ကေမာၻဇဘဏ္မွ ပါရမီတကၠသိုလ္အတြက္ ႏိုင္ငံတကာအဆင့္မီ ခန္းမေဆာင္တခု ေဆာက္လုပ္ရန္ အေမရိကန္ေဒၚလာ (၁) သန္း ပံ့ပိုးလႉဒါန္း

Zawgyi

ျမန္မာနိုင္ငံ၏ အႀကီးဆုံးပုဂၢလိကဘဏ္ျဖစ္သည့္ ကေမၻာဇဘဏ္သည္ ၂၀၂၂ ခုႏွစ္တြင္ စတင္ဖြင့္လွစ္မည့္ ပါရမီတကၠသိုလ္တြင္ နိုင္ငံတကာအဆင့္မီ ခန္းမေဆာင္တခု ေဆာက္လုပ္နိုင္ရန္ ပါရမီအႏုဝိဇၨာႏွင့္ သိပၸံပညာေဖာင္ေဒးရွင္း (ပါရမီေဖာင္ေဒးရွင္း) သို႔ အေမရိကန္ေဒၚလာ (၁) သန္း ပံ့ပိုးလွဴဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။

ကေမၻာဇဘဏ္၏ ယခုအႀကိမ္လွဴဒါန္းမႈသည္ ပါရမီေဖာင္ေဒးရွင္းသို႔ အမ်ားဆုံးထည့္ဝင္လွဴဒါန္းမႈမ်ားအတြင္း တခုအပါအဝင္ျဖစ္ၿပီး အဆင့္ျမင့္ ပညာေရးအင္စတီက်ဳစတင္တည္ေထာင္ခဲ့သည့္ ၂၀၁၇ ခုႏွစ္မွ စတင္၍ အျခားပံ့ပိုးကူညီမႈမ်ားကိုလည္း ျပဳလုပ္ေပးခဲ့သည္။

ပါရမီေဖာင္ေဒးရွင္းလက္ေအာက္ရွိ ပါရမီအင္စတီက်ဳသည္ လက္ရွိတြင္ ျမန္မာနိုင္ငံအႏွံ႔အျပားမွ လာေရာက္ပညာသင္ၾကား ၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ သိပၸံ၊ အႏုပညာႏွင့္ လူမႈေရးရာပညာရပ္မ်ားတြင္ ဘက္စုံထူးခၽြန္ေစရန္ သင္ၾကားပ်ိဳးေထာင္ေပးလ်က္ရွိၿပီ

း ပါရမီတကၠသိုလ္အျဖစ္ ရန္ကုန္ၿမိဳ႕၊ ေမွာ္ဘီၿမိဳ႕နယ္တြင္ဖြင့္လွစ္၍ ေက်ာင္းသား၊ ေက်ာင္းသူ အေရအတြက္ ပိုမိုလက္ခံသင္ၾကားေပးနိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိသည္။

ပါရမီတကၠသိုလ္သည္ အေမရိကန္နိုင္ငံရွိ ေကာလိပ္မ်ား၊ တကၠသိုလ္မ်ား၏ သင္ၾကားေရးနည္းစနစ္အတိုင္း သင္ၾကားပို႔ခ်ေပး မည့္ ျမန္မာနိုင္ငံ၏ ပထမဦးဆုံးေသာ အက်ိဳးအျမတ္မယူသည့္ အႏုဝိဇၨာႏွင့္ သိပၸံပညာတကၠသိုလ္တစ္ခု ျဖစ္သည္။

ကေမၻာဇဘဏ္တြင္း အသစ္ဖြဲ႕စည္းထားေသာ Social Purpose and Impact Partnerships Committee ၏ ေလ့လာ အကဲျဖတ္ အႀကံျပဳေထာက္ခံခ်က္အရ ယခုလႉဒါန္းေငြကို စာသင္ခန္း (၂၄) ခန္းအပါအ၀င္ လူေပါင္း (၄၅၀) ဆန႔္သည့္ ခန္းမေဆာင္ႀကီးတခု ေဆာက္လုပ္နိုင္ရန္အတြက္ ဦးတည္လွဴဒါန္းျခင္း ျဖစ္ေၾကာင္းသိရသည္။

“ကေမၻာဇ ခန္းမေဆာင္” ဟု အမည္ေခၚဆိုသတ္မွတ္မည့္ အဆိုပါခန္းမေဆာင္တြင္ ခမ္းနားသည့္ စင္ျမင့္တစ္ခု၊ ေနာက္ဆုံးေပၚ ေခတ္မီ ဗီဒီယို၊ အသံႏွင့္ အလင္းေရာင္ စနစ္မ်ားအျပင္ projector ခန္းတစ္ခုကို ေက်ာင္းတြင္းလႈပ္ရွားမႈ အမ်ိဳးမ်ိဳးအတြက္ လိုအပ္သလို အသုံးျပဳနိုင္ရန္ ထည့္သြင္းတည္ေဆာက္ထားမည္ ျဖစ္သည္။

အဆိုပါ ခန္းမေဆာင္ႀကီးတြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ သင္ၾကားေရး အေထာက္အကူျပဳ အခမ္းအနားမ်ား၊ ေဟာေျပာပြဲမ်ား၊ ပညာေရး ႏွီးေႏွာ ဖလွယ္ပြဲမ်ား၊ ျပပြဲမ်ား၊ ေပ်ာ္ပြဲရႊင္ပြဲမ်ား၊ ေက်ာင္းဆင္းပြဲ အခမ္းအနားမ်ား

၊ ဂုဏ္ျပဳပြဲမ်ား အပါအဝင္ အဖြဲ႕အစည္းအသီးသီးမွ ျပင္ပဧည့္သည္မ်ားႏွင့္အတူ ဆင္ႏႊဲလိုသည့္ လႈပ္ရွားမႈမ်ားစြာအတြက္ ပင္မစုေဝးရာေနရာတစ္ခု ျဖစ္လာမည္ ျဖစ္သည္။

Unicode

မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်မည့် ပါရမီတက္ကသိုလ်တွင် နိုင်ငံတကာအဆင့်မီ ခန်းမဆောင်တခု ဆောက်လုပ်နိုင်ရန် ပါရမီအနုဝိဇ္ဇာနှင့် သိပ္ပံပညာဖောင်ဒေးရှင်း (ပါရမီဖောင်ဒေးရှင်း) သို့ အမေရိကန်ဒေါ်လာ (၁) သန်း ပံ့ပိုးလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်၏ ယခုအကြိမ်လှူဒါန်းမှုသည် ပါရမီဖောင်ဒေးရှင်းသို့ အများဆုံးထည့်ဝင်လှူဒါန်းမှုများအတွင်း တခုအပါအဝင်ဖြစ်ပြီး အဆင့်မြင့် ပညာရေးအင်စတီကျုစတင်တည်ထောင်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ အခြားပံ့ပိုးကူညီမှုများကိုလည်း ပြုလုပ်ပေးခဲ့သည်။

ပါရမီဖောင်ဒေးရှင်းလက်အောက်ရှိ ပါရမီအင်စတီကျုသည် လက်ရှိတွင် မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်ပညာသင်ကြား ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် သိပ္ပံ၊ အနုပညာနှင့် လူမှုရေးရာပညာရပ်များတွင် ဘက်စုံထူးချွန်စေရန် သင်ကြားပျိုးထောင်ပေးလျက်ရှိပြီ

း ပါရမီတက္ကသိုလ်အဖြစ် ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူ အရေအတွက် ပိုမိုလက်ခံသင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ပါရမီတက္ကသိုလ်သည် အမေရိကန်နိုင်ငံရှိ ကောလိပ်များ၊ တက္ကသိုလ်များ၏ သင်ကြားရေးနည်းစနစ်အတိုင်း သင်ကြားပို့ချပေး မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အကျိုးအမြတ်မယူသည့် အနုဝိဇ္ဇာနှင့် သိပ္ပံပညာတက္ကသိုလ်တစ်ခု ဖြစ်သည်။

ကမ္ဘောဇဘဏ်တွင်း အသစ်ဖွဲ့စည်းထားသော Social Purpose and Impact Partnerships Committee ၏ လေ့လာ အကဲဖြတ် အကြံပြုထောက်ခံချက်အရ ယခုလှူဒါန်းငွေကို စာသင်ခန်း (၂၄) ခန်းအပါအဝင် လူပေါင်း (၄၅၀) ဆန့်သည့် ခန်းမဆောင်ကြီးတခု ဆောက်လုပ်နိုင်ရန်အတွက် ဦးတည်လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။

“ကမ္ဘောဇ ခန်းမဆောင်” ဟု အမည်ခေါ်ဆိုသတ်မှတ်မည့် အဆိုပါခန်းမဆောင်တွင် ခမ်းနားသည့် စင်မြင့်တစ်ခု၊ နောက်ဆုံးပေါ် ခေတ်မီ ဗီဒီယို၊ အသံနှင့် အလင်းရောင် စနစ်များအပြင် projector ခန်းတစ်ခုကို ကျောင်းတွင်းလှုပ်ရှားမှု အမျိုးမျိုးအတွက် လိုအပ်သလို အသုံးပြုနိုင်ရန် ထည့်သွင်းတည်ဆောက်ထားမည် ဖြစ်သည်။

အဆိုပါ ခန်းမဆောင်ကြီးတွင် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားရေး အထောက်အကူပြု အခမ်းအနားများ၊ ဟောပြောပွဲများ၊ ပညာရေး နှီးနှော ဖလှယ်ပွဲများ၊ ပြပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကျောင်းဆင်းပွဲ အခမ်းအနားများ

၊ ဂုဏ်ပြုပွဲများ အပါအဝင် အဖွဲ့အစည်းအသီးသီးမှ ပြင်ပဧည့်သည်များနှင့်အတူ ဆင်နွှဲလိုသည့် လှုပ်ရှားမှုများစွာအတွက် ပင်မစုဝေးရာနေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။