မြောက်ဒဂုံကဘဏ်ကို ဓါးပြတိုက်မူ ဖြစ်ရတဲ့အကောင်းအရင်း

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်ပိုင်းမြို့နယ် (၃၅) ရပ်ကွက် ငွေပုလဲလမ်းနှင့် လောပိတလမ်းထောင့် ပင်လုံလမ်းနှင့် အဏ္ဏဝါလမ်းထောင့်က CB Bank ကိုပြီးခဲ့တဲ့ ဖေဖဝါရီလ (၇) ရက်နေ့မနက်ပိုင်း ပုံမှန်ဘဏ်ဖွင့်ပြီးမကြာခင်မှာဘဲ လူစိမ်းတစ်ဦးရောက်လာပြီး ဘဏ်ဝန်ထမ်းတွေကို သေနတ်ပြခြိမ်းခြောက်ကာ ဗုံးလို့ယူဆရတဲ့အရာဝတ္တု ( ၂ ) ခု ကိုလည်းကောင်တာပေါ်တင်ကာ ခပ်တည်တည်ဘဲ

ငွေစက္ကူ ၁၀၀၀၀/ိတန် ငွေထုပ် ၆ ထုပ် ( သိန်းပေါင်း ၆၀၀ ) ကိုလုယူသွားတဲ့လုပ်ရပ်က ရုပ်ရှင်ဆန်တယ်လို့ဘဲပြောရမလား ? ပညာဆန်တယ်လို့ဘဲပြောရမလား ?

ထိုင်းကဖြစ်စဉ်တွေကို အတုယူပြီးလက်ရဲဇက်ရဲ လုပ်လေသလား ဆိုပြီးတွေးမိပါတယ်..ဘဏ်ထဲဝင်ပြီးဓါးမြတိုက်ရဲတဲ့ သတ္တိကတော်ယုံသတ္တိမဟုတ်သလို တော်ယုံအခက်အခဲမဟုတ်လို့ ဒီလိုလုပ်ရဲတာလို့ဆိုနိုင်ပါတယ်..

ရုတ်တရက်ဆိုတော့ဘဏ်ဝန်ထမ်းတွေခင်မြာကြောက်လန့်ကြမှာဘဲလေ ၊ ဒီနေရာမှာအတွေ့အကြုံရင့်ကျက်တဲ့ လုံခြုံရေးဝန်ထမ်း ( သို့ ) လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့မယ်ဆိုရင်တော့ ဗုံးအတုလား ? အစစ်လား ? ၊ လက်နက်အတုလား ? အစစ်လား ? ခွဲခြားသိနိုင်လျှင်တော့ ဆုံဖြတ်ကတစ်မျိုးဖြစ်သွားနိုင်ပါတယ်..ထိုင်းက ဘဏ်လုံခြုံရေးဝန်ထမ်းတွေလို လက်နက်ကိုင်ဆောင်ခွင့်နဲ့ ပစ်ခွင့်ပေးထားရင်တော့ သူပစ်ကိုယ်ပစ်ပေါ့..ဗျာ

အခက်အခဲဆိုတာလူတိုင်းမှာရှိကြပါတယ်. ၊ကြွေးမြီဆိုတာလည်း လူတန်းစားအလွှာအသီးသီးမှာရှိကြပါတယ် ၊ တစ်ချို့သူဌေးကြီးတွေ လုပ်ငန်းရှင်ကြီးတွေဆိုရင် လူတွေမသိမြင်နိုင်တဲ့နောက်ကွယ်အကြွေးတွေဟာ ဒေါ်လာသန်းနဲ့ချီပြီးရှိကြပါတယ်.ဘဏ်တွေကနေချေးပြီးသုံးစွဲနေကြတဲ့ ဟန်မပျက်သူဌေးကြီးတွေလဲ ရှိကြပါတယ်..

အခင်းဖြစ်ပြီး ၅ ရက်အကြာမှာ ဖေဖဝါရီလ ၁၁ ရက်နေ့ ညနေ ၁၈:၀၀ ချိန်မှာတော့ တရားခံစိုးကျော်ကျော် ( ၄၇ ) နှစ် ( ဘ ) ဦးလှအောင် နေထိုင်တဲ့ အမှတ် ၂၂ ၊ အင်ကြင်းမြိုင်လမ်း ( ၃၃ ) ရပ်ကွက် ( အပေါ်ဆုံးထပ် ) မှာဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူစီးနင်းလာတဲ့ 5K-2831 YGN Probox ကားအဖြူရောင်နဲ့အတူဖမ်းဆီးရမိခဲ့ပြီး ၎င်းနေအိမ်ထဲကနေအခြားသက်သေခံပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြပါတယ် ။

အဓိကသဲလွန်စကတော့ (,?????????? ) အမည်ရှိ Money Exchange တစ်ခုမှာ ငွေစက္ကူ ၁၀၀၀၀ တန်များနဲ့ US$ အမေရိကန် ဒေါ်လာ ၇၀၀၀ $ ကိုသွားပြီး လဲလှယ်ခဲ့ရာကနေ သတင်းအရ တာဝန်ရှိမှုခင်းရဲတပ်ဖွဲ့တွေက ခြေရာခံရရှိခဲ့ခြင်းဘဲ ဖြစ်ပါတယ်..

ပြစ်မှုကျူးလွန်ခဲ့စဉ်က အသုံးပြုခဲ့တဲ့ ယာဉ်နံပါတ်ပြားအတု CC-9965 AYY အနီကို မြောက်ဒဂုံ ၂၇ ရပ်ကွက် ဘုရင့်နောင်လမ်းမဘေး Mega ဆေးကုမ္ပဏီဘေးခြံကွက်တွင် တရားခံမှသိမ်းဆည်းထားသလို အလားတူ နောက်ထပ်သူအသုံးပြုခဲ့တဲ့ဘောစေ့နှင့်ပစ်ခတ်ရတဲ့ပစ္စတိုသေနတ်ကို ၄၄ ရပ်ကွက် ၊ ဗိုလ်စိန်မှန်လမ်း အမက ( ၉ ) ကျောင်းရှေ့ ရေမြောင်းအတွင်းမှာဖွက်ထားတာကို လိုက်လံပြသခဲ့ခြင်းကြောင့် သိမ်းဆီးရမိခဲ့ပါတယ် ။

အိမ်တွင်နောက်ထပ် ဗုံးအတုအသုံးပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် ကော်ပိုက်များ ၊ တိပ်ခွေများ ၊ သံဖြတ်လွှပါအပါ သိန်း ၆၀၀ အနက်မှ ကျပ်ငွေသိန်းပေါင်း ( ၃၇၀ ) ကျပ် ၊ အမေရိကန်ဒေါ်လာ ( ၇၀၀ ) နှင့်အတူလုယက်ကျူးလွန်ရာတွင် အသုံးပြုခဲ့သော Probox အဖြူရောင် 5K- 2831 အဖြူရောင်ယာဉ်ကိုလည်း သိမ်းဆည်းရမိ ခဲ့ပါတယ် ။

တရားခံဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံအမှတ် (၄၁၄) ဆက်သွယ်ရေးတပ်ရင်း ၊ ပုသိမ်မြို့ မှ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး မြောက်ဒဂုံမြို့နယ် အမှတ် ( ၃၃) ရပ်ကွက်မှာနေထိုင်ပြီး Red Dot ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ် ၊

5K-2831 ( Black ) Probox ကားအဖြူရောင်ကိုတစ်လ (၇) သိန်းနဲ့ ဦး??????? ထံမှငှားရမ်းထားတယ်ပြီး အကြွေး ၁၂၂ သိန်းရှိတာကြောင့် ယခုလိုထွက်ပေါက်ရှာခဲ့ခြင်းဖြစ်ပေမယ့် မိသားစုတစ်စုရဲ့အိမ်ထောင်ဦးစီးဟာ ယခုလို ရာဇဝတ်မှုနဲ့မကင်းတဲ့ ပြစ်မှုအကြီးကြီးနဲ့ဖြေရှင်းတာတော့ အရမ်းမှားပါတယ် ။

အကြွေးစာရင်းများမှာ

(၁) ” ????? ” ဝပ်ရှော့ကိုအကြွေးဆပ် ၂၀ သိန်း

(၂) ” ????? ” အကြွေးဆပ် ၅၀ သိန်း

(၃) ယာဉ်ပိုင်ရှင်???အားယာဉ်ငှားခ ၇ သိန်း

(၄) ယာဉ်ပြင်ဆင်ခ ၃ သိန်း

(၅) ???? ဘဏ်သွင်းငွေ ၅ သိန်း

(၆) ????? ကုမ္ပဏီ Internet သွင်းငွေ ၃၇ သိန်း

စုစုပေါင်း သိန်းပေါင်း (၁၂၂ ) သိန်းဖြစ် ။

ဒီငွေတွေကိုလည်းသက်ဆိုင်ရာက သက်သေခံအဖြစ် လိုက်လံသိမ်းဆည်းသွားမှာဖြစ်တဲ့အတွက် တစ်ပူပေါ် အပူပေါင်းများစွာထပ်ဆင့်သွားပါတယ်..နောက်ဆုံးတော့ တရားဥပဒေအရ ဒဂုံမြို့နယ်ရဲစခန်းကနေ ပ-၃၂၈/ ၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ-၃၉၂ နဲ့အမှုဖွင့်အရေးယူထားလိုက်ပါပြီ…

ကြားထဲကမဆိုင်တဲ့သူတွေ ၊ ယာဉ်နံပါတ်အတုတပ်ဆင်းထားလို့ ယာဉ်ပိုင်ရှင်အစစ်က နေရင်းထိုင်ရင်း ခေါ်ယူစစ်ဆေးခံလိုက်ရပါတယ် ၊ ဘဏ်တွေအနေနဲ့လည်း Security တွေမြှင့်နိုင်ဘို့ Push Alarm System / Fire Alarm System တွေအကောင်းဆုံး ရှိရပါတော့မယ်..အခြားနိုင်ငံမှာတော့ ဘဏ်လုံခြုံရေးဝန်ထမ်းတွေအနေနဲ့ ဘဏ်ဧရိယာအတွင်း ပစ္စတိုသေနတ်ကိုင်ဆောင်ခွင့်ပေးထားသလို

ယခုလိုဖြစ်စဉ်မျိုးနဲ့ရင်ဆိုင်ကြုံတွေ့လာပါက ပစ်ခတ်ဟန့်တား ဖမ်းဆီးနိုင်ခွင့်ရှိသလို မတော်တဆ ချော်ကာနဖူးမှန်ပြီးသေသွားလည်း အပြစ်မရှိဘူးလို့လေ့လာသိရှိရပါတယ်..ဘဏ်ပြင်ပကိုတော့ သေနတ်ယူဆောင်ခွင့်မရှိကြပါဘူး..

ဘာဘဲပြောပြောပါဗျာဘဏ်ဓါးပြတိုက်မှုကြီးကို ၅ ရက်အတွင်းအမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးပေးနိုင်ကြတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူအသီးသီးနဲ့ တာဝန်သိပြည်သူများကိုလေးစားဂုဏ်ယူမိပါကြောင်း…

စည်သူမောင်