ဆေးရုံပေါ်က ကလေးတွေအတွက် အရုပ်ကလေးတွေကို တကူးတကဝေပေးခဲ့တဲ့ အေသင်ချိုဆွေ

Zawgyi






Unicode

အေသင်ချိုဆွေကတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ Single Mother အဖြစ်နဲ့ သမီးလေးကို တစ်ယောက်တည်းပျိုးထောင်နေတဲ့ အေသင့်ရဲ့သတ္တိကိုတော့

မချီးကျူးပဲ မနေနိုင်လောက်အောင်ပါပဲ။ သူမကိုယ်တိုင်လည်း မိခင်တစ်ယောက်ဖြစ်တာကြောင့် ကလေးငယ်လေးတွေအပေါ်မှာ မိခင်စိတ်အပြည့်ရှိပြီး ပြီးခဲ့တဲ့ချစ်သူများနေ့မှာတော့ ဆေးရုံပေါ်ကကလေးငယ်လေးတွေ

ပျော်ရွှင်ရအောင်အရုပ်ကလေးတွေ လိုက်ဝေပေးခဲ့ပါတယ်။ သူမရဲ့အလှူနဲ့ပတ်သက်ပြီးတော့ အေသင်က ” my valentine’s day be like “ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာဖော်ပြထားတာဖြစ်ပါတယ်။

အေသင်ကတော့ ကလေးလေးတွေအတွက်အရုပ်တွေကို ဆေးရုံထိတကူးတကသွားပြီး ဝေပေးခဲ့တာပါ။ ဆေးရုံပေါ်ကကလေးငယ်လေးတွေကလည်းအရုပ်တွေမြင်တာနဲ့ ရောဂါတွေယူပစ်လိုက်သလို ပျောက်သွားဟန်နဲ့

အပူအပင်ကင်းကင်း ပျော်ရွှင်နေကြပုံကလည်းတကယ့်ကိုကြည်နူးစရာပါ။ချစ်သူများနေ့မှာ တခြားလူတွေနဲ့မတူအောင်ဖန်တီးလိုက်ပုံကတကယ်လေးစားစရာကောင်းလှပါတယ်။ပရိသတ်ကြီးလည်း အေသင်ရဲ့အလှူကိုသာဓုခေါ်ခဲ့ကြပါဦး။