ထိုင္းမွာျဖစ္ပြားခဲ့တဲ့ ေသနတ္သမားရဲ႕လက္မွ လူ ၈ ေယာက္အသက္ကိုကယ္တင္ခဲ့တဲ့ သူရဲေကာင္းေလး

Zawgyi

ထိုင္းႏိုင္ငံရဲ႕ အဆိုးဝါးဆုံး ေသနတ္နဲ႔ ပစ္ခတ္ခဲ့မႈမွာ ေသနတ္အမားအပါအဝင္ စုစုေပါင္း ၃၀ ဦးေသဆုံးခဲ့ပါတယ္။ လူေပါင္း ၅၈ေယာက္ ဒဏ္ရာရရွိခဲ့ၿပီး ထိုအထဲကမွ ၁၈ႏွစ္အ႐ြယ္ ေက်ာင္းသားေလးတစ္ဦး ေသဆုံးခဲ့ပါတယ္။

အဆိုပါျဖစ္ရပ္ဟာ ေဖေဖာ္ဝါရီလ ၈ရက္နဲ႔၉ရက္ေန႔က Nakhon Ratchasima ရွိ Terminal 21 မွာျဖစ္ပြားခဲ့တာပါ။ ပစ္ခတ္ခံရသူေတြထဲက Ativa လို႔ေခၚတဲ့ ေကာင္ေလးတစ္ေယာက္က

လူ ၈ေယာက္ကိုကယ္တင္ခဲ့တဲ့ သူရဲေကာင္းျဖစ္ခဲ့ေပမယ့္ ကံမေကာင္းစြာနဲ႔ သူလည္းေသဆုံးခဲ့ရပါတယ္လို႔ China Press ကေဖာ္ျပထားပါတယ္။

ၾကမၼာငင္တဲ့ေန႔မွာေတာ့ ေသနတ္သမားဟာ ကုန္တိုက္ထဲက ေရခဲခန္းထဲသို႔ လြတ္ေျမာက္သြားခဲ့ၿပီး Ativa နဲ႔မ်က္ႏွာခ်င္းဆိုင္ ေတြ႕ခဲ့တာပါ။ အခန္းထဲမွာ သူ႔အျပင္ လူ၈ေယာက္ရွိေနခဲ့ၿပီး သတၱိေကာင္းလြန္းတဲ့ လူငယ္ေလးက ေသနတ္သမားအခန္းထဲကိုဝင္လို႔မရေအာင္ တံခါးပိတ္ဆို႔ဖို႔ႀကိဳးစားပါေတာ့တယ္။

အဲဒီအခ်ိန္တိုေလးအတြင္းမွာ လူငယ္ေလးဟာ ရသေလာက္ႀကိဳးစားပိတ္ဆို႔ခဲ့ေပမယ့္ ေသနတ္သမားကိုမယွဥ္ႏိုင္ဘဲ ပစ္သတ္ခံလိုက္ရပါေတာ့တယ္။ Ariva ရဲ႕ ႀကိဳးစားအားထုတ္မႈေၾကာင့္ ေသနတ္သမား အာ႐ုံေျပာင္းသြားခဲ့တာေၾကာင့္ က်န္တဲ့လူ ၈ေယာက္ကလြတ္ေျမာက္သြားခဲ့ပါတယ္။

Ativa ရဲ႕ ၇၃ ႏွစ္ရွိၿပီျဖစ္တဲ့ အဘြားက သူဟာအထက္တန္းေက်ာင္းၿပီးခါစပဲရွိေသးၿပီး ေက်ာင္းသားျဖစ္ေနဆဲပါလို႔ ဆို႔နစ္ေၾကကြဲစြာေျပာဆိုခဲ့ပါတယ္။ သူ႔ရဲ႕အေမဟာ သူေကာလိပ္တက္ႏိုင္ေအာင္ Terminal 21 မွာ သန႔္ရွင္းေရးဝန္ထမ္းလုပ္ေနခဲ့တာပါ။

သူဟာ ဘယ္ေတာ့မွျပန္ခံေျပာေလ့မရွိဘဲ ႐ိုက်ိဳးၿပီး အေနေအးတဲ့ကေလးပါလို႔ Ativa ရဲ႕အဘြားကေျပာခဲ့ပါေသးတယ္။ “ဒီလိုအေနေအးၿပီး ရွက္တတ္တဲ့ သူ႔ေျမးေလးဟာ ဒီလိုအျဖစ္ဆိုးနဲ႔ႀကဳံေတြ႕ရမယ္လို႔ မေတြးခဲ့ဘူးေၾကာင္း၊

သူမရဲ႕ေျမးေလးဟာ ေသနတ္သမားရဲ႕သားေကာင္ျဖစ္သြားတာကိုလည္း သတင္းေတြမၾကည့္ျဖစ္ခဲ့တာေၾကာင့္ မသိခဲ့ေသးေၾကာင္းနဲ႔ အိမ္နီးခ်င္းက သူမဆီလာေျပာေတာ့မွ သိခဲ့ရေၾကာင္း” ဆိုပါတယ္။

ဝမ္းနည္းပက္လက္ျဖစ္ေနတဲ့ အဘြားက “သူ႔ေျမးေလးဟာ အနာဂတ္မွာ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ရွင္သန္ေနထိုင္သင့္ပါလ်က္နဲ႔ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ပစ္သတ္ခံခဲ့ရတာေၾကာင့္ မျဖစ္ႏိုင္ေတာ့ေၾကာင္း၊

ထိုင္းအစိုးရအေနနဲ႔လည္း ပစ္ခတ္တိုက္ခိုက္မႈခံခဲ့ရတဲ့ မိသားစုေတြကို အကူအညီေပးဖို႔ေမွ်ာ္လင့္ေၾကာင္း” ေျပာဆိုခဲ့ပါတယ္။ေကာင္းရာသုဂတိလားပါေစ Ativa, သင့္ရဲ႕ ရဲရင့္လြန္းတဲ့ လုပ္ရပ္ေၾကာင့္ လူ၈ေယာက္အသက္ေဘးကလြတ္ခဲ့ရတဲ့အတြက္ သူရဲေကာင္းအမည္ခံထိုက္ပါတယ္။

Unicode

ထိုင်းနိုင်ငံရဲ့ အဆိုးဝါးဆုံး သေနတ်နဲ့ ပစ်ခတ်ခဲ့မှုမှာ သေနတ်အမားအပါအဝင် စုစုပေါင်း ၃၀ ဦးသေဆုံးခဲ့ပါတယ်။ လူပေါင်း ၅၈ယောက် ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲကမှ ၁၈နှစ်အရွယ် ကျောင်းသားလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ဖေဖော်ဝါရီလ ၈ရက်နဲ့၉ရက်နေ့က Nakhon Ratchasima ရှိ Terminal 21 မှာဖြစ်ပွားခဲ့တာပါ။ ပစ်ခတ်ခံရသူတွေထဲက Ativa လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်က

လူ ၈ယောက်ကိုကယ်တင်ခဲ့တဲ့ သူရဲကောင်းဖြစ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ သူလည်းသေဆုံးခဲ့ရပါတယ်လို့ China Press ကဖော်ပြထားပါတယ်။

ကြမ္မာငင်တဲ့နေ့မှာတော့ သေနတ်သမားဟာ ကုန်တိုက်ထဲက ရေခဲခန်းထဲသို့ လွတ်မြောက်သွားခဲ့ပြီး Ativa နဲ့မျက်နှာချင်းဆိုင် တွေ့ခဲ့တာပါ။ အခန်းထဲမှာ သူ့အပြင် လူ၈ယောက်ရှိနေခဲ့ပြီး သတ္တိကောင်းလွန်းတဲ့ လူငယ်လေးက သေနတ်သမားအခန်းထဲကိုဝင်လို့မရအောင် တံခါးပိတ်ဆို့ဖို့ကြိုးစားပါတော့တယ်။

အဲဒီအချိန်တိုလေးအတွင်းမှာ လူငယ်လေးဟာ ရသလောက်ကြိုးစားပိတ်ဆို့ခဲ့ပေမယ့် သေနတ်သမားကိုမယှဉ်နိုင်ဘဲ ပစ်သတ်ခံလိုက်ရပါတော့တယ်။ Ariva ရဲ့ ကြိုးစားအားထုတ်မှုကြောင့် သေနတ်သမား အာရုံပြောင်းသွားခဲ့တာကြောင့် ကျန်တဲ့လူ ၈ယောက်ကလွတ်မြောက်သွားခဲ့ပါတယ်။

Ativa ရဲ့ ၇၃ နှစ်ရှိပြီဖြစ်တဲ့ အဘွားက သူဟာအထက်တန်းကျောင်းပြီးခါစပဲရှိသေးပြီး ကျောင်းသားဖြစ်နေဆဲပါလို့ ဆို့နစ်ကြေကွဲစွာပြောဆိုခဲ့ပါတယ်။ သူ့ရဲ့အမေဟာ သူကောလိပ်တက်နိုင်အောင် Terminal 21 မှာ သန့်ရှင်းရေးဝန်ထမ်းလုပ်နေခဲ့တာပါ။

သူဟာ ဘယ်တော့မှပြန်ခံပြောလေ့မရှိဘဲ ရိုကျိုးပြီး အနေအေးတဲ့ကလေးပါလို့ Ativa ရဲ့အဘွားကပြောခဲ့ပါသေးတယ်။ “ဒီလိုအနေအေးပြီး ရှက်တတ်တဲ့ သူ့မြေးလေးဟာ ဒီလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ရမယ်လို့ မတွေးခဲ့ဘူးကြောင်း၊

သူမရဲ့မြေးလေးဟာ သေနတ်သမားရဲ့သားကောင်ဖြစ်သွားတာကိုလည်း သတင်းတွေမကြည့်ဖြစ်ခဲ့တာကြောင့် မသိခဲ့သေးကြောင်းနဲ့ အိမ်နီးချင်းက သူမဆီလာပြောတော့မှ သိခဲ့ရကြောင်း” ဆိုပါတယ်။

ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ အဘွားက “သူ့မြေးလေးဟာ အနာဂတ်မှာ မျှော်လင့်ချက်အပြည့်နဲ့ ရှင်သန်နေထိုင်သင့်ပါလျက်နဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ပစ်သတ်ခံခဲ့ရတာကြောင့် မဖြစ်နိုင်တော့ကြောင်း၊

ထိုင်းအစိုးရအနေနဲ့လည်း ပစ်ခတ်တိုက်ခိုက်မှုခံခဲ့ရတဲ့ မိသားစုတွေကို အကူအညီပေးဖို့မျှော်လင့်ကြောင်း” ပြောဆိုခဲ့ပါတယ်။ကောင်းရာသုဂတိလားပါစေ Ativa, သင့်ရဲ့ ရဲရင့်လွန်းတဲ့ လုပ်ရပ်ကြောင့် လူ၈ယောက်အသက်ဘေးကလွတ်ခဲ့ရတဲ့အတွက် သူရဲကောင်းအမည်ခံထိုက်ပါတယ်။