ဂိမ္းေဆာ့ရင္း စကားဆန္းဆန္းေတြနဲ႔ အ႐ႊန္းေဖာက္စေနာက္ေနၾကတဲ့ ခင္လႈိင္တို႔မိသားစု

Zawgyi

ဟာသသ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ခင္လႈိင္ကိုေတာ့ ပရိသတ္ေတြရင္းႏွီးခ်စ္ခင္ၿပီးသားျဖစ္မွာပါေနာ္။ ရယ္ရတဲ့ ျပက္လုံးေလးေတြနဲ႔ သူ႔ရဲ႕ အိုင္တင္တိုင္းဟာ ပရိသတ္ေတြကို ပြဲက်ေစခဲ့တာပါ။ ဟာသ၊ ဒရာမာ ဘယ္လိုကာ႐ိုက္တာပဲျဖစ္ျဖစ္ သ႐ုပ္ေဆာင္ႏိုင္တဲ့ ဝါရင့္ ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ဦး

ဆိုလည္း မမွားပါဘူးေနာ္။ လက္ရွိမွာ သ႐ုပ္ေဆာင္အျပင္ ဒါ႐ိုက္တာအေနနဲ႔ပါ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ႐ိုက္ကူးေနၿပီျဖစ္ပါတယ္။ ခင္လႈိင္ကေတာ့ အႏုပညာနဲ႔ပတ္သက္ရင္ ဘယ္ေနရာ၊ ဘယ္က႑ကမဆို ပါဝင္လုပ္ေဆာင္တတ္တဲ့ သူတစ္ဦးလို႔ဆိုရမွာပါ။ ဖခင္ျဖစ္သူရဲ႕ အႏုပညာ

အေမြကို ဆက္ခံၾကတဲ့ ေနရဲနဲ႔ သဇင္ထူးျမင့္ေလးဟာလည္း ပရိသတ္ေတြရဲ႕ ဝန္းရံအားေပးမႈေတြကို ရရွိထားၿပီး ပရိသတ္ အခ်စ္ေတာ္ေလးေတြ ျဖစ္လို႔ေနပါၿပီေနာ္။ သဇင္ထူးျမင့္က အစ္ကိုျဖစ္သူ ေနရဲရယ္၊ သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္သူ မင္းခန႔္ကိုနဲ႔ မင္းခန႔္ညီတို႔နဲ႔အတူ “Dream Create

Do” ဆိုတဲ့ Page ေလးကို ေထာင္ထားၿပီး တစ္ေန႔တာ သူတို႔လႈပ္ရွားမႈေလးေတြနဲ႔အတူ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဗီဒီယိုေလးေတြကို သူတို႔ရဲ႕ Page ေလးမွာ တင္ေပးေလ့ရွိပါတယ္။ ဒီေန႔ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔မွာေတာ့ ေဖေဖခင္လႈိင္နဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဂိမ္းေဆာ့ခဲ့တဲ့ ဗီဒီယိုေလးကို

“ေဖေဖနဲ႔အတူတူ ဂိမ္းေဆာ့မိတာ စကားလုံးအသစ္ေတြလည္း ၾကားခဲ့ရတယ္။ အရယ္သိပ္မသန္ၾကဘူး ဘယ္လိုေတြေဆာ့ထားလည္း ဝင္ၾကည့္လိုက္ေတာ့ေနာ္” ဆိုၿပီး Dream Create Do Page ေလးမွာ တင္လာခဲ့ပါတယ္။ သားျဖစ္သူ ေနရဲနဲ႔သမီးျဖစ္သူ သဇင္ထူးျမင့္တို႔ သူငယ္ခ်င္းအုပ္စု

ကေတာ့ ဂိမ္းေဆာ့ရင္း စကားလုံးဆန္းဆန္းေတြနဲ႔ အ႐ႊန္းေဖာက္စေနာက္ေနတဲ့ ေဖေဖခင္လႈိင္ေၾကာင့္ ရယ္ေမာမဆုံးျဖစ္ေနၾကတာပါပဲေနာ္။ ပရိသတ္ႀကီးအတြက္ ေပ်ာ္႐ႊင္ရယ္ေမာစေနာက္ကာ ဂိမ္းေဆာ့ေနၾကတဲ့ ခင္လႈိင္တို႔မိသားစုရဲ႕ ဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Unicode

ဟာသသရုပ်ဆောင် ဒါရိုက်တာ ခင်လှိုင်ကိုတော့ ပရိသတ်တွေရင်းနှီးချစ်ခင်ပြီးသားဖြစ်မှာပါနော်။ ရယ်ရတဲ့ ပြက်လုံးလေးတွေနဲ့ သူ့ရဲ့ အိုင်တင်တိုင်းဟာ ပရိသတ်တွေကို ပွဲကျစေခဲ့တာပါ။ ဟာသ၊ ဒရာမာ ဘယ်လိုကာရိုက်တာပဲဖြစ်ဖြစ် သရုပ်ဆောင်နိုင်တဲ့ ဝါရင့် ဇာတ်ပို့သရုပ်ဆောင်တစ်ဦး

ဆိုလည်း မမှားပါဘူးနော်။ လက်ရှိမှာ သရုပ်ဆောင်အပြင် ဒါရိုက်တာအနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီဖြစ်ပါတယ်။ ခင်လှိုင်ကတော့ အနုပညာနဲ့ပတ်သက်ရင် ဘယ်နေရာ၊ ဘယ်ကဏ္ဍကမဆို ပါဝင်လုပ်ဆောင်တတ်တဲ့ သူတစ်ဦးလို့ဆိုရမှာပါ။ ဖခင်ဖြစ်သူရဲ့ အနုပညာ

အမွေကို ဆက်ခံကြတဲ့ နေရဲနဲ့ သဇင်ထူးမြင့်လေးဟာလည်း ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုတွေကို ရရှိထားပြီး ပရိသတ် အချစ်တော်လေးတွေ ဖြစ်လို့နေပါပြီနော်။ သဇင်ထူးမြင့်က အစ်ကိုဖြစ်သူ နေရဲရယ်၊ သူငယ်ချင်းနှစ်ယောက်ဖြစ်သူ မင်းခန့်ကိုနဲ့ မင်းခန့်ညီတို့နဲ့အတူ “Dream Create

Do” ဆိုတဲ့ Page လေးကို ထောင်ထားပြီး တစ်နေ့တာ သူတို့လှုပ်ရှားမှုလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကို သူတို့ရဲ့ Page လေးမှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ဖေဖေခင်လှိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဂိမ်းဆော့ခဲ့တဲ့ ဗီဒီယိုလေးကို

“ဖေဖေနဲ့အတူတူ ဂိမ်းဆော့မိတာ စကားလုံးအသစ်တွေလည်း ကြားခဲ့ရတယ်။ အရယ်သိပ်မသန်ကြဘူး ဘယ်လိုတွေဆော့ထားလည်း ဝင်ကြည့်လိုက်တော့နော်” ဆိုပြီး Dream Create Do Page လေးမှာ တင်လာခဲ့ပါတယ်။ သားဖြစ်သူ နေရဲနဲ့သမီးဖြစ်သူ သဇင်ထူးမြင့်တို့ သူငယ်ချင်းအုပ်စု

ကတော့ ဂိမ်းဆော့ရင်း စကားလုံးဆန်းဆန်းတွေနဲ့ အရွှန်းဖောက်စနောက်နေတဲ့ ဖေဖေခင်လှိုင်ကြောင့် ရယ်မောမဆုံးဖြစ်နေကြတာပါပဲနော်။ ပရိသတ်ကြီးအတွက် ပျော်ရွှင်ရယ်မောစနောက်ကာ ဂိမ်းဆော့နေကြတဲ့ ခင်လှိုင်တို့မိသားစုရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။