မြမြဇာတ်ကားမှာ ရဲတိုက်မပါဝင်ဖြစ်တဲ့ အကြောင်းရင်းကိုပြောပြလာတဲ့ ဒါရိုက်တာညိုမင်းလွင်

Zawgyi








Unicode

ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးမဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားအတွက် လူရွေးချယ်ပွဲတွေ လုပ်ပြီးသွားခဲ့တာ

ပရိသတ်ကြီးလည်း သိမှာပါ မုဒိန်းသမားဇာတ်ကောင်အတွက် လူရွေးချယ်တော့ စင်ပေါ်မှာ မုဒိန်းကျင့်တဲ့ဟန် သရုပ်ဆောင်ပြခဲ့တာကြောင့် ဟိုးလေးတကျော်ကျော် တောင်ဖြစ်ခဲ့ရပါသေးတယ်

ဒါပေမဲ့ “မြမြ” ဇာတ်ကားမှာ အနုပညာရှင်အပြောင်းအလဲဖြစ်ခဲ့ပြီး ဒီအကြောင်းကို ဒါရိုက်တာ ညိုမင်းလွင်က ပြောပြလာပါတယ်။

ဒီလိုမျိုးဖြစ်တတ်ပြီးတော့ ရဲတိုက်နဲ့ သူနဲ့ ကြား ဘာပြဿနာမှမရှိသလို ဒီဇာတ်ကားမှာ မဆုံလည်း နောက်ဇာတ်ကားမှာ ဆုံမှာပါ တကယ့်ကို ဘာပြဿနာမှ မရှိဘူးလို့ သူက ပြောပြပါတယ်

ဒီဇာတ်ကားထဲမှာ Myanmar Idol Winner ဆုရှင် အဆိုတော်ဖြိုးမြတ်အောင်လည်း ပါဝင်တာဖြစ်ပြီးတော့ ဒါရိုက်တာ ညိုမင်းလွင်က ဖြိုးမြတ်အောင်အပေါ်

ယုံကြည်မှုရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ် ဒါ့အပြင် သူဟာ လူရွေးပွဲတုန်းက သရုပ်ဆောင်အရွေးခံသူတစ်ယောက်

စင်ပေါ်မှာ မုဒိန်းကျင့်ဟန် သရုပ်ဆောင်ပြခဲ့တဲ့ အပေါ်မှာလည်း ပြန်လည် ဖြေရှင်းခဲ့ပါသေးတယ်။