ေဝးလံေခါင္ဖ်ားတဲ့အရပ္ေဒသမွာ စာၾကည့္တိုက္ေလးေဆာက္လုပ္လႉ ဒါန္းေပးခဲ့တဲ့ ေမာင္ခ်ိဳ

Zawgyi

ေမာင္ခ်ိဳလို႔ပရိသတ္ေတြခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ ပြင့္လင္း႐ိုးသားတဲ့စကားေျပာဟန္နဲ႔ ကေလးဆန္တာေတြေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုေနရသူတစ္ေယာက္ပါ

။ေမြးရာပါထူးျခားတဲ့အသံကာလာေလးကို ပိုင္ဆိုင္ထားတာကလည္း ေမာင္ခ်ိဳရဲ႕အားသာခ်က္တစ္ခုျဖစ္ေနတာေၾကာင့္ ပထမဆုံးထြက္ခဲ့တဲ့ စီးရီးမွာတင္ ေရာင္းအားအေကာင္းဆုံးေနရာမွာ ရပ္တည္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

ေမာင္ခ်ိဳကေတာ့ အမာခံပရိသတ္အင္အားလည္းေတာင့္တင္းတဲ့အျပင္ ပရိသတ္ေတြဆီကေန ပထမဆုံးကားတစ္စီးလက္ေဆာင္ရဖူးတဲ့ အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။

မိုင္းစတုန္းေတြရဲ႕ ခ်စ္ျခင္းေမတၱာကို အျပည့္အဝရရွိထားတဲ့ေမာင္ခ်ိဳကေတာ့ မၾကာခဏလက္ေဆာင္ေတြလည္းရတတ္တဲ့အျပင္ မေန႔ကလည္း မိုင္းစတုန္းေလးေတြနဲ႔ေပါင္းၿပီး အလႉတစ္ခုျပဳလုပ္ခဲ့ပါေသးတယ္။

အမွန္တကယ္လိုအပ္ေနတဲ့ ေနရာေတြျဖစ္တဲ့ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ကန္တဲေက်း႐ြာမွာ စာၾကည့္တိုက္ေလးေဆာက္လုပ္လႉဒါန္းေပးခဲ့တာပါ

။ေမာင္ခ်ိဳကေတာ့ သူ႔ရဲ႕အလႉေလးနဲ႔ပတ္သက္ၿပီး “ေမာင္ခ်ိဳနဲ႔ မိုင္းစတုန္းမ်ား စုေပါင္းလႉဒါန္းေသာ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ကန္တဲေက်း႐ြာ စာၾကည့္တိုက္ ဖြင့္ပြဲအလႉ အခမ္းအနားသို႔ တက္ေရာက္၍ ဝမ္းသာပီတိစကားေျပာၾကားၿပီး ဖြင့္ပြဲအမွတ္တရအေနနဲ႔ သီခ်င္းေလးမ်ားနဲ႔ ေဖ်ာ္ေျဖေပးခဲ့ပါတယ္။

ေဖႀကီး၊ေမႀကီး၊ကိုႀကီးနဲ႔ ေမာင္ခ်ိဳတို႔မိသားစုက စာၾကည့္တိုက္အတြက္ အလႉေငြနဲ႔ စာအုပ္မ်ား ထပ္မံလႉဒါန္းခဲ့ၾကပါတယ္။

ေက်ာင္းစာၾကည့္တိုက္ျဖစ္ေျမာက္ေအာင္ ဆက္သြယ္ကူညီပံ့ပိုးေပးတဲ့ ေမာင္ခ်ိဳရဲ႕ အျဖဴေရာင္ေမတၱာရွင္ေလးမ်ား ပရဟိတအဖြဲ႕ေလးကိုလည္း ေက်းဇူးတင္ရပါတယ္” ဆိုၿပီးေရးသားမွ်ေဝခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ေမာင္ခ်ိဳကေတာ့ “ေနာင္မ်ားမွာလည္း ေမာင္ခ်ိဳ႕ကိုခ်စ္တဲ့ မိုင္းစတုန္းေလးေတြနဲ႔အတူ အမွန္တစ္ကယ္လိုအပ္ေနတဲ့ ေနရာမ်ားမွာ သည္ထက္ ပိုၿပီးလႉဒါန္းခ်င္ပါေသးတယ္ဗ်ာ” ဆိုၿပီးေတာ့လည္း ေရးသားခဲ့ပါေသးတယ္။

Unicode

ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမှာ စာကြည့်တိုက်လေးဆောက်လုပ်လှူ ဒါန်းပေးခဲ့တဲ့ မောင်ချို

မောင်ချိုလို့ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ချမ်းမြေ့မောင်ချိုကတော့ ပွင့်လင်းရိုးသားတဲ့စကားပြောဟန်နဲ့ ကလေးဆန်တာတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ

။မွေးရာပါထူးခြားတဲ့အသံကာလာလေးကို ပိုင်ဆိုင်ထားတာကလည်း မောင်ချိုရဲ့အားသာချက်တစ်ခုဖြစ်နေတာကြောင့် ပထမဆုံးထွက်ခဲ့တဲ့ စီးရီးမှာတင် ရောင်းအားအကောင်းဆုံးနေရာမှာ ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။

မောင်ချိုကတော့ အမာခံပရိသတ်အင်အားလည်းတောင့်တင်းတဲ့အပြင် ပရိသတ်တွေဆီကနေ ပထမဆုံးကားတစ်စီးလက်ဆောင်ရဖူးတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

မိုင်းစတုန်းတွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့မောင်ချိုကတော့ မကြာခဏလက်ဆောင်တွေလည်းရတတ်တဲ့အပြင် မနေ့ကလည်း မိုင်းစတုန်းလေးတွေနဲ့ပေါင်းပြီး အလှူတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။

အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေဖြစ်တဲ့ ပျော်ဘွယ်မြို့နယ်၊ကန်တဲကျေးရွာမှာ စာကြည့်တိုက်လေးဆောက်လုပ်လှူဒါန်းပေးခဲ့တာပါ

။မောင်ချိုကတော့ သူ့ရဲ့အလှူလေးနဲ့ပတ်သက်ပြီး “မောင်ချိုနဲ့ မိုင်းစတုန်းများ စုပေါင်းလှူဒါန်းသော ပျော်ဘွယ်မြို့နယ်၊ ကန်တဲကျေးရွာ စာကြည့်တိုက် ဖွင့်ပွဲအလှူ အခမ်းအနားသို့ တက်ရောက်၍ ဝမ်းသာပီတိစကားပြောကြားပြီး ဖွင့်ပွဲအမှတ်တရအနေနဲ့ သီချင်းလေးများနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။

ဖေကြီး၊မေကြီး၊ကိုကြီးနဲ့ မောင်ချိုတို့မိသားစုက စာကြည့်တိုက်အတွက် အလှူငွေနဲ့ စာအုပ်များ ထပ်မံလှူဒါန်းခဲ့ကြပါတယ်။

ကျောင်းစာကြည့်တိုက်ဖြစ်မြောက်အောင် ဆက်သွယ်ကူညီပံ့ပိုးပေးတဲ့ မောင်ချိုရဲ့ အဖြူရောင်မေတ္တာရှင်လေးများ ပရဟိတအဖွဲ့လေးကိုလည်း ကျေးဇူးတင်ရပါတယ်” ဆိုပြီးရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မောင်ချိုကတော့ “နောင်များမှာလည်း မောင်ချို့ကိုချစ်တဲ့ မိုင်းစတုန်းလေးတွေနဲ့အတူ အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာများမှာ သည်ထက် ပိုပြီးလှူဒါန်းချင်ပါသေးတယ်ဗျာ” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ်။