မဲလုံးကို ပလပ်စတစ်ကျွေးပါ ဆိုတဲ့ အမှိုက်ကောက်ခြင်းအိုင်ဒီယာအသစ်
Zawgyi
Unicode
သိပ်ကောင်းတဲ့ အိုင်ဒီယာလေးပါအမှိုက်မပစ်ရတို့ အမှိုက်ကိုတောင်းထဲထည့်ပါတို့စသည်ဖြင့် ပြောနေကြတာ ကြာလာတော့ ဒီစကားလုံး
တွေက ရိုးအီလာသလိုဖြစ်လာပြီလေ။ ခုဒီရွာကျောင်းက ကလေးတွေကို ဘယ်လိုမျိုးCreative idea နဲ့ အမှိုက်ကောက်ကြသလဲ
ဆိုတော့ မဲလုံးကို ပလက်စတစ်အစာကျွေးပါဆိုပြီး မဲလုံးအတွက် ရွာလမ်းတစ်လျှောက် ကလေးတွေက ပလက်စတစ်တွေရှာဖွေကြပြီး
လိုက်ကောက်နေကြတာတွေ့ရတယ်။ အစကတော့ မဲလုံးဆိုတာ ဘာအကောင်လဲပေါ့ ခွေးလား ဘာလားပေါ့ နောက်တော့ တင်ထားတဲ့
ပုံတွေသေချာကြည့်မှ ကြွတ်ကြွတ်အိတ်နဲ့ပလက်စတစ်တွေ ထည့်လို့ရတဲ့ ငါးပုံသဏ္ဌာန်လုပ်ထားတဲ့ အမှိုက်တောင်းကြီးတစ်ခု
ဖြစ်နေလေရဲ့ ခုလိုပညာပေးတဲ့ လှုပ်ရှားမှုလေးကိုတော့ တော်တော်ကြွေတယ်ဗျာငွေကုန်ကြေးကျ မရှိပဲ ဖန်တီးထားတဲ့ Creative
အားကောင်းတဲ့သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လက်တွေ့ ပညာပေးအစီအစဉ်လေးဖြစ်နေလို့ ဝေမျှလိုက်ရပါတယ်။ ခရက်ဒစ်