သံစဥ္ေမာင္ကို ထိခိုက္နာက်င္ေအာင္ မလုပ္ခဲ့ဘူးဆိုတဲ့ ေနေဒြး

Zawgyi

အမႈႏိုင္ခဲ့ရင္ ဂုဏ္သိကၡာအတြက္ ျပန္လည္တရားစြဲဆိုသြားမယ္။ေနေဒြးကေတာ့ ရည္းစားေဟာင္းျဖစ္သူ သံစဥ္ေမာင္ကို ထိခိုက္နာက်င္ေအာင္ မလုပ္ခဲ့တာေၾကာင့္ အမႈကိုအမွန္အတိုင္းရင္ဆိုင္သြားမယ္လို႔ေျပာပါတယ္။သ႐ုပ္ေဆာင္ေနေဒြးကိုေတာ့ ရည္းစားေဟာင္းျဖစ္သူ သံစဥ္ေမာင္ဘက္က

ထိခိုက္နာက်င္ေစမႈ ပုဒ္မ ၃၂၃ နဲ႔ အမႈဖြင့္ထားတဲ့အေပၚ ေနေဒြးဘက္ကလည္း အခုလို ေျပာျပလာပါတယ္။ ေနေဒြးကလည္း တရားစြဲဆိုခံထားရတဲ့အမႈကို ဆက္လက္ရင္ဆိုင္သြားမွာျဖစ္ၿပီး အမႈႏိုင္သြားရင္ သူ႔ရဲ႕ ဂုဏ္သိကၡာအတြက္ ျပန္လည္ၿပီးေတာ့ တရားစြဲဆိုသြားမယ္လို႔ အင္တာဗ်ဴးေတြမွာ

ေျဖဆိုထားပါတယ္။ “ေလာေလာဆယ္ေတာ့ သူတို႔ဘက္က ကြၽန္ေတာ့္ကို ပုဒ္မတက္ထားတာက ပုဒ္မ ၃၂၃ ဆိုတာ သာမန္နာက်င္ေစမႈ အေနနဲ႔တက္ထားတယ္။ အဲဒါကိုလည္း အရင္ဆုံး ကြၽန္ေတာ္ တရားရင္ဆိုင္မယ္။ အဲဒီပုဒ္မမွာ ကြၽန္ေတာ္ သူ႔ကို ဘာမွ နာက်င္ေအာင္မလုပ္ထားဘူး။

ကြၽန္ေတာ့္ဘက္က ထိခိုက္နစ္နာေအာင္ ဘာမွ မလုပ္ထားဘူးဆိုတာကို ရင္ဆိုင္ၿပီးမွာ ဒီအမႈကို ကြၽန္ေတာ္ ႏိုင္သြားၿပီဆိုရင္ေတာ့ သူ႔ကို ကိုယ့္ဂုဏ္သိကၡာေတြအတြက္ ဆက္လုပ္သြားမွာပါ” လို႔ သူက ဆိုပါတယ္။ အဲဒီေနာက္ သံစဥ္ေမာင္ရဲ႕ လက္က်ိဳးခဲ့တာကလည္း ေနေဒြးက သူလုပ္ခဲ့တာ

မဟုတ္တဲ့အေၾကာင္း မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုထားပါေသးတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီးေတာ့လည္း သက္ေသခိုင္ခိုင္မာမာရွိတယ္လို႔ ေနေဒြးက ေျပာပါတယ္။ “ လက္ႀကီးကို အပိုင္းပိုင္းျဖစ္ေအာင္ လုပ္တယ္ဆိုတာမ်ိဳးက ဘယ္လိုမွ လုပ္လို႔မွမရတာ။ သူအရင္က

ေျပာထားတာ ကြၽန္ေတာ္လုပ္တယ္လို႔ ေျပာတယ္၊ ဒီကိစၥကို ကြၽန္ေတာ့္ဘက္က ကားေမွာက္ထားတဲ့ ဒဏ္ရာပါလို႔ ျပန္ေျဖရွင္းလိုက္ေတာ့ သူ႔ရဲ႕ ေနာက္ထပ္ အင္တာဗ်ဴးေတြမွာ ကားေမွာက္တယ္ဆိုတဲ့ စကားျဖစ္သြားတယ္။ ဒါေတြဟာ စကားကြဲလြဲမႈေတြေပါ့ေနာ္။ ကြၽန္ေတာ္အခုခ်ိန္မွာ ေအးေအး

ေဆးေဆး လြတ္လြတ္လပ္လပ္ ေနတယ္ဆိုတာကလည္း ကြၽန္ေတာ့္ဘက္မွာ သက္ေသအေထာက္အထား အျပည့္အစုံရွိတယ္ေလ” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ ညေနပိုင္းက Road to Yellow Tail ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ လက္ရွိမွာေတာ့ ေနေဒြးဟာ ႐ုံးခ်ိန္းေတြ

တက္ေရာက္ျခင္းမရွိေသးဘူးလို႔ သိရပါတယ္။ တရားခြင္ကို သြားေရာက္ဖို႔ စာေရာက္လာရင္လည္း အမွန္အတိုင္း ေျပာျပသြားမယ္လို႔ သူက ဆိုပါတယ္။“႐ုံးခ်ိန္းဆိုတာ ကြၽန္ေတာ့္အတြက္ေတာ့ ဆင့္ေခၚစာလိုတယ္ခင္ဗ်။ သူတို႔ဘက္က ဆင့္ေခၚစာလာေပးတယ္ ကြၽန္ေတာ္႐ုံးခ်ိန္းတက္ရမယ္

ဆိုရင္ေတာ့ တက္မွာပါ။ အခုေတာ့ ေထြေထြထူးထူးဘာမွ မရွိေသးပါဘူး။ ကြၽန္ေတာ့္အလုပ္ကိုပဲ ကြၽန္ေတာ္ ႀကိဳးစားလုပ္ေနတယ္။ အမွန္တရားကေတာ့ တစ္ေန႔က်ရင္ အေျဖေပၚလာမွာပါပဲ။ ကြၽန္ေတာ့္မွာသာ သက္ေသမရွိဘူးဆိုရင္ ေတာ္ေတာ္ေၾကာက္ေနမိမွာ။ အလုပ္လည္း လုပ္လို႔ရမွာ

မဟုတ္သလို အျပင္လည္းထြက္လို႔ရမွာ မဟုတ္ဘူး။ ” လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။ေနေဒြးကို သ႐ုပ္ေဆာင္ သံစဥ္ေမာင္က ပုဒ္မ ၃၂၃ နဲ႔ ရန္ကင္းတရား႐ုံးမွာ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔က တရားစြဲဆိုလိုက္တာ ျဖစ္ပါတယ္။ ေနေဒြးကိုဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္

အားေပးလာခဲ့တာျဖစ္ပါတယ္။ သူ ကိုယ္တိုင္ကလည္း ထုတ္လုပ္ေရး တိုက္မ်ားစြာနဲ႔တြဲၿပီး စာခ်ဳပ္ခ်ဳပ္႐ိုက္ေနရတာျဖစ္တဲ့အတြက္ ပ႐ိုဂ်ဴဆာေတြစိတ္ႀကိဳက္႐ိုက္ေပးေနရတယ္လို႔ သိရပါတယ္။ သူကိုယ္တိုင္ကလည္း အရည္အေသြးျမႇင့္တဲ့ ဇာတ္ကားေကာင္းေတြကို ႐ိုက္ခ်င္တယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

Unicode

အမှုနိုင်ခဲ့ရင် ဂုဏ်သိက္ခာအတွက် ပြန်လည်တရားစွဲဆိုသွားမယ်။နေဒွေးကတော့ ရည်းစားဟောင်းဖြစ်သူ သံစဉ်မောင်ကို ထိခိုက်နာကျင်အောင် မလုပ်ခဲ့တာကြောင့် အမှုကိုအမှန်အတိုင်းရင်ဆိုင်သွားမယ်လို့ပြောပါတယ်။သရုပ်ဆောင်နေဒွေးကိုတော့ ရည်းစားဟောင်းဖြစ်သူ သံစဉ်မောင်ဘက်က

ထိခိုက်နာကျင်စေမှု ပုဒ်မ ၃၂၃ နဲ့ အမှုဖွင့်ထားတဲ့အပေါ် နေဒွေးဘက်ကလည်း အခုလို ပြောပြလာပါတယ်။ နေဒွေးကလည်း တရားစွဲဆိုခံထားရတဲ့အမှုကို ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပြီး အမှုနိုင်သွားရင် သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်လည်ပြီးတော့ တရားစွဲဆိုသွားမယ်လို့ အင်တာဗျူးတွေမှာ

ဖြေဆိုထားပါတယ်။ “လောလောဆယ်တော့ သူတို့ဘက်က ကျွန်တော့်ကို ပုဒ်မတက်ထားတာက ပုဒ်မ ၃၂၃ ဆိုတာ သာမန်နာကျင်စေမှု အနေနဲ့တက်ထားတယ်။ အဲဒါကိုလည်း အရင်ဆုံး ကျွန်တော် တရားရင်ဆိုင်မယ်။ အဲဒီပုဒ်မမှာ ကျွန်တော် သူ့ကို ဘာမှ နာကျင်အောင်မလုပ်ထားဘူး။

ကျွန်တော့်ဘက်က ထိခိုက်နစ်နာအောင် ဘာမှ မလုပ်ထားဘူးဆိုတာကို ရင်ဆိုင်ပြီးမှာ ဒီအမှုကို ကျွန်တော် နိုင်သွားပြီဆိုရင်တော့ သူ့ကို ကိုယ့်ဂုဏ်သိက္ခာတွေအတွက် ဆက်လုပ်သွားမှာပါ” လို့ သူက ဆိုပါတယ်။ အဲဒီနောက် သံစဉ်မောင်ရဲ့ လက်ကျိုးခဲ့တာကလည်း နေဒွေးက သူလုပ်ခဲ့တာ

မဟုတ်တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုထားပါသေးတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း သက်သေခိုင်ခိုင်မာမာရှိတယ်လို့ နေဒွေးက ပြောပါတယ်။ “ လက်ကြီးကို အပိုင်းပိုင်းဖြစ်အောင် လုပ်တယ်ဆိုတာမျိုးက ဘယ်လိုမှ လုပ်လို့မှမရတာ။ သူအရင်က

ပြောထားတာ ကျွန်တော်လုပ်တယ်လို့ ပြောတယ်၊ ဒီကိစ္စကို ကျွန်တော့်ဘက်က ကားမှောက်ထားတဲ့ ဒဏ်ရာပါလို့ ပြန်ဖြေရှင်းလိုက်တော့ သူ့ရဲ့ နောက်ထပ် အင်တာဗျူးတွေမှာ ကားမှောက်တယ်ဆိုတဲ့ စကားဖြစ်သွားတယ်။ ဒါတွေဟာ စကားကွဲလွဲမှုတွေပေါ့နော်။ ကျွန်တော်အခုချိန်မှာ အေးအေး

ဆေးဆေး လွတ်လွတ်လပ်လပ် နေတယ်ဆိုတာကလည်း ကျွန်တော့်ဘက်မှာ သက်သေအထောက်အထား အပြည့်အစုံရှိတယ်လေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက Road to Yellow Tail ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ လက်ရှိမှာတော့ နေဒွေးဟာ ရုံးချိန်းတွေ

တက်ရောက်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ တရားခွင်ကို သွားရောက်ဖို့ စာရောက်လာရင်လည်း အမှန်အတိုင်း ပြောပြသွားမယ်လို့ သူက ဆိုပါတယ်။“ရုံးချိန်းဆိုတာ ကျွန်တော့်အတွက်တော့ ဆင့်ခေါ်စာလိုတယ်ခင်ဗျ။ သူတို့ဘက်က ဆင့်ခေါ်စာလာပေးတယ် ကျွန်တော်ရုံးချိန်းတက်ရမယ်

ဆိုရင်တော့ တက်မှာပါ။ အခုတော့ ထွေထွေထူးထူးဘာမှ မရှိသေးပါဘူး။ ကျွန်တော့်အလုပ်ကိုပဲ ကျွန်တော် ကြိုးစားလုပ်နေတယ်။ အမှန်တရားကတော့ တစ်နေ့ကျရင် အဖြေပေါ်လာမှာပါပဲ။ ကျွန်တော့်မှာသာ သက်သေမရှိဘူးဆိုရင် တော်တော်ကြောက်နေမိမှာ။ အလုပ်လည်း လုပ်လို့ရမှာ

မဟုတ်သလို အပြင်လည်းထွက်လို့ရမှာ မဟုတ်ဘူး။ ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။နေဒွေးကို သရုပ်ဆောင် သံစဉ်မောင်က ပုဒ်မ ၃၂၃ နဲ့ ရန်ကင်းတရားရုံးမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ နေဒွေးကိုဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်

အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ထုတ်လုပ်ရေး တိုက်များစွာနဲ့တွဲပြီး စာချုပ်ချုပ်ရိုက်နေရတာဖြစ်တဲ့အတွက် ပရိုဂျူဆာတွေစိတ်ကြိုက်ရိုက်ပေးနေရတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်ကလည်း အရည်အသွေးမြှင့်တဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ချင်တယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။