ဆရာမစာသင္ေနခ်ိန္ ေက်ာင္းသားအခ်င္းခ်င္း လူသတ္မႈျဖစ္

Zawgyi

ေရနံေခ်ာင္းၿမိဳ႕၊ သစ္တေပြရပ္ကြက္၊ေတာင္ေပၚသားေဘာ္ေဒါေဆာင္၊က်ဴ႐ွင္ခန္းတြင္၊ ယေန႔နံနက္ ၈နာရီခန႔္က ေရနံေခ်ာင္းဒီဂရီေကာလိပ္ ေက်ာင္းသားခ်င္းခိုက္ရန္ျဖစ္ပြားရာမွ ဓားထိုးမႈျဖစ္ၿပီး တစ္ဦးေသဆံုးခဲ့ပါတယ္။

ုျဖစ္စဥ္မွာ16.2.2020 ရက္ေန႔နံနက္၈နာရီခန္႔ကေရနံေခ်ာင္းၿမိဳ႕ သစ္တေပြရပ္ကြက္ ေတာင္ေပၚသားေဘာ္ဒါေဆာင္ က်ဴ႐ွင္ခန္းတြင္ ေရနံေခ်ာင္းဒီဂရီေကာလိပ္ ဓာတုေဗဒဌာနမွကထိက

​ေဒၚယဥ္ႏြယ္ဦး၊ က်ဴ႐ွင္သင္ေနစဥ္၊ က်ဴ႐ွင္ခန္းအတြင္း ဓားထိုးမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္ပါတယ္။ ေအာင္မ်ိဳးဦး(ပထမႏွစ္)ဓာတုေဗဒေက်ာင္းသားမွ ေက်ာ္မ်ိဳးလင္း (ပထမႏွစ္) ေက်ာင္းသားအား ဘီယာပုလင္းျဖင့္ ဦးေခါင္းကို စတင္႐ိုက္ႏွက္ခဲ့ရာ

​ေက်ာ္မ်ိဳးလင္းမွ ေအာင္မ်ိဳးဦးအား ဓားျဖင့္ျပန္ထိုးခဲ့သျဖင့္ ေအာင္မ်ိဳးဦး ဓားဒဏ္ရာျဖင့္ ေသဆံုးခဲ့ေၾကာင္း သိရိွရပါတယ္။ ေသဆံုးသူ ေမာင္ေအာင္းမ်ိဳးဦးမွာ ပြင့္ျဖဴၿမိဳ႕နယ္မွျဖစ္ၿပီး၊ ကုန္းျမင့္သာရပ္ ပန္းသတင္းေဘာ္ဒါေဆာင္တြင္ ေနထိုင္သူျဖစ္ပါတယ္။

ဓားျဖင့္ထိုးသူ ေမာင္ေက်ာ္မ်ိဳးလင္းမွာ ဆင္ျဖဴကြၽန္းမွျဖစ္ၿပီးကုန္းျမင့္သာရပ္ ေရႊစကားဝါ ေဘာ္ဒါေဆာင္တြင္ ေနထိုင္သူ ျဖစ္ပါတယ္။15.2.2020 ရက္ေန႔နံနက္ကလည္း ဓာတုေဗဒဌာနေဒၚယဥ္ႏြယ္ဦး က်ဴ႐ွင္ခ်ိန္ ေတာင္ေပၚသားက်ဳ႐ွင္ခန္းတြင္

အက်ၤ ီတက္နင္းသည့္ ကိစၥႏွင့္ ပတ္သက္၍ ေမာင္ေက်ာ္မ်ိဳးလင္းမွ ေမာင္ေအာင္မ်ိဳးဦး၏ ဦးေခါင္းကို ဘီယာပုလင္းျဖင့္ ႐ိုက္ခဲ့သျဖင့္၊သက္ဆိုင္ရာေညာင္လွရဲစန္းသို႔ သြားေရာက္တိုင္ၾကားခဲ့ရာ၊ ရဲစခန္းတာဝန္ရိွသူမ်ားမွ

ဦးေခါင္းဒဏ္ရာရရိွသူ၊ ေမာင္ေအာင္မ်ိဳးဦး အား ေရနံေခ်ာင္းေဆးရံုႀကီးသို႔ ရဲေဆးစာျဖင့္ပို႔ခဲ့ၿပီး ေနာက္တစ္ေန႔၊ယခုျဖစ္စဥ္ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။ ဓားျဖင့္ထိုးသူေမာင္ေက်ာ္မ်ိဳးလင္းမွာ အဖမ္းမခံဘဲ ထြက္ေျပးေနေၾကာင္း သိရိွရပါတယ္။

Unicode

ရေနံချောင်းမြို့၊ သစ်တပွေရပ်ကွက်၊တောင်ပေါ်သားဘော်ဒေါဆောင်၊ကျူရှင်ခန်းတွင်၊ ယနေ့နံနက် ၈နာရီခန့်က ရေနံချောင်းဒီဂရီကောလိပ် ကျောင်းသားချင်းခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

ုဖြစ်စဉ်မှာ16.2.2020 ရက်နေ့နံနက်၈နာရီခန့်ကရေနံချောင်းမြို့ သစ်တပွေရပ်ကွက် တောင်ပေါ်သားဘော်ဒါဆောင် ကျူရှင်ခန်းတွင် ရေနံချောင်းဒီဂရီကောလိပ် ဓာတုဗေဒဌာနမှကထိက

ဒေါ်ယဉ်နွယ်ဦး၊ ကျူရှင်သင်နေစဉ်၊ ကျူရှင်ခန်းအတွင်း ဓားထိုးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အောင်မျိုးဦး(ပထမနှစ်)ဓာတုဗေဒကျောင်းသားမှ ကျော်မျိုးလင်း (ပထမနှစ်) ကျောင်းသားအား ဘီယာပုလင်းဖြင့် ဦးခေါင်းကို စတင်ရိုက်နှက်ခဲ့ရာ

ကျော်မျိုးလင်းမှ အောင်မျိုးဦးအား ဓားဖြင့်ပြန်ထိုးခဲ့သဖြင့် အောင်မျိုးဦး ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ သေဆုံးသူ မောင်အောင်းမျိုးဦးမှာ ပွင့်ဖြူမြို့နယ်မှဖြစ်ပြီး၊ ကုန်းမြင့်သာရပ် ပန်းသတင်းဘော်ဒါဆောင်တွင် နေထိုင်သူဖြစ်ပါတယ်။

ဓားဖြင့်ထိုးသူ မောင်ကျော်မျိုးလင်းမှာ ဆင်ဖြူကျွန်းမှဖြစ်ပြီးကုန်းမြင့်သာရပ် ရွှေစကားဝါ ဘော်ဒါဆောင်တွင် နေထိုင်သူ ဖြစ်ပါတယ်။15.2.2020 ရက်နေ့နံနက်ကလည်း ဓာတုဗေဒဌာနဒေါ်ယဉ်နွယ်ဦး ကျူရှင်ချိန် တောင်ပေါ်သားကျုရှင်ခန်းတွင်

အကျၤ ီတက်နင်းသည့် ကိစ္စနှင့် ပတ်သက်၍ မောင်ကျော်မျိုးလင်းမှ မောင်အောင်မျိုးဦး၏ ဦးခေါင်းကို ဘီယာပုလင်းဖြင့် ရိုက်ခဲ့သဖြင့်၊သက်ဆိုင်ရာညောင်လှရဲစန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ၊ ရဲစခန်းတာဝန်ရှိသူများမှ

ဦးခေါင်းဒဏ်ရာရရှိသူ၊ မောင်အောင်မျိုးဦး အား ရေနံချောင်းဆေးရုံကြီးသို့ ရဲဆေးစာဖြင့်ပို့ခဲ့ပြီး နောက်တစ်နေ့၊ယခုဖြစ်စဉ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဓားဖြင့်ထိုးသူမောင်ကျော်မျိုးလင်းမှာ အဖမ်းမခံဘဲ ထွက်ပြေးနေကြောင်း သိရှိရပါတယ်။