ချစ်သူများနေ့မှာ ဘဝအတွက် အရေးပါတဲ့ တက်တူးကို ခန္ဓာကိုယ်မှာထိုးခဲ့တဲ့ မမသင်ဇာ

Zawgyi










Unicode

ပရိသတ်ကြီးရေခပ်မိုက်မိုက်စတိုင်နဲ့ ခပ်ဟော့ဟော့ ပုံစံလေးကို ချစ်တဲ့ အမျိုးသားတွေနဲ့ ခေတ်ဆန်တဲ့မမ ကိုမှ ရင်ခုန်ချင်တဲ့ အမျိုးသား တွေ ကြားမှာ သင်ဇာကတော့အရမ်းကိုရေပန်းစားသူလို့ဆိုရမှာပါ။

ပုံအသစ် တင်လိုက်ပြီဆိုတာနဲ့ ဟင်ခနဲဟာခနဲ ဖြစ်အောင် ပုရိသတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်ဆယ်လီမမတစ်ဦးပါပဲနော်။ သင်ဇာကတော့ ရုပ်ရှင်ဇာတ်ကားတွေအပြင် သူမရဲ့ပွဲတက်ဖက်ရှင်တွေကတော့ ပရိသတ်တွေကို အမြဲဖမ်းစားနိုင်သူလေးလို့ ဆိုရမှာပါ။

လူမှု ကွန်ရက်စာမျက်နှာ မှာတင် မဟုတ်ဘဲ Instagram မှာလည်း အမျိုးသား Follower တွေ အခိုင်အမာရရှိထားတဲ့ သူပဲ ဖြစ်ပါတယ်။ သူမပုံတွေကို ရှယ်တဲ့ အမျိုးသားအရေအတွကို ကြည့်လိုက်တာနဲ့ သူမရဲ့ နောက်မှာ အမျိုးသားပရိသတ်အင်အား ဘယ်လောက်များ လဲ ဆိုတာကို သိနိုင်ပါတယ်နော်။

လူမှု ကွန်ရက်စာမျက်နှာ မှာတင် မဟုတ်ဘဲ Instagram မှာလည်း အမျိုးသား Follower တွေ အခိုင်အမာရရှိထားတဲ့ သူပဲ ဖြစ်ပါတယ်။ သူမပုံတွေကို ရှယ်တဲ့ အမျိုးသားအရေအတွကို ကြည့်လိုက်တာနဲ့ သူမရဲ့ နောက်မှာ အမျိုးသားပရိသတ်အင်အား ဘယ်လောက်များ လဲ ဆိုတာကို သိနိုင်ပါတယ်နော်

သူမရဲ့အချစ်ရေးကတော့ ဖော်ရိန်နာချစ်သူနဲ့ နှစ်ဦးသဘောတူလမ်းခွဲပြီးတဲ့နောက်တစ်ကိုယ်တည်း Single ဘဝနဲ့ နေနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမဘယ်အချိန် ချစ်သူရရှိမလဲလို့ အမြဲစောင့်ကြည့်နေကြတာပါ။

ဒီနေ့ကျရောက်တဲ့ချစ်သူများနေ့မှာတော့ သင်ဇာတစ်ယောက်သူများတွေနဲ့မတူတဲ့ အရာလေးကိုထူးထူးခြားခြားပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

“မစ်ရှင်အောင်မြင်သွားပြီ” ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အမှတ်တရတက်တူးထိုးထားတဲ့ ဗီဒိယိုဖိုင်လေးကို တင်ခဲ့တာပါ။

သူမရဲ့မိဘနှစ်ပါးပုံကို လက်မှာတက်တူးထိုးခဲ့ပြီး သူမရဲ့ လက်ပြင်ကြောမှာ မြွေပုံကိုတက်တူးထိုးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာရဲ့တက်တူးအသစ်လေးကိုသဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Thinzar Wint Kyaw