ခင္ပြန္းက ကိုယ္လိုခ်င္တဲ့အခ်က္ေတြနဲ႔ ျပည့္စုံတဲ့ေယာက်္ားေကာင္းပါဆိုတဲ့ ပိုးအိအိခန႔္

Zawgyi

ေဘာလုံးသမားျဖစ္လို႔ ေ႐ြးခ်ယ္ခဲ့တာ မဟုတ္ပါဘူး။ ပိုးအိအိခန႔္ကေတာ့ ခင္ပြန္းျဖစ္သူ ကို ေဘာလုံးသမားျဖစ္လို႔ ေ႐ြးခ်ယ္လိုက္တာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ သူမ လိုခ်င္တဲ့ အရည္အခ်င္းေတြက ေအာင္သူ႔ဆီမွာရွိတယ္လို႔ သေဘာက်ရယ္ေမာရင္း ေျပာျပခဲ့ပါတယ္။ သ႐ုပ္ေဆာင္

ပိုးအိအိခန႔္ကေတာ့ ခင္ပြန္းျဖစ္သူ ေအာင္သူကို ေဘာလုံးသမားတစ္ေယာက္ျဖစ္လို႔ ေ႐ြးခ်ယ္လိုက္တာလားဆိုတဲ့ ေဝဖန္မႈေတြအေပၚ အခုလို ေျပာျပလာပါတယ္။ သူမ လိုခ်င္တဲ့ အခ်က္ေတြနဲ႔ကိုက္ညီတဲ့ ေယာက်္ားတစ္ေယာက္ျဖစ္တယ္လို႔ အင္တာဗ်ဴးကေန ေျဖဆိုခဲ့ပါတယ္။

သူက အေနေအးတယ္၊ ႐ိုးသားတယ္၊ ေယာက်္ားေလးတစ္ေယာက္က မခ်မ္းသာခ်င္ေနပါေစ အလုပ္တစ္ခုခုရွိရမယ္၊ အလုပ္လုပ္ခ်င္စိတ္ရွိရမယ္။ လုပ္ေနတဲ့အလုပ္အေပၚမွာ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္ရွိရမယ္။ ကိုယ့္အေပၚမွာ သစၥာရွိရမယ္ေပါ့ေနာ္။

သူကလည္း အဲဒီအခ်က္ေတြနဲ႔ သူက ျပည့္စုံတယ္။ ကိုယ့္ကံ ကိုက ကိုယ္လိုခ်င္တဲ့ ပုံစံအတိုင္း ေရာက္လာတာေပါ့ေနာ္” လို႔ဆိုပါတယ္။ အိမ္ေထာင္က်ၿပီးသြားေပမယ့္လည္း မၾကာခင္က်ေရာက္ေတာ့မယ့္ ခ်စ္သူမ်ားေန႔ နဲ႔ ပတ္သက္ၿပီးခင္ပြန္းျဖစ္သူ ရဲ႕ စကားေၾကာင့္ ပိုးအိအိခန႔္တစ္ေယာက္

အရမ္းအံ့ၾသခဲ့ရတယ္လို႔ ဆိုပါတယ္။“ သူ႔ကို ဟိုတစ္ေန႔ကကေလးအတြက္ ေဈးသြားဝယ္ၾကရင္း ကို ဗယ္လင္တိုင္းေန႔ေတာင္ ေရာက္ေတာ့မယ္လို႔ေျပာေတာ့ ေဖာင္း နဲ႔ ဘာဆိုင္လို႔လဲတဲ့။ အဲဒီလိုေျပာလိုက္ေတာ့ ဟုတ္ပါတယ္ေပါ့ ကိုယ္လည္း ကေလးအေမ ျဖစ္ေနၿပီ ဘာမွ မဆိုင္ေတာ့

ပါဘူးေပါ့ေနာ္” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ က Beauty Angle ဆိုင္ဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ ပိုးအိအိခန႔္ဟာ ေအာင္သူနဲ႔ ခ်စ္သူဘဝကတည္းက “ဗယ္လင္တိုင္းေန႔” နဲ႔ ပတ္သက္ၿပီးရင္ခုန္ခဲ့ရတာမ်ိဳး မရွိဘူးလို႔ဆိုပါတယ္။ ဒါေပမယ့္ လိုအပ္တာေတြကို

ျဖည့္ဆည္းေပးတတ္တဲ့ ခင္ပြန္းျဖစ္သူေၾကာင့္လည္း စိတ္ခ်မ္းသာစရာေတြနဲ႔ ႀကဳံခဲ့ရတယ္လို႔ သူကေျပာပါတယ္။ “ခ်စ္သူမ်ားေန႔ေရာက္တိုင္းလည္း သူေရာ ကိုယ္ေရာ ရင္ခုန္မိတာမ်ိဳးမရွိဘူး။ ဘာမွလည္း ေထြေထြထူးထူး မခံစားရဘူး ခ်စ္သူဘဝကတည္းကပါ။ အဓိက က တစ္ေယာက္နဲ႔

တစ္ေယာက္က ေန႔တိုင္း ၾကင္နာေနတယ္။ ခ်စ္ေနတယ္။ တစ္ေယာက္လိုရင္ တစ္ေယာက္က ျဖည့္ဆည္းေပးေနတယ္။ ကေလးအတြက္ လိုအပ္တာကို သူဝယ္ေပးတယ္၊ မိန္းမရဲ႕ လိုအပ္တာကို သူဝယ္ေပးတယ္၊ အိမ္အတြက္ လိုအပ္တာေတြ ျဖည့္ဆည္းေပးေနတယ္ ဒါေတြက ခ်စ္သက္

လက္ေဆာင္ေတြပဲေလ။ ဒါေၾကာင့္ ခ်စ္သူမ်ားေန႔အတြက္ဆိုၿပီး သီးသန႔္လက္ေဆာင္ေပးစရာ မလိုဘူးေပါ့ေလ” လို႔ဆိုပါတယ္။ ေအာင္သူနဲ႔ ပိုးအိအိခန႔္တို႔ဟာ လက္ထပ္ထားတာ (၉)လၾကာၿပီးမွာ မဂၤလာပြဲကို ျပဳလုပ္က်င္းပခဲ့တာ ျဖစ္ပါတယ္။ဒီမဂၤလာပြဲကိုေတာ့ ၂၀၁၉ခုႏွစ္၊ မတ္လ ၂၆

ရက္ေန႔ ညေနပိုင္းက ရန္ကုန္ျပည္သူ႔ရင္ျပင္အတြင္းက Western Park မွာ ျပဳလုပ္ခဲ့တာပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ မခြဲႏိုင္တာ သိလို႔ ႏွစ္ဦးသေဘာတူ လက္ထပ္ထားခဲ့ၾကတာ ျဖစ္ၿပီး ႏွစ္ေယာက္စလုံး အလုပ္ေတြ အားတဲ့အခ်ိန္မွ ယခုလို မဂၤလာပြဲ ျပဳလုပ္ခဲ့တာ ျဖစ္တယ္လို႔

သိရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္လို႔ လက္ထပ္ခဲ့ၾကတဲ့ ခ်စ္သူ ႏွစ္ဦးျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ေပ်ာ္စရာေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားေနၿပီျဖစ္ပါတယ္။

Unicode

ဘောလုံးသမားဖြစ်လို့ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ပိုးအိအိခန့်ကတော့ ခင်ပွန်းဖြစ်သူ ကို ဘောလုံးသမားဖြစ်လို့ ရွေးချယ်လိုက်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူမ လိုချင်တဲ့ အရည်အချင်းတွေက အောင်သူ့ဆီမှာရှိတယ်လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ သရုပ်ဆောင်

ပိုးအိအိခန့်ကတော့ ခင်ပွန်းဖြစ်သူ အောင်သူကို ဘောလုံးသမားတစ်ယောက်ဖြစ်လို့ ရွေးချယ်လိုက်တာလားဆိုတဲ့ ဝေဖန်မှုတွေအပေါ် အခုလို ပြောပြလာပါတယ်။ သူမ လိုချင်တဲ့ အချက်တွေနဲ့ကိုက်ညီတဲ့ ယောကျ်ားတစ်ယောက်ဖြစ်တယ်လို့ အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။

သူက အနေအေးတယ်၊ ရိုးသားတယ်၊ ယောကျ်ားလေးတစ်ယောက်က မချမ်းသာချင်နေပါစေ အလုပ်တစ်ခုခုရှိရမယ်၊ အလုပ်လုပ်ချင်စိတ်ရှိရမယ်။ လုပ်နေတဲ့အလုပ်အပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိရမယ်။ ကိုယ့်အပေါ်မှာ သစ္စာရှိရမယ်ပေါ့နော်။

သူကလည်း အဲဒီအချက်တွေနဲ့ သူက ပြည့်စုံတယ်။ ကိုယ့်ကံ ကိုက ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ရောက်လာတာပေါ့နော်” လို့ဆိုပါတယ်။ အိမ်ထောင်ကျပြီးသွားပေမယ့်လည်း မကြာခင်ကျရောက်တော့မယ့် ချစ်သူများနေ့ နဲ့ ပတ်သက်ပြီးခင်ပွန်းဖြစ်သူ ရဲ့ စကားကြောင့် ပိုးအိအိခန့်တစ်ယောက်

အရမ်းအံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။“ သူ့ကို ဟိုတစ်နေ့ကကလေးအတွက် ဈေးသွားဝယ်ကြရင်း ကို ဗယ်လင်တိုင်းနေ့တောင် ရောက်တော့မယ်လို့ပြောတော့ ဖောင်း နဲ့ ဘာဆိုင်လို့လဲတဲ့။ အဲဒီလိုပြောလိုက်တော့ ဟုတ်ပါတယ်ပေါ့ ကိုယ်လည်း ကလေးအမေ ဖြစ်နေပြီ ဘာမှ မဆိုင်တော့

ပါဘူးပေါ့နော်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က Beauty Angle ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ ပိုးအိအိခန့်ဟာ အောင်သူနဲ့ ချစ်သူဘဝကတည်းက “ဗယ်လင်တိုင်းနေ့” နဲ့ ပတ်သက်ပြီးရင်ခုန်ခဲ့ရတာမျိုး မရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့် လိုအပ်တာတွေကို

ဖြည့်ဆည်းပေးတတ်တဲ့ ခင်ပွန်းဖြစ်သူကြောင့်လည်း စိတ်ချမ်းသာစရာတွေနဲ့ ကြုံခဲ့ရတယ်လို့ သူကပြောပါတယ်။ “ချစ်သူများနေ့ရောက်တိုင်းလည်း သူရော ကိုယ်ရော ရင်ခုန်မိတာမျိုးမရှိဘူး။ ဘာမှလည်း ထွေထွေထူးထူး မခံစားရဘူး ချစ်သူဘဝကတည်းကပါ။ အဓိက က တစ်ယောက်နဲ့

တစ်ယောက်က နေ့တိုင်း ကြင်နာနေတယ်။ ချစ်နေတယ်။ တစ်ယောက်လိုရင် တစ်ယောက်က ဖြည့်ဆည်းပေးနေတယ်။ ကလေးအတွက် လိုအပ်တာကို သူဝယ်ပေးတယ်၊ မိန်းမရဲ့ လိုအပ်တာကို သူဝယ်ပေးတယ်၊ အိမ်အတွက် လိုအပ်တာတွေ ဖြည့်ဆည်းပေးနေတယ် ဒါတွေက ချစ်သက်

လက်ဆောင်တွေပဲလေ။ ဒါကြောင့် ချစ်သူများနေ့အတွက်ဆိုပြီး သီးသန့်လက်ဆောင်ပေးစရာ မလိုဘူးပေါ့လေ” လို့ဆိုပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆

ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့

သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့ လက်ထပ်ခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။ အခုဆိုရင်တော့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။