က်ိဳက္ထီးရိုးရင္ျပင္မွာ လူေပါင္း ၁၅၀၀ ၾကိတ္ၾကိတ္တိုးစည္ကားေအာင္ ပါရမီျဖည့္ေပးႏိုင္ခဲ့တဲ့ စမိုင္းလ္

Zawgyi

သရုပ္ေဆာင္ စမိုင္းလ္ရဲ႕ ေရႊတိဂံု-က်ိဳက္ထီးရိုး ကက္ကင္းအဓိဌာန္ေလးကေတာ့ ေအာင္ျမင္စြာျပီးစီးသြားခဲ့ပါျပီ။ မၾကာခင္မွာက်ေရာက္လာေတာ့မယ့္ ခ်စ္သူမ်ားေန႔မွာ စံုတြဲေတြကိုယ္စီ ရုိဆန္ဆန္ Surprise ေတြနဲ႔ ျဖတ္သန္းၾကဖုိ႔ စီစဥ္ေနခ်ိန္မွာ

သရုပ္ေဆာင္စမုိင္းလ္က သူမရဲ႕ ခင္ပြန္းျဖစ္သူဆီကေန ဘာ Surprise မွမေတာင္းဆိုဘဲ လူေပါင္း ၁၅၀၀ ကို ေရႊတိဂံု-က်ိဳက္ထီးရိုး အဓိဌာန္ပို႔ေပးဖို႔သာ ဆုေတာင္းခဲ့တာျဖစ္ပါတယ္။ သရုပ္ေဆာင္ စမုိင္းလ္က သူမကိုယ္တုိင္လည္း ဘာသာတရားေတြကို

တစိုက္မတ္မတ္လုပ္ကိုင္ေနသူျဖစ္ရံုမက သူမနဲ႔ပတ္သက္သူ၊ အားေပးေနတဲ့ ပရိသတ္ေတြကိုပါ သူမကဲ့သို႔ ဘာသာတရားကိုအခ်ိန္ေပး လုပ္ကိုင္ႏိုင္ေအာင္ စီစဥ္ျပီး ပါရမီျဖည့္ေပးေနတာျဖစ္ပါတယ္။ ေရွးအပိုင္းေတြမွာလည္း က်ိဳက္ငါးက်ိဳက္၊ ေညာင္ဆယ္ပင္

အဓိဌာန္ေတြကို လူေပါင္းေထာင္ခ်ီအတြက္ စီစဥ္ေပးႏုိင္ခဲ့ပါတယ္။ ေနာက္ဆံုးတစ္ေခါက္ျဖစ္တဲ့ ေရႊတိဂံု-က်ိဳက္ထီးရိုး အဓိဌာန္ေလးကေတာ့ ခင္ပြန္းျဖစ္သူဆီက ေတာင္းဆိုထားတဲ့ အဓိဌာန္ေလးျဖစ္ပါတယ္။ ဒီအဓိဌာန္ေလးကို က်ိဳက္ထီးရုိးရင္ျပင္ေတာ္မွ

လူအျပည့္ၾကိတ္ၾကိတ္တိုးစည္ကားျပီးေတာ့ အဓိဌာန္ဝင္ႏိုင္ေအာင္ ပါရမီျဖည့္ေပးႏိုင္ခဲ့တာပါ။ သူမရဲ႕ ေရႊတိဂံု-က်ိဳက္ထီးရိုး ကက္ကင္းအဓိဌာန္ကို သစ္တံခါးဆရာေတာ္ၾကီးကိုယ္တိုင္ၾကြေရာက္ တရားေပးခဲ့ျပီးေတာ့ ေငြက်ပ္ (၁၀) သိန္းလည္း စြန္႔ျပီး

လွဴဒါန္းခဲ့တာျဖစ္ပါတယ္။ စမိုင္းလ္က သူမရဲ႕ အဓိဌာန္ျပီးေျမာက္ေအာင္ျမင္သြားပံုေလး ေတြကိုၾကည့္ျပီး အင္မတန္မွ ဝမ္းသာပီတိေတြျဖစ္ေနတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စမိုင္းလ္ရဲ႕ ကုသုိလ္ေတြကို သာဓုေခၚဆိုေပးလို႔ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Unicode

သရုပ်ဆောင် စမိုင်းလ်ရဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်လေးကတော့ အောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ။ မကြာခင်မှာကျရောက်လာတော့မယ့် ချစ်သူများနေ့မှာ စုံတွဲတွေကိုယ်စီ ရိုဆန်ဆန် Surprise တွေနဲ့ ဖြတ်သန်းကြဖို့ စီစဉ်နေချိန်မှာ

သရုပ်ဆောင်စမိုင်းလ်က သူမရဲ့ ခင်ပွန်းဖြစ်သူဆီကနေ ဘာ Surprise မှမတောင်းဆိုဘဲ လူပေါင်း ၁၅၀၀ ကို ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်ပို့ပေးဖို့သာ ဆုတောင်းခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် စမိုင်းလ်က သူမကိုယ်တိုင်လည်း ဘာသာတရားတွေကို

တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်ရုံမက သူမနဲ့ပတ်သက်သူ၊ အားပေးနေတဲ့ ပရိသတ်တွေကိုပါ သူမကဲ့သို့ ဘာသာတရားကိုအချိန်ပေး လုပ်ကိုင်နိုင်အောင် စီစဉ်ပြီး ပါရမီဖြည့်ပေးနေတာဖြစ်ပါတယ်။ ရှေးအပိုင်းတွေမှာလည်း ကျိုက်ငါးကျိုက်၊ ညောင်ဆယ်ပင်

အဓိဌာန်တွေကို လူပေါင်းထောင်ချီအတွက် စီစဉ်ပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးတစ်ခေါက်ဖြစ်တဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်လေးကတော့ ခင်ပွန်းဖြစ်သူဆီက တောင်းဆိုထားတဲ့ အဓိဌာန်လေးဖြစ်ပါတယ်။ ဒီအဓိဌာန်လေးကို ကျိုက်ထီးရိုးရင်ပြင်တော်မှ

လူအပြည့်ကြိတ်ကြိတ်တိုးစည်ကားပြီးတော့ အဓိဌာန်ဝင်နိုင်အောင် ပါရမီဖြည့်ပေးနိုင်ခဲ့တာပါ။ သူမရဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ကို သစ်တံခါးဆရာတော်ကြီးကိုယ်တိုင်ကြွရောက် တရားပေးခဲ့ပြီးတော့ ငွေကျပ် (၁၀) သိန်းလည်း စွန့်ပြီး

လှူဒါန်းခဲ့တာဖြစ်ပါတယ်။ စမိုင်းလ်က သူမရဲ့ အဓိဌာန်ပြီးမြောက်အောင်မြင်သွားပုံလေး တွေကိုကြည့်ပြီး အင်မတန်မှ ဝမ်းသာပီတိတွေဖြစ်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ ကုသိုလ်တွေကို သာဓုခေါ်ဆိုပေးလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။