဖိတ်ခေါ်ထားကာ နိုင်ငံရဲ့ အကောင်းဆုံး အားကစားနည်းပြဆရာတွေရဲ့ ရှေ့မှောက် အကဲဖြတ်မှတ်တမ်းယူသွားမှာ

ဖြစ်ကြောင်း အိန္ဒိယ လူငယ်အားကစားဝန်ကြီး ကီရန် ရီဂျီဂျူက ပြောဆိုပါတယ်။ “ အိန္ဒိယ အားကစားအာဏာပိုင်အဖွဲ့(SAI) တာဝန်ရှိသူတွေက သူ့ကို ဆက်သွယ်ထားပါတယ်။ သူ့အတွက် ရထားလက်မှတ်

ဖြတ်ပေးထားပြီး တနင်္လာနေ့မှာ SAI စင်တာကို သူ ရောက်လာပါလိမ့်မယ်။ သူ့ကို စမ်းသပ်စစ်ဆေးဖို့ နိုင်ငံ ထိပ်တန်းနည်းပြတွေနဲ့ ကျွန်တော် အသေအချာစီမံထားပါတယ်” လို့ ရီဂျီဂျူက တွစ်တာမှာ

ပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူများစွာကတော့ ရွှံရေပြင် နွားမောင်းပြိုင်ပွဲတွေမှာ တံပိုးတစ်ခုတပ်ကာ ကြိမ်တံ၊ ကြိုးတွေနဲ့ နွားတွေရဲ့ မြန်နှုန်းအတိုင်း ထိန်းချုပ်လိုက်ပါရတဲ့ ပြိုင်ပွဲဝင်တွေဟာ

နွားတွေရဲ့ အကူအညီအားဖြင့် မြန်နှုန်းမြင့်နေတယ်လို့ ယူဆကြပြီး မြင့်မားတဲ့ အိုလံပစ် စံချိန်စံညွှန်းတွေကို လိုက်မီဖို့ဆိုတဲ့အပေါ် သံသယရှိနေကြကြောင်း သိရပါတယ်။ဂေါ်ဒါကတော့

“ကျွန်တော် ဒီအမြန်နှုန်း ပြေးနိုင်မယ်လို့ မထင်ခဲ့ပါဘူး။ နွားတွေက အပြေးမြန်ကြတော့ ကျွန်တော်က သူတို့နောက် လိုက်ခဲ့ရတာပါ” လို့ ဆိုခဲ့ပါတယ်။ ခရက်ဒစ်