ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ အရာရွိကို ေျမာက္ကိုရီးယားအစိုးရအဖြဲ႕မွ ေသနတ္ျဖင့္ပစ္သတ္

Zawgyi

လက္ရွိအခ်ိန္ ကမာၻေပၚက လူသန္းေပါင္းမ်ားစြာရဲ႕ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ထားတဲ့ ေရာဂါပိုးတစ္မ်ိဳးကေတာ့ ကို႐ိုနာဗိုင္းရပ္စ္လို႔အမည္တြင္တဲ့ အဆုတ္ေရာင္ေရာဂါပဲ ျဖစ္ပါတယ္။

ဒီဗိုင္းရပ္ဟာဆိုရင္ ကူးစက္မႈလ်င္ျမန္တဲ့အျပင္ ကာကြယ္တဲ့ေဆးေရာ၊ ကုသတဲ့ေဆးပါ မရွိေသးတဲ့အျပင္ WHO ကေနလည္း အဆိုပါေရာဂါပိုးနဲ႔ပတ္သတ္ၿပီး

စိုးရိမ္ရတဲ့အေျခအေနရွိတယ္လို႔ ေၾကညာထားတာေၾကာင့္ တတ္ကြၽမ္းတဲ့ပညာရွင္ေတြ၊ တာဝန္ရွိသူေတြအေနနဲ႔ ဒီဗိုင္းရပ္စ္ပိုးကို အတတ္ႏိုင္ဆုံးထိန္းခ်ဳပ္ေနၾကတာ ျဖစ္ပါတယ္။

အဆိုပါဗိုင္းရပ္စ္ပိုးဟာ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ကစတင္ၿပီးျဖစ္ပြားခဲတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာဆိုရင္ တ႐ုတ္ႏိုင္ငံျပင္ပမွာလည္း ကူးစက္ခံရသူေတြရွိေနပါတယ္။

ဒီလိုမ်ိဳးကူးစက္ခံရသူေတြအေနနဲ႔ အသက္ဆုံးရႈံးသြားႏိုင္တဲ့အေျခအေနေတြရွိတာေၾကာင့္ ႏိုင္ငံပိုင္အစိုးရေတြအေနနဲ႔လည္း ကူးစက္ခံရသူေတြကို သီးသန႔္ခြဲျခားထားကာ ကုသလွ်က္ရွိၿပီး ေရာဂါပိုးပ်ံ႕ႏွံ႔မႈကို နည္းလမ္းမ်ိဳးစုံနဲ႔ ထိန္းခ်ဳပ္လွ်က္ရွိၾကပါတယ္။

ဒါေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္တဲ့နည္းလမ္းေတြထဲမွာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕နည္းလမ္းကေတာ့ ေၾကာက္စရာေကာင္းတဲ့နည္းလမ္းတစ္လမ္းျဖစ္တာကို ေတြ႕ရပါတယ္။

ထြက္ရွိလာတဲ့သတင္းတစ္ခုအရဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရၿပီး တ႐ုတ္ႏိုင္ငံကျပန္လာတဲ့ ေျမာက္ကိုရီးယားအစိုးရအရာရွိတစ္ဦးကို သူ႔ရဲ႕ေျမာက္ကိုရီးယားအစိုးရက ေသနတ္ျဖင့္ပစ္သတ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီသတင္းဟာ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ မေန႔တုန္းက Dong-a Ilbo လို႔အမည္ရတဲ့ သတင္းဌာနကေန ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

အစိုးရအရာရွိတစ္ေယာက္ဟာ တ႐ုတ္ႏိုင္ငံကေန အလည္အပတ္ျပန္လာခဲ့တာျဖစ္ၿပီး ျပန္လာခ်ိန္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံလာခဲ့ရတာကို ေတြ႕ရွိခဲ့တာေၾကာင့္ သီးသန႔္ခြဲျခားၿပီးေနထိုင္ေစခဲ့ပါတယ္။

ဒါေပမယ့္ ဒီလိုမ်ိဳးေနထိုင္ေစခဲ့မႈဟာ အဆိုပါအစိုးရအရာရွိကို အထီးက်န္မႈေစခဲ့တာေၾကာင့္ သူဟာ အမ်ားသုံးေရခ်ိဳးခန္းေတြသြားေရာက္ကာ သီးသန႔္ေနထိုင္ရမႈ စည္းကမ္းကို ခ်ိဳးေဖာက္ခဲ့ပါတယ္။

အဲဒီအခါမွာေတာ့ သူ႔ရဲ႕လုပ္ရပ္နဲ႔အျပဳအမူေတြဟာ ေျမာက္ကိုရီးယားအစိုးရရဲ႕ ေဒါသကိုဆြသလိုျဖစ္ေစခဲ့ကာ ေနာက္ဆုံးမွာေတာ့ အစိုးရရဲ႕ ေသနတ္ျဖင့္ပစ္သတ္ျခင္းကိုခံခဲ့ရပါေတာ့တယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ဗိုင္းရက္စ္ပိုးစတင္ပ်ံ႕ပြားခဲ့တဲ့ ၿပီးခဲ့တဲ့လကတည္းက နယ္စပ္ဂိတ္ေတြမွ ႏိုင္ငံျခားဧည့္သည္ဝင္ေရာက္မႈေတြကို ပိတ္ထားခဲ့တာျဖစ္ပါတယ္။

သတင္းေတြအရေတာ့ တ႐ုတ္ႏိုင္ငံကို သြားေရာက္လည္ပတ္ခဲ့တဲ့ ႏိုင္ငံေတာ္ကာကြယ္ေရးေအဂ်င္စီမွ အဆင့္ျမင့္ဗိုလ္မႉးႀကီးတစ္ဦးဟာလည္း ရာထူးကေနအဖယ္ရွားခံခဲ့ရတယ္လို႔ သိရပါတယ္။

Unicode

လက်ရှိအချိန် ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ထားတဲ့ ရောဂါပိုးတစ်မျိုးကတော့ ကိုရိုနာဗိုင်းရပ်စ်လို့အမည်တွင်တဲ့ အဆုတ်ရောင်ရောဂါပဲ ဖြစ်ပါတယ်။

ဒီဗိုင်းရပ်ဟာဆိုရင် ကူးစက်မှုလျင်မြန်တဲ့အပြင် ကာကွယ်တဲ့ဆေးရော၊ ကုသတဲ့ဆေးပါ မရှိသေးတဲ့အပြင် WHO ကနေလည်း အဆိုပါရောဂါပိုးနဲ့ပတ်သတ်ပြီး

စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ကြေညာထားတာကြောင့် တတ်ကျွမ်းတဲ့ပညာရှင်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ ဒီဗိုင်းရပ်စ်ပိုးကို အတတ်နိုင်ဆုံးထိန်းချုပ်နေကြတာ ဖြစ်ပါတယ်။

အဆိုပါဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကစတင်ပြီးဖြစ်ပွားခဲတာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် တရုတ်နိုင်ငံပြင်ပမှာလည်း ကူးစက်ခံရသူတွေရှိနေပါတယ်။

ဒီလိုမျိုးကူးစက်ခံရသူတွေအနေနဲ့ အသက်ဆုံးရှုံးသွားနိုင်တဲ့အခြေအနေတွေရှိတာကြောင့် နိုင်ငံပိုင်အစိုးရတွေအနေနဲ့လည်း ကူးစက်ခံရသူတွေကို သီးသန့်ခွဲခြားထားကာ ကုသလျှက်ရှိပြီး ရောဂါပိုးပျံ့နှံ့မှုကို နည်းလမ်းမျိုးစုံနဲ့ ထိန်းချုပ်လျှက်ရှိကြပါတယ်။

ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့နည်းလမ်းတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံရဲ့နည်းလမ်းကတော့ ကြောက်စရာကောင်းတဲ့နည်းလမ်းတစ်လမ်းဖြစ်တာကို တွေ့ရပါတယ်။

ထွက်ရှိလာတဲ့သတင်းတစ်ခုအရဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး တရုတ်နိုင်ငံကပြန်လာတဲ့ မြောက်ကိုရီးယားအစိုးရအရာရှိတစ်ဦးကို သူ့ရဲ့မြောက်ကိုရီးယားအစိုးရက သေနတ်ဖြင့်ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနေ့တုန်းက Dong-a Ilbo လို့အမည်ရတဲ့ သတင်းဌာနကနေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အစိုးရအရာရှိတစ်ယောက်ဟာ တရုတ်နိုင်ငံကနေ အလည်အပတ်ပြန်လာခဲ့တာဖြစ်ပြီး ပြန်လာချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလာခဲ့ရတာကို တွေ့ရှိခဲ့တာကြောင့် သီးသန့်ခွဲခြားပြီးနေထိုင်စေခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုမျိုးနေထိုင်စေခဲ့မှုဟာ အဆိုပါအစိုးရအရာရှိကို အထီးကျန်မှုစေခဲ့တာကြောင့် သူဟာ အများသုံးရေချိုးခန်းတွေသွားရောက်ကာ သီးသန့်နေထိုင်ရမှု စည်းကမ်းကို ချိုးဖောက်ခဲ့ပါတယ်။

အဲဒီအခါမှာတော့ သူ့ရဲ့လုပ်ရပ်နဲ့အပြုအမူတွေဟာ မြောက်ကိုရီးယားအစိုးရရဲ့ ဒေါသကိုဆွသလိုဖြစ်စေခဲ့ကာ နောက်ဆုံးမှာတော့ အစိုးရရဲ့ သေနတ်ဖြင့်ပစ်သတ်ခြင်းကိုခံခဲ့ရပါတော့တယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဗိုင်းရက်စ်ပိုးစတင်ပျံ့ပွားခဲ့တဲ့ ပြီးခဲ့တဲ့လကတည်းက နယ်စပ်ဂိတ်တွေမှ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုတွေကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရတော့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးအေဂျင်စီမှ အဆင့်မြင့်ဗိုလ်မှူးကြီးတစ်ဦးဟာလည်း ရာထူးကနေအဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။