လုပ္ေဖာ္ကိုင္ဖက္ ဇာတ္ပို ့သ႐ုပ္ေဆာင္ေတြကို မုန႔္ဖိုးေပးခဲ့တဲ့ ေျပတီဦး

Zawgyi

ဇာတ္ကား႐ိုက္ရင္လည္း ႐ိုက္သလို၊ အျပင္မွာေတြ႕ရင္လည္း ေတြ႕သလို မုန႔္ဖိုးေပးတတ္သူပါ။ေျပတီဦးကေတာ့ သူခ်စ္ရတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြကို မုန႔္ဖိုးေတြ ေပးခဲ့တယ္လို႔ သိရပါတယ္။ သူေပးတဲ့ မုန႔္ဖိုးေၾကာင့္လည္း အားလုံးေပ်ာ္႐ႊင္ခဲ့ၾကတာကို ေတြ႕ရပါတယ္။

ေျပတီဦးကေတာ့ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးျဖစ္တဲ့ဇာတ္ပို႔သ႐ုပ္ေဆာင္ သူငယ္ခ်င္းရဲ႕ မဂၤလာပြဲကို တက္ေရာက္ရင္း မဂၤလာပြဲကိုလာတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေတြ႕ဆုံခဲ့ၾကတယ္လို႔ဆိုပါတယ္။ တစ္ေယာက္ကို မုန႔္ဖိုး တစ္ေသာင္းစီ ေပးခဲ့တာလည္း ေတြ႕ရပါတယ္။

“ကြၽန္ေတာ္ခ်စ္တဲ့ ဇာတ္ပို႔ သ႐ုပ္ေဆာင္ေတကေတာ့ ကြၽန္ေတာ့္ကိုျမင္တာနဲ႔ မုန႔္ဖိုးေတာင္းရမယ္လို႔ ခိုင္ခိုင္မာမာ ဆုံးျဖတ္ထားၾကတယ္ ထင္ပါတယ္။ေခါင္းေဆာင္ကေတာ့ ဒါ႐ိုက္တာမိေပါက္ေပါ့ေလ။ ကြၽန္ေတာ္ကလဲ ကြၽန္ေတာ္ခ်စ္တဲ့သူေတကို ေပးေနရရင္ကိုေပ်ာ္တာဆိုေတာ့ေလ။

ကြၽန္ေတာ္တို႔ေတြ ေနာက္ဆုံးအခ်ိန္ထိ ဒီလူေတနဲ႔ အခုလိုပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ခ်စ္ခ်စ္ခင္ခင္ ေနသြားခ်င္ပါတယ္ Love u all” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ ေန႔လယ္ပိုင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ပါတယ္။

ေျပတီဦးကေတာ့ အလုပ္ခဏအားတုန္းေလး ကေလးေတြကို ထိန္းေနတယ္လို႔ဆိုပါတယ္။ ဇနီးေခ်ာေလး အိျႏၵာေက်ာ္ဇင္က ဘာလီကြၽန္းမွာ ႐ုပ္ရွင္သြား႐ိုက္ေနပါတယ္တဲ့။ ကေလး ထိန္းရတာ သူ႔အတြက္ မခက္ခဲဘူးလို႔အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။“ မအူဝဲက ဘာလီမွာ ဇာတ္ကားသြား႐ိုက္ေတာ့ အစ္ကိုက ကေလးထိန္းတာေပါ့။

ၿပီးရင္ အစ္ကိုလည္း ခရီးထြက္ရဦးမွာ။ ကိုယ္ေတြ ခရီးသြားလို႔ သားနဲ႔သမီး အိမ္မွာက်န္ခဲ့လည္း အဆင္ေျပတယ္။ သူတို႔ႏွစ္ေယာက္က ငယ္ငယ္ကတည္းက အေဖနဲ႔အေမ ခရီးသြားရင္ မသြားပါနဲ႔လိုက္ခ်င္တယ္ဆိုတာမ်ိဳး မရွိဘူး။ အိမ္မွာ အဘြားေတြ၊ သူ႔အေဒၚေတြ၊ ေမာင္ႏွမ ဝမ္းကြဲေတြက်န္ခဲ့တာဆိုေတာ့ သူတို႔ကို တည့္ေအာင္ေပါင္းတာ” လို႔ သူကဆိုပါတယ္။

ေျပတီဦး နဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဟာ အခုဆိုရင္ေတာ့ သုဒၵါ ႐ုပ္ရွင္ထုတ္လုပ္ေရးကိုလည္း တည္ေထာင္ထားၿပီျဖစ္ပါတယ္။ ေျပတီဦးကေတာ့၂၀၁၀ ခုႏွစ္ မွာ ”အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ၊ ၂၀၁၂ ခုႏွစ္မွာ “လက္ပံ”၊ ၂၀၁၃ ခုႏွစ္မွာ ”နင္ေစရင္”၊ ၂၀၁၄ ခုႏွစ္” မွာ ႏွလုံးသားျဖင့္ျပဳလုပ္သည္” စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့သူ တစ္ဦးျဖစ္ပါတယ္။

အိျႏၵာေက်ာ္ဇင္ကေတာ့၂၀၀၄ ခုႏွစ္မွာ “မ်က္ႏွာမ်ားတဲ့ မိုးေကာင္းကင္”၊ ၂၀၁၇ခုႏွစ္မွာ “ရင္ဘက္ထဲကဓား” တို႔နဲ႔ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုေတြကို ပိုင္ဆိုင္ႏိုင္ခဲ့သူပါ။

Unicode

ဇာတ်ကားရိုက်ရင်လည်း ရိုက်သလို၊ အပြင်မှာတွေ့ရင်လည်း တွေ့သလို မုန့်ဖိုးပေးတတ်သူပါ။ပြေတီဦးကတော့ သူချစ်ရတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကို မုန့်ဖိုးတွေ ပေးခဲ့တယ်လို့ သိရပါတယ်။ သူပေးတဲ့ မုန့်ဖိုးကြောင့်လည်း အားလုံးပျော်ရွှင်ခဲ့ကြတာကို တွေ့ရပါတယ်။

ပြေတီဦးကတော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ဇာတ်ပို့သရုပ်ဆောင် သူငယ်ချင်းရဲ့ မင်္ဂလာပွဲကို တက်ရောက်ရင်း မင်္ဂလာပွဲကိုလာတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံခဲ့ကြတယ်လို့ဆိုပါတယ်။ တစ်ယောက်ကို မုန့်ဖိုး တစ်သောင်းစီ ပေးခဲ့တာလည်း တွေ့ရပါတယ်။

“ကျွန်တော်ချစ်တဲ့ ဇာတ်ပို့ သရုပ်ဆောင်တေကတော့ ကျွန်တော့်ကိုမြင်တာနဲ့ မုန့်ဖိုးတောင်းရမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားကြတယ် ထင်ပါတယ်။ခေါင်းဆောင်ကတော့ ဒါရိုက်တာမိပေါက်ပေါ့လေ။ ကျွန်တော်ကလဲ ကျွန်တော်ချစ်တဲ့သူတေကို ပေးနေရရင်ကိုပျော်တာဆိုတော့လေ။

ကျွန်တော်တို့တွေ နောက်ဆုံးအချိန်ထိ ဒီလူတေနဲ့ အခုလိုပဲ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နေသွားချင်ပါတယ် Love u all” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

ပြေတီဦးကတော့ အလုပ်ခဏအားတုန်းလေး ကလေးတွေကို ထိန်းနေတယ်လို့ဆိုပါတယ်။ ဇနီးချောလေး အိန္ဒြာကျော်ဇင်က ဘာလီကျွန်းမှာ ရုပ်ရှင်သွားရိုက်နေပါတယ်တဲ့။ ကလေး ထိန်းရတာ သူ့အတွက် မခက်ခဲဘူးလို့အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။“ မအူဝဲက ဘာလီမှာ ဇာတ်ကားသွားရိုက်တော့ အစ်ကိုက ကလေးထိန်းတာပေါ့။

ပြီးရင် အစ်ကိုလည်း ခရီးထွက်ရဦးမှာ။ ကိုယ်တွေ ခရီးသွားလို့ သားနဲ့သမီး အိမ်မှာကျန်ခဲ့လည်း အဆင်ပြေတယ်။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အဖေနဲ့အမေ ခရီးသွားရင် မသွားပါနဲ့လိုက်ချင်တယ်ဆိုတာမျိုး မရှိဘူး။ အိမ်မှာ အဘွားတွေ၊ သူ့အဒေါ်တွေ၊ မောင်နှမ ဝမ်းကွဲတွေကျန်ခဲ့တာဆိုတော့ သူတို့ကို တည့်အောင်ပေါင်းတာ” လို့ သူကဆိုပါတယ်။

ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ဟာ အခုဆိုရင်တော့ သုဒ္ဒါ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီဖြစ်ပါတယ်။ ပြေတီဦးကတော့၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့ မိုးကောင်းကင်”၊ ၂၀၁၇ခုနှစ်မှာ “ရင်ဘက်ထဲကဓား” တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။