“အိမ်ထောင်သက်(၂၁)နှစ်ပြည့်မှာ ဘောလုံးကွင်းတစ်ခုလုံးငှားပြီး နေကြာပန်းတွေနဲ့ စပရိုက်လုပ်ခံလိုက်ရတဲ့ စမိုင်းလ်”

Zawgyi







Unicode

စမိုင်းလ်တို့လင်မယားစုံတွဲကတော့ မြန်မာနိုင်ငံဆယ်လီအိမ်ထောင်ရှင်စုံတွဲတွေထဲက ပရိသတ်တွေချစ်ရတဲ့ အိမ်ထောင်ရှင်စုံတွဲလို့ပြောရင်မှားမယ်မထင်ပါဘူးနော်.. စမိုင်းလ်ကတော့ အိမ်ထောင်မကျခင်က အနုပညာအလုပ်လေးတွေလုပ်ခဲ့ပြီး ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျတဲ့နောက်မှာတော့ ခင်ပွန်းနဲ့အတူ အေးအတူပူအမျှနေကာ အနုပညာအလုပ်ကို ရပ်နားခဲ့တာပါ..။

စမိုင်းလ်ကတော့ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ သမီးချောလေးနှစ်ယောက်နဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်နော်..။ သွားအတူလာအတူနဲ့ အလှူအတန်းတွေကိုလည်း အတူတူလုပ်ကိုင်တဲ့ လိုက်ဖက်ညီပြီး အားကျဖို့ကောင်းတဲ့ စုံတွဲတစ်တွဲလို့ပြောရင်မှားမယ်မထင်ပါဘူး..။

မင်္ဂလာသက်တမ်း(၂၁)နှစ်ပြည့်မှာတော့ စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ဟာ Yangon United Sports Cpmplex(YUSC)ရဲ့ မြက်ခင်းတုကွင်းကြီးငှားကာ နေကြာပန်းတွေနဲက ခမ်းခမ်းနားနားအလှဆင်ကာ နိုင်ငံကျော် Rock Band တစ်ခုဖြစ်တဲ့ Idiots အဖွဲရဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ စပရိုက်အကြီးအကျယ် လုပ်ခဲ့တာလည်းဖြစ်ပါတယ်။

နိုင်ငံကျော်မင်းသမီးချော စမိုင်းလ်ကတော့ “ရူးနေပြီမောင်ရေ no more surprise pls” ဆိုပြီး Idiots အဖွဲရဲ့ ဖျော်ဖြေတင်ဆက်နေတဲ ပုံလေးသာရိုက်ပြီးသူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားကာ ပရိသတ်တွေကတော့ စမိုင်းလ်တို့ဇနီးမောင်နှံရဲ့ (၂၁)နှစ်ပြည့်မင်္ဂလာသက်တမ်းလေးကို ဂုဏ်ပြုစကားဆိုနေကြတာလည်းဖြစ်ပါတယ်။

အိမ်ထောင်သက်(၂၁)နှစ်ပြည့်မှာ ဘောလုံးကွင်းတစ်ခုလုံးငှားပြီး နေကြာပန်းတွေနဲ့ စပရိုက်လုပ်ခံလိုက်ရတဲ့ အကြောင်းကိုတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ Live လွှင့်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ ကျရောက်တဲ့ မင်္ဂလာသက်တမ်း အနှစ် (၂၁) ပြည့်မှာ ဘောလုံးကွင်းတစ်ခုလုံးငှားပြီး နေကြာပန်းတွေနဲ့ စပရိုက်လုပ်ခံလိုက်ရတာနော်။