“သူမရဲ႕အေကာင့္ကို Hacking လုပ္ဖို႔ ႀကိဳးစားေနတဲ့သူကို ဒဲ့သတိေပးလိုက္တဲ့ အက္စတာ”

Zawgyi

Myanmar Idol Season (4)ရဲ႕ Winner ဆုရွင္ အက္စတာကေတာ့ လက္ရွိမွာ ေဖ်ာ္ေျဖေရးပြဲေတြကို ဆက္တိုက္ဆိုသလိုေဖ်ာ္ေျဖေနရၿပီး ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႕ အႏုပညာေလာကမွာ စတင္ရပ္တည္ေနၿပီပဲျဖစ္ပါတယ္။

အက္စတာကေတာ့ အဆိုေတာ္တစ္ေယာက္အျပင္ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႕လည္း ႐ုပ္ရွင္ဇာတ္ကားေတြရိုက္ကူးဖို႔ ကမ္းလွမ္းခံေနရတာေတြလည္း ရွိေနပါေသးတယ္။

အက္စတာကေတာ့ သ႐ုပ္ေဆာင္ဘက္ကို ႀကိဳးစားၾကည့္ခ်င္ေပမဲ့လည္း သ႐ုပ္ေဆာင္တတ္တဲ့အထဲမွာမပါတာကတစ္ေၾကာင္း၊ ခ်င္းစကားေတာင္မနည္းသင္ေနရၿပီး တိုင္းရင္းသားျဖစ္တဲ့အတြက္ ျမန္မာစကားကို အရမ္းကြၽမ္းကြၽမ္းက်င္က်င္မေျပာတတ္တာေၾကာင့္

သူနဲ႕ အတူတူ ရိုက္တဲ့ မင္းသားေတြမူးလဲသြားမွာစိုးလို႔ ႐ုပ္ရွင္ကေတာ့ မရိုက္ျဖစ္ေသးဘူးလို႔လည္း ဆိုထားပါတယ္။

ေဖေဖာ္ဝါရီလ(၁၃)ရက္ေန႕မွာေတာ့ သူမကို တိုက္ခိုက္ဖို႔ သူမရဲ႕ Official အေကာင့္ကို Hacking လုပ္ဖို႔ႀကိဳးစားေနတဲ့သူအေၾကာင္းကို “ဘယ္က သူခိုးလည္းမသိဘူး..သူမ်ား FBကို မရမကဝင္ခ်င္ေနတာ..

ဒီမွာ Security မွာ လာလာေပၚေနတာ မသိဘူးမထင္နဲ႕ သိရင္မလြယ္ဘူးမွတ္ သည္းခံေနတာ ေတာ္ေတာ္မ်ားေနၿပီ” ဆိုၿပီး သတိေပးတဲ့စာေလးကို သူမရဲ႕ မိုင္ေဒးမွာ တင္လာခဲ့ပါတယ္..။

အက္စတာေလးကေတာ့ သူမရဲ႕အေကာင့္ကို ဟက္ဖို႔ႀကိဳးစားေနတဲ့သူကို သိရင္ မလြယ္ဘူးလို႔ သတိေပးလိုက္တာပါ.. ။

အရင္လို စိတ္ေပ်ာ့ၿပီး ဝမ္းနည္းတတ္တဲ့ အက္စတာေလးမဟုတ္ေတာ့ဘဲ စမက္က်က် အေျပာျပတ္သားတဲ့ အဆိုေတာ္မေလး အက္စတာျဖစ္ေနပါၿပီေနာ္ ပရိသတ္ႀကီးေရ..။

ပရိသတ္ႀကီးလည္း စမတ္က်ၿပီး ပိုေခ်ာလာတဲ့ အက္စတာေလးကို ခ်စ္ရင္ အေကာင့္ကို ဟက္တဲ့သူဘယ္သူလည္း သိနိုင္မယ့္ နည္းေလးေတြကို ေျပာေပးသြားပါဦးေနာ္

Unicode

Myanmar Idol Season (4)ရဲ့ Winner ဆုရှင် အက်စတာကတော့ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေကို ဆက်တိုက်ဆိုသလိုဖျော်ဖြေနေရပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ စတင်ရပ်တည်နေပြီပဲဖြစ်ပါတယ်။

အက်စတာကတော့ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းခံနေရတာတွေလည်း ရှိနေပါသေးတယ်။

အက်စတာကတော့ သရုပ်ဆောင်ဘက်ကို ကြိုးစားကြည့်ချင်ပေမဲ့လည်း သရုပ်ဆောင်တတ်တဲ့အထဲမှာမပါတာကတစ်ကြောင်း၊ ချင်းစကားတောင်မနည်းသင်နေရပြီး တိုင်းရင်းသားဖြစ်တဲ့အတွက် မြန်မာစကားကို အရမ်းကျွမ်းကျွမ်းကျင်ကျင်မပြောတတ်တာကြောင့်

သူနဲ့ အတူတူ ရိုက်တဲ့ မင်းသားတွေမူးလဲသွားမှာစိုးလို့ ရုပ်ရှင်ကတော့ မရိုက်ဖြစ်သေးဘူးလို့လည်း ဆိုထားပါတယ်။

ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာတော့ သူမကို တိုက်ခိုက်ဖို့ သူမရဲ့ Official အကောင့်ကို Hacking လုပ်ဖို့ကြိုးစားနေတဲ့သူအကြောင်းကို “ဘယ်က သူခိုးလည်းမသိဘူး..သူများ FBကို မရမကဝင်ချင်နေတာ..

ဒီမှာ Security မှာ လာလာပေါ်နေတာ မသိဘူးမထင်နဲ့ သိရင်မလွယ်ဘူးမှတ် သည်းခံနေတာ တော်တော်များနေပြီ” ဆိုပြီး သတိပေးတဲ့စာလေးကို သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်..။

အက်စတာလေးကတော့ သူမရဲ့အကောင့်ကို ဟက်ဖို့ကြိုးစားနေတဲ့သူကို သိရင် မလွယ်ဘူးလို့ သတိပေးလိုက်တာပါ.. ။

အရင်လို စိတ်ပျော့ပြီး ဝမ်းနည်းတတ်တဲ့ အက်စတာလေးမဟုတ်တော့ဘဲ စမက်ကျကျ အပြောပြတ်သားတဲ့ အဆိုတော်မလေး အက်စတာဖြစ်နေပါပြီနော် ပရိသတ်ကြီးရေ..။

ပရိသတ်ကြီးလည်း စမတ်ကျပြီး ပိုချောလာတဲ့ အက်စတာလေးကို ချစ်ရင် အကောင့်ကို ဟက်တဲ့သူဘယ်သူလည်း သိနိုင်မယ့် နည်းလေးတွေကို ပြောပေးသွားပါဦးနော်