ဒီကနေ့မှာ အသက်(၄၈)နှစ်ပြည့်သွားတဲ့ ခိုင်သင်းကြည်
Zawgyi
Unicode
ဒီကနေ့ စက်တင်ဘာ (၂၇)ရက်နေ့ကတော့ သရုပ်ဆောင်မင်းသမီးချောလေး ခိုင်သင်းကြည်ရဲ့ မွေးနေ့လေးပါ။ ပရိသတ်တွေက မခိုင်လေးလို့ ချစ်စနိုးခေါ်ရတဲ့
မင်းသမီးချောလေးကတော့ ( 1971) ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒီနှစ် မွေးနေ့လေး ကတော့ မခိုင်လေးရဲ့ အသက်(၄၈)နှစ်ပြည့်မွေးနေ့လေးပါ။
မပွတ်ကျွတ် ဘ၀ နဲ့တည်းက ပရိသတ် အားပေးမှုကို ရလာခဲ့တာ အခုချိန်ထိပါ။ ကိုလွင်မိုးနဲ့ အရမ်းကို အတွဲညီတဲ့ မင်းသမီးတစ်ယောက် အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ သူမဟာ
အခုချိန်ထိလည်း မင်းသား ငယ်ငယ်လေးတွေနဲ့ အတူတူ တွဲပြီး သရုပ်ဆောင်လို့ရတဲ့ အထိ နုပျိုလှပသူပါ။ အပျိုတည်းက သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးက
အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်ရတဲ့ အထိလည်း ပြောင်းလဲ မသွားပဲ လှပနေတုန်းပါ။ သမီးထိပ်ထိပ်လေးနဲ့ ဆိုရင် ညီအစ်မတွေ လားလို့ တောင် ထင်ရပါတယ်။
မခိုင်လေးကတော့ သူမရဲ့ မွေးနေ့လေးမှာ ခင်ပွန်းဖြစ်သူဆီကနေ ရတဲ့ လက်ဆောင်လေးကို ထုတ်ပြလိုက်ပါတယ်။ ခိုင်သင်းကြည်က ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ
ကိုခန့်နိုင်ဆီက သူမရဲ့ နာမည်လေးနဲ့ I LOVE KTK ဆိုတဲ့ စာသားလေးပါတဲ့ Dior အိတ် လှလှလေးကို မွေးနေ့လက်ဆောင် ရရှိခဲ့တာ ဖြစ်ပါတယ်။
ခိုင်သင်းကြည်ရဲ့ အစ်မတွေကတော့ ခိုင်သင်းကြည်အတွက် နားကပ်လေးနဲ့ ချစ်စရာကောင်းတဲ့ မွေးနေ့ကိတ်လေးကို လက်ဆောင်ပေးခဲ့သလို
ပရိသတ်တွေကလည်း သူတို့ချစ်တဲ့ အိုက်ဒေါလ်ကြီး ခိုင်သင်းကြည်အတွက် မွေးနေ့လက်ဆောင်တွေ အသီးသီး ပေးခဲ့ပါတယ်။ ခရက်ဒစ်