ေနတုိးနဲ႔သာအတူတူသ႐ုပ္ေဆာင္ခြင့္ရရင္ အရမ္းေပ်ာ္မယ္ဆိုတဲ့ ေအးျမျဖဴ

Zawgyi

ေအးျမျဖဴေလးကေတာ့ငယ္ငယ္ကတည္းက ျမန္မာသံစဥ္ေတြကို သင္ၾကားသီဆိုလာကာမၾကာေသးမီက က်င္းပခဲ့တဲ့ Myanmar Idol Season (4) မွာ First Runner Up ဆုကို ဆြတ္ခူးႏိုင္ခဲ့သူေလးပဲ ျဖစ္ပါတယ္။ အခုခ်ိန္မွာ အဆိုပိုင္းအျပင္ သ႐ုပ္ေဆာင္ဘက္ကိုပါ လု

ပ္ကိုင္ေတာ့မယ္လို႔ သိရပါတယ္။ငယ္စဥ္ကတည္းက ကေလးသ႐ုပ္ေဆာင္အဆိုေတာ္လုပ္လာတဲ့သူမအတြက္ ၿပိဳင္ပြဲၿပီးတာနဲ႔ အႏုပညာအလုပ္ေတြက ဆက္တိုက္ဆိုသလို မအားလပ္ႏိုင္ေအာင္ ျဖစ္ေနတယ္လို႔ ဆိုရမွာပါ။ မအားတဲ့ၾကားကလည္း ပညာေရးကိုလည္း

လက္လႊတ္မခံဘဲ တကၠသိုလ္ေက်ာင္းသို႔ သြားကာ ပညာေတြကို သင္ယူေနေသးတာပဲ ျဖစ္ပါတယ္ ။မၾကာခင္႐ိုက္ကူးေတာ့မယ့္ “ခ်စ္ခင္စေမွာ္႐ုံ” ဆိုတဲ့ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရထားတာျဖစ္ၿပီး ဒီအတြက္လည္း ရင္ခုန္ေနတာျဖစ္ပါတယ္။အင္တာဗ်ဴးတစ္ခုမွာေ

တာ့ အႀကိဳက္ဆုံးမင္းသားက ေနတိုးဆိုၿပီးေတာ့လည္း ေျဖၾကားခဲ့ပါတယ္။ေနတိုးနဲ႔ဇာတ္ကားတစ္ခုမွာ အတူတူသ႐ုပ္ေဆာင္ခဲ့ဖူးၿပီး အဲ့ဒီအခ်ိန္မတိုင္ခင္ကတည္းက သေဘာက်ခဲ့ရတယ္လို႔လည္း ဆိုပါတယ္။ကေလးဘဝကတည္းက အိုင္ေဒါလိုမ်ိဳးေလးစားၿပီးႀကိဳက္ႏွစ္သ

က္ခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ သ႐ုပ္ေဆာင္ပိုင္းမွာ ထူးခြၽန္႐ုံသာမက အဆိုလည္းေကာင္းတာေၾကာင့္ အားက်ရတယ္ဆိုပါတယ္။ေအးျမျဖဴကေတာ့ ေနတိုးနဲ႔အတူတူသ႐ုပ္ေဆာင္ခြင့္ရရင္ အရမ္းေပ်ာ္မယ္ဆိုၿပီးေတာ့လည္း ေျပာထားပါေသးတယ္။

Unicode

အေးမြဖြူလေးကတော့ငယ်ငယ်ကတည်းက မြန်မာသံစဉ်တွေကို သင်ကြားသီဆိုလာကာမကြာသေးမီက ကျင်းပခဲ့တဲ့ Myanmar Idol Season (4) မှာ First Runner Up ဆုကို ဆွတ်ခူးနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ အခုချိန်မှာ အဆိုပိုင်းအပြင် သရုပ်ဆောင်ဘက်ကို

ပါ လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဆိုတော်လုပ်လာတဲ့သူမအတွက် ပြိုင်ပွဲပြီးတာနဲ့ အနုပညာအလုပ်တွေက ဆက်တိုက်ဆိုသလို မအားလပ်နိုင်အောင် ဖြစ်နေတယ်လို့ ဆိုရမှာပါ။ မအားတဲ့ကြားကလည်း ပညာရေးကို

လည်း လက်လွှတ်မခံဘဲ တက္ကသိုလ်ကျောင်းသို့ သွားကာ ပညာတွေကို သင်ယူနေသေးတာပဲ ဖြစ်ပါတယ် ။မကြာခင်ရိုက်ကူးတော့မယ့် “ချစ်ခင်စမှော်ရုံ” ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရထားတာဖြစ်ပြီး ဒီအတွက်လည်း ရင်ခုန်နေတာဖြစ်ပါ

တယ်။အင်တာဗျူးတစ်ခုမှာတော့ အကြိုက်ဆုံးမင်းသားက နေတိုးဆိုပြီးတော့လည်း ဖြေကြားခဲ့ပါတယ်။နေတိုးနဲ့ဇာတ်ကားတစ်ခုမှာ အတူတူသရုပ်ဆောင်ခဲ့ဖူးပြီး အဲ့ဒီအချိန်မတိုင်ခင်ကတည်းက သဘောကျခဲ့ရတယ်လို့လည်း ဆိုပါတယ်။ကလေးဘဝကတည်းက

အိုင်ဒေါလိုမျိုးလေးစားပြီးကြိုက်နှစ်သက်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံသာမက အဆိုလည်းကောင်းတာကြောင့် အားကျရတယ်ဆိုပါတယ်။အေးမြဖြူကတော့ နေတိုးနဲ့အတူတူသရုပ်ဆောင်ခွင့်ရရင် အရမ်းပျော်မယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။