ေအာင္လပြဲ ၾကည့္ခ်င္ေနတဲ့ ပရိသတ္ႀကီးအတြက္ သတင္းေကာင္း မနက္ျဖန္ MRTV ကလႊင့္မည္

Zawgyi

ျမန္မာႏိုင္ငံက ပရိသတ္ေတြ အားေပးမႈကို အျပည့္အဝ ရထားတဲ့ အျပင္ တကမာၻလုံးက ပရိသတ္ေတြ အခိုင္အမာရွိတဲ့ MMA Fighter တေယာက္ျဖစ္တဲ့ ေအာင္လအန္ဆန္ကိုေတာ့

ေတာ္ေတာ္မ်ားမ်ားလည္း သတိထားမိၾကမယ္ ထင္ပါတယ္။ ေအာင္လအန္ဆန္ကေတာ့ ယခုေနာက္ပိုင္းမွာေတာ့ သူထိုးခဲ့တဲ့ ပြဲတိုင္းကို အႏိုင္ယူထားၿပီး သူ႔ရဲ႕ Champion ဆိုတဲ့ ဂုဏ္ကို

ကာကြယ္ထားႏိုင္တဲ့ Fighter လည္း ျဖစ္ပါတယ္။ လက္ရွိမွာလည္း ေအာင္လအန္ဆန္ကိုေတာ့ စိန္ေခၚသူ ေပၚလာၿပီး မစ္ဒယ္ဝိတ္ခ်န္ပီယံကာကြယ္ပြဲ ထိုးသတ္ဖို႔အတြက္ လက္မွတ္ထိုးလိုက္ၿပီ ျဖစ္ပါတယ္။

ေအာင္လအန္ဆန္ကို စိန္ေခၚသူကေတာ့ နယ္သာလန္ ႏိုင္ငံသား De Ridder ျဖစ္ၿပီး စိန္ေခၚမႈကိုေတာ့ ေအာင္လအန္ဆန္က လက္ခံစာခ်ဳပ္မွာ လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္။

ဒီအေၾကာင္းေလးကိုေတာ့ ေအာင္လအန္ဆန္က ” OneChampioship အဖြဲ႕အစည္းနဲ႔ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံ ခါးပတ္ကာကြယ္ပြဲ ယွဥ္ၿပိဳင္ထိုးသတ္ဖို႔ အတြက္စာခ်ဳပ္ လက္မွတ္ေရးထိုးၿပီး အတည္ျပဳလိုက္ပါၿပီ။

ReinierdeRidder က သူ႔မွာဒဏ္ရာရွိတယ္လို႔ ေျပာတဲ့အတြက္ ၿပိဳင္ဖက္ကဘယ္သူ ျဖစ္လာမလဲဆိုတဲ့ ပေဟဠိက ကြၽန္ေတာ္အတြက္ အေရးမႀကီးပါဘူး။ အားလုံးကိုကြၽန္ေတာ္ ကတိေပးပါတယ္။

ဒီခ်န္ပီယံခါးပတ္ ကာကြယ္ပြဲက အရမ္းၾကည့္ေကာင္းမယ့္ ပြဲတစ္ပြဲျဖစ္မွာပါ။ ကြၽန္ေတာ္ရဲ႕နည္းျပဆရာ henrihoof၊ Coachgjones ၊kamibarzini နဲ႔ drcpeacock တို႔က ကြၽန္ေတာ့္အသင္း sanfordmma မွာ

ကြၽန္ေတာ္ ခ်န္ပီယံခါးပတ္ကို ကာကြယ္ယွဥ္ၿပိဳင္ထိုးသတ္ဖို႔ အတြက္ အဆင္သင့္ျဖစ္ေအာင္ အေကာင္းဆုံးေလ့က်င့္ျပင္ဆင္ ေပးမွာျဖစ္ၿပီး ခ်န္ပီယံခါးပတ္ကို ကာကြယ္ႏိုင္မယ္ဆိုတာ

ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္ရွိပါတယ္”ဆိုၿပီးေရးသားထားတာ ျဖစ္ပါတယ္။ ေအာင္လအန္ဆန္ကို စိန္ေခၚသူ နယ္သာလန္ ႏိုင္ငံသားကေတာ့ ၁၁ ပြဲ ကစားထားရာ ရႈံးပြဲမရွိေသးပါဘူး

Unicode

မြန်မာနိုင်ငံက ပရိသတ်တွေ အားပေးမှုကို အပြည့်အဝ ရထားတဲ့ အပြင် တကမ္ဘာလုံးက ပရိသတ်တွေ အခိုင်အမာရှိတဲ့ MMA Fighter တယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကိုတော့

တော်တော်များများလည်း သတိထားမိကြမယ် ထင်ပါတယ်။ အောင်လအန်ဆန်ကတော့ ယခုနောက်ပိုင်းမှာတော့ သူထိုးခဲ့တဲ့ ပွဲတိုင်းကို အနိုင်ယူထားပြီး သူ့ရဲ့ Champion ဆိုတဲ့ ဂုဏ်ကို

ကာကွယ်ထားနိုင်တဲ့ Fighter လည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း အောင်လအန်ဆန်ကိုတော့ စိန်ခေါ်သူ ပေါ်လာပြီး မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ဖို့အတွက် လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။

အောင်လအန်ဆန်ကို စိန်ခေါ်သူကတော့ နယ်သာလန် နိုင်ငံသား De Ridder ဖြစ်ပြီး စိန်ခေါ်မှုကိုတော့ အောင်လအန်ဆန်က လက်ခံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းလေးကိုတော့ အောင်လအန်ဆန်က ” OneChampioship အဖွဲ့အစည်းနဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ဖို့ အတွက်စာချုပ် လက်မှတ်ရေးထိုးပြီး အတည်ပြုလိုက်ပါပြီ။

ReinierdeRidder က သူ့မှာဒဏ်ရာရှိတယ်လို့ ပြောတဲ့အတွက် ပြိုင်ဖက်ကဘယ်သူ ဖြစ်လာမလဲဆိုတဲ့ ပဟေဠိက ကျွန်တော်အတွက် အရေးမကြီးပါဘူး။ အားလုံးကိုကျွန်တော် ကတိပေးပါတယ်။

ဒီချန်ပီယံခါးပတ် ကာကွယ်ပွဲက အရမ်းကြည့်ကောင်းမယ့် ပွဲတစ်ပွဲဖြစ်မှာပါ။ ကျွန်တော်ရဲ့နည်းပြဆရာ henrihoof၊ Coachgjones ၊kamibarzini နဲ့ drcpeacock တို့က ကျွန်တော့်အသင်း sanfordmma မှာ

ကျွန်တော် ချန်ပီယံခါးပတ်ကို ကာကွယ်ယှဉ်ပြိုင်ထိုးသတ်ဖို့ အတွက် အဆင်သင့်ဖြစ်အောင် အကောင်းဆုံးလေ့ကျင့်ပြင်ဆင် ပေးမှာဖြစ်ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်မယ်ဆိုတာ

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်”ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကို စိန်ခေါ်သူ နယ်သာလန် နိုင်ငံသားကတော့ ၁၁ ပွဲ ကစားထားရာ ရှုံးပွဲမရှိသေးပါဘူ