သူတို့ဇနီးမောင်နှံ ရဲ့ ချစ်သက်တမ်း နှစ်(၂၀)ပြည့် ဖြစ်ကြောင်း ရိုမန့်တစ်ဆန်ဆန်ပြောလာတဲ့ ဇဏ်ခီ

Zawgyi







Unicode

ဇဏ်ခီ က ” မင်းနဲ့ ပထမဆုံး တွေ့တဲ့အချိန်တုန်းက ကိုယ်က လေလွင့်နေခဲ့တယ်။ မင်းက ကိုယ့်ကို လက်တွဲခဲ့ပြီး ချစ်ခြင်းမေတ္တာတွေပေးခဲ့တယ်နော်။

အဲဒီနောက်ပြီး မင်းရဲ့ဒဏ်ရာတွေကို ကိုယ်လည်း ရှာတွေ့ခဲ့ပြီး ကိုယ့်နှလုံးသားကို ပေးအပ်ခဲ့တာမလား။

ဒီလိုနဲ့ပဲ နှစ် (၂၀) ဆိုတဲ့ကာလကို ကုန်ဆုံးသွားခဲ့ပြီ။ ဒီနေ့မှာတော့ ကိုယ်ဟာ မင်းဘေးနားမှာရှိနေပြီး မင်းဟာလည်း ကိုယ့်ရဲ့နှလုံးသားထဲမှာ နေရာယူထားခဲ့တယ်။ ဒါက အပေါ်ယံမဟုတ်ပါဘူး။

ကိုယ်တို့နှစ်ယောက်ရဲ့ ခရီးလမ်းဟာ ဘယ်တုန်းကမှ ဘယ်လိုနည်းနဲ့မှ မချောမွေ့ခဲ့ဘူးဆိုတာ ကိုယ်တို့ ကောင်းကောင်းသိခဲ့တယ်။ အရာအားလုံးကို အစက ပြန်စရမယ်ဆိုရင်လည်း ကိုယ့်နှလုံးသားထဲမှာ မင်းပဲ နေရာယူလိမ့်မယ် Mrs.Kyi။

ဒီနေ့ကတော့ ကိုယ်တို့နှစ်ယောက်ရဲ့ နှစ် (၂၀) ပြည့် နှစ်ပတ်လည်လေးပါ။

မင်းနဲ့အတူ နောက်ထပ် နှစ် (၂၀) ဖြစ်ဖြစ်၊ အဲဒီထက်ပိုတဲ့နှစ်ပေါင်းများစွာ ဖြတ်သန်းဖို့ ရိုမန့်တစ်ဆန်ဆန် ပြောထားပါတယ်။