အခ်စ္ေရးသတင္းေတြေၾကာင့္ ခင္မင္မႈမွာ အေႏွာက္အယွက္မျဖစ္ဘူးဆိုတဲ့ ယြန္းယြန္း

Zawgyi

အုပ္စိုးခန႔္နဲ႔ ခ်စ္သူေတြ ျဖစ္ေနၾကၿပီဆိုတဲ့ သတင္းေတြထြက္ခဲ့ဖူးတယ္။ယြန္းယြန္းကေတာ့ အုပ္စိုးခန႔္နဲ႔ အတူတြဲၿပီး ေၾကာ္ျငာဓာတ္ပုံေတြ ႐ိုက္ကူးျဖစ္တဲ့အေၾကာင္းေျပာျပလာပါတယ္။ အရင္တုန္းက တစ္ေယာက္နဲ႔တစ္ေယာက္ တြဲေနၾကတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ခဲ့ဖူးပါတယ္။

သ႐ုပ္ေဆာင္ ယြန္းယြန္းကေတာ့ အုပ္စိုးခန႔္နဲ႔အတူတြဲၿပီး စုံတြဲဓာတ္ပုံေလးေတြ ႐ိုက္ျဖစ္တဲ့ အေၾကာင္း ေျပာျပလာပါတယ္။ ႏွစ္ေယာက္အတူတြဲၿပီး ႐ိုက္ကူးေရးေတြ သိပ္မလုပ္ျဖစ္ဘူးလို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

“အုပ္စိုးခန႔္နဲ႔က MTV ႐ိုက္ၿပီးကတည္းက အတူတူ႐ိုက္ကူးေရး မလုပ္ျဖစ္တာၾကာၿပီ။ ပြဲတက္တာေလးေတြေတာ့ ရွိေပမယ့္ ေၾကာ္ျငာေလးေတြလည္း ျပန္႐ိုက္ျဖစ္တယ္။ အခုလည္း သူနဲ႔ Valentine’s Special Photo ေလးေတြ႐ိုက္ျဖစ္တယ္။

အဲဒီပုံေလးေတြထြက္လာေတာ့ လူေတြက ဒီပုံေတြနဲ႔ ေနာက္ၾကတာေပါ့ေလ။ သူတို႔ ဒီပုံေလးေတြၾကည့္ၿပီး ေပ်ာ္ေနၾကတယ္လို႔ပဲ ေတြးလိုက္ပါတယ္”လို႔ ေျပာျပရင္း ရယ္ေမာခဲ့ပါေသးတယ္။

အရင္တုန္းကေတာ့ ယြန္းယြန္းနဲ႔ အုပ္စိုးခန႔္တို႔ အတူတြဲၿပီး႐ိုက္ကူးေရးေတြ လုပ္တဲ့အခ်ိန္မွာ ခ်စ္သူေတြျဖစ္ေနၾကတယ္လို႔လည္း သတင္းေတြ ထြက္ေပၚခဲ့ဖူးပါတယ္။ ဒီလို သတင္းေတြေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ခင္မင္မႈမပ်က္ခဲ့ဘူးလို႔ ယြန္းယြန္းက ေျပာပါတယ္။

“ ႏွစ္ေယာက္သား တြဲေနၾကတယ္ဆိုတဲ့ သတင္းေတြေၾကာင့္တစ္ေယာက္နဲ႔တစ္ေယာက္ ခင္မင္မႈမွာ အေႏွာက္အယွက္မျဖစ္ပါဘူး။ ညီမတို႔ကလည္း လူငယ္ေတြျဖစ္တယ္ ဒီလိုအေၾကာင္းအရာေတြနဲ႔လည္း ေနသားက်ေနၿပီဆိုေတာ့ ထူးထူးျခားျခားေတာ့ မခံစားရပါဘူး” ဆိုၿပီးေတာ့ House Of Beauty ဆိုင္ဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ယြန္းယြန္းဟာ ဗီဒီယို ဇာတ္ကားေပါင္း (၃၀၀)ေက်ာ္နဲ႔ ႐ုပ္ရွင္ဇာတ္ကား(၃၀)ေက်ာ္ ႐ိုက္ကူးထားႏိုင္သူ ကေလး သ႐ုပ္ေဆာင္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက က်ရာဇာတ္႐ုပ္ေတြကို ပိုင္ႏိုင္စြာ သ႐ုပ္ေဆာင္ႏိုင္တဲ့ သူမဟာ ၂၀၁၂ခုႏွစ္က “တိမ္မင္းသမီးရဲ႕ ဒ႑ရီ”႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံးကေလးသ႐ုပ္ေဆာင္ဆု(အထူးဆု)ကို ပိုင္ဆိုင္ခဲ့သူျဖစ္ပါတယ္။

အဲ့ဒီေနာက္ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ကေလးသ႐ုပ္ေဆာင္ေနရာက ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ ထို႔ေနာက္ ႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ရင္းနဲ႔ ပညာေရးဘက္ကိုလည္း အားသြန္ခြန္စိုက္ ႀကိဳးစားခဲ့တာေၾကာင့္ ၂၀၁၆ ခုႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲကို ဂုဏ္ထူးႏွစ္ခုနဲ႔ ေအာင္ျမင္ခဲ့ပါတယ္။

သူမဟာ သ႐ုပ္ေဆာင္အလုပ္သာမက ပညာေရးမွာလည္း ထူးခြၽန္သူတစ္ဦးျဖစ္ပါတယ္။ ယြန္းယြန္းက ၂၀၁၆-၂၀၁၇ ခုႏွစ္ ပညာသင္ႏွစ္ စိတ္ပညာဌာနရဲ႕ ပထမႏွစ္သင္တန္းမွာ ပညာရည္ခြၽန္ ဒုတိယဆုရရွိခဲ့ပါတယ္

Unicode

အုပ်စိုးခန့်နဲ့ ချစ်သူတွေ ဖြစ်နေကြပြီဆိုတဲ့ သတင်းတွေထွက်ခဲ့ဖူးတယ်။ယွန်းယွန်းကတော့ အုပ်စိုးခန့်နဲ့ အတူတွဲပြီး ကြော်ငြာဓာတ်ပုံတွေ ရိုက်ကူးဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် တွဲနေကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။

သရုပ်ဆောင် ယွန်းယွန်းကတော့ အုပ်စိုးခန့်နဲ့အတူတွဲပြီး စုံတွဲဓာတ်ပုံလေးတွေ ရိုက်ဖြစ်တဲ့ အကြောင်း ပြောပြလာပါတယ်။ နှစ်ယောက်အတူတွဲပြီး ရိုက်ကူးရေးတွေ သိပ်မလုပ်ဖြစ်ဘူးလို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“အုပ်စိုးခန့်နဲ့က MTV ရိုက်ပြီးကတည်းက အတူတူရိုက်ကူးရေး မလုပ်ဖြစ်တာကြာပြီ။ ပွဲတက်တာလေးတွေတော့ ရှိပေမယ့် ကြော်ငြာလေးတွေလည်း ပြန်ရိုက်ဖြစ်တယ်။ အခုလည်း သူနဲ့ Valentine’s Special Photo လေးတွေရိုက်ဖြစ်တယ်။

အဲဒီပုံလေးတွေထွက်လာတော့ လူတွေက ဒီပုံတွေနဲ့ နောက်ကြတာပေါ့လေ။ သူတို့ ဒီပုံလေးတွေကြည့်ပြီး ပျော်နေကြတယ်လို့ပဲ တွေးလိုက်ပါတယ်”လို့ ပြောပြရင်း ရယ်မောခဲ့ပါသေးတယ်။

အရင်တုန်းကတော့ ယွန်းယွန်းနဲ့ အုပ်စိုးခန့်တို့ အတူတွဲပြီးရိုက်ကူးရေးတွေ လုပ်တဲ့အချိန်မှာ ချစ်သူတွေဖြစ်နေကြတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီလို သတင်းတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုမပျက်ခဲ့ဘူးလို့ ယွန်းယွန်းက ပြောပါတယ်။

“ နှစ်ယောက်သား တွဲနေကြတယ်ဆိုတဲ့ သတင်းတွေကြောင့်တစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုမှာ အနှောက်အယှက်မဖြစ်ပါဘူး။ ညီမတို့ကလည်း လူငယ်တွေဖြစ်တယ် ဒီလိုအကြောင်းအရာတွေနဲ့လည်း နေသားကျနေပြီဆိုတော့ ထူးထူးခြားခြားတော့ မခံစားရပါဘူး” ဆိုပြီးတော့ House Of Beauty ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေး သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ကလေးသရုပ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ရင်းနဲ့ ပညာရေးဘက်ကိုလည်း အားသွန်ခွန်စိုက် ကြိုးစားခဲ့တာကြောင့် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးနှစ်ခုနဲ့ အောင်မြင်ခဲ့ပါတယ်။

သူမဟာ သရုပ်ဆောင်အလုပ်သာမက ပညာရေးမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ယွန်းယွန်းက ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် စိတ်ပညာဌာနရဲ့ ပထမနှစ်သင်တန်းမှာ ပညာရည်ချွန် ဒုတိယဆုရရှိခဲ့ပါတယ်