မန်​ယူဘက်​ကို ဂိုးသွင်းခဲ့တဲ့ လူငယ်​​လေး မက်​သီဆွန်​ဟာ ​ကျောင်းတက်​ရင်းနဲ့ ​ဘောလုံးကန်​​နေရတာလို့ သိရှိရ
Zawgyi
Unicode
ယမန်နေ့ညက ယူနိုက်တက်ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီး ၊ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရယူနိုင်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်လေး မက်သီဆွန်ဟာ ယနေ့မှာတော့ Psychology စာမေးပွဲ ဖြေခဲ့ရတာ ဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်လို ကမ္ဘာကျော်ကွင်းကြီးထဲမှည ယူနိုက်တက် အသင်းကို ဂိုးသွင်းယူပြီး ၊ နောက်နေ့မှာ စားမေးပွဲ ဖြေဆိုခဲရတဲ့ မက်သီဆွန် အတွက်တော့ ဘဝရဲ့ မမေ့နိုင်စရာ အမှတ်တရအဖြစ် ကျန်ရှိနေမှာ သေချာပါတယ်။
ပွဲအပြီး အင်တာဗျူးမှာတော့ မက်သီဆွန်က အခုလို ဖြေကြားခဲ့ပါတယ် ” ကျနော် မနက်ဖန်မှာ Psychology စာမေးပွဲ ဖြေဆိုရမှာပါ။ အဲဒီအတွက်လည်း မစောင့်နိုင်လောက်အောင်ကို စိတ်လှုပ်ရှားနေပါတယ်။ အခုလို အမှတ်တရတွေ လုပ်နိုင်ခဲ့တဲ့ အတွက် ဒီည ကျနော် အိပ်ပျောမယ် မထင်ပါဘူး။
ရို့ချ်ဒေးနဲ့ ကျောင်းဟာ ကျနော့်ကို အရမ်း ကူညီ ပံ့ပိုးပေးကြပါတယ်။ ကျနော်ကလည်း သင်ယူလေ့လာရတာက ကြိုက်နှစ်သက်သူပါ။
ဘောလုံးလောကဆိုတာ ဘဝ အာမခံချက် မပေးနိုင်ပါဘူး။ အနာဂတ်မှာ ဘာတွေ ဖြစ်သွားမလဲ မသိနိုင်တဲ့ လောကပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမား တစ်ယောက် ဖြစ်သွား နိုင်သလို ၊ ဘာမဆို ဖြစ်သွားနိုင်တဲ့ နေရာပါ။
ဘောလုံး ကစားတာက လိုရမယ်ရ back up plan အနေနဲ့ပဲ ကစားချင်တာပါ။ ” လို့ မက်သီဆွန်က ပြောဆို သွားခဲ့ပါတယ်။ ခရက်ဒစ်