သက္ငယ္မုဒိမ္းမႈက်ဴးလြန္သူကို႐ြာသားေတြကအရွင္လတ္လတ္မီးရႈိ႕သတ္

Zawgyi

သူဟာ အသက္(၆)ႏွစ္သာရွိေသးတဲ့ Jarid အမည္ရ (၆)ႏွစ္အ႐ြယ္ ကေလးမေလးကို မတရားက်င့္ၿပီး၊ လက္စေဖ်ာက္သတ္ျဖတ္ခဲ့တယ္လို႔ ႐ြာသားေတြက ယုံၾကည္ၾကပါတယ္။ သူ႔ကို ႐ြာသားေတြက

ေနအိမ္မွာ သြားေရာက္ဖမ္းဆီးၿပီး၊ ႀကိဳးနဲ႔တုပ္ကာ ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့ပါတယ္။ယင္းေနာက္ တိုင္တစ္ခုမွာ ႀကိဳးနဲ႔ခ်ည္ကာ တစ္ေယာက္တစ္ခ်က္ ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့ၾကလို႔ Alfredo

တစ္ေယာက္ သတိလစ္လုခမန္း ျဖစ္ေနခ်ိန္မွာ သူ႔ကို ဓာတ္ဆီနဲ႔ေလာင္းၿပီး မီးရႈိ႕သတ္ခဲ့ၾကတာပါ။ အခင္းျဖစ္စဥ္နဲ႔ ပတ္သက္တဲ့ ဗြီဒီယိုဖိုင္ဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ၿပီး၊ သတင္းမီဒီယာေတြေတာ့

အမ်ားျပည္သူ ၾကည့္ရႈရန္မသင္တဲ့ ဗြီဒီယိုလို႔ သတ္မွတ္ခဲ့ပါတယ္။Alfredo ဟာ မီးေလာင္တဲ့ဒဏ္ေၾကာင့္ အသံကုန္ေအာ္ဟစ္ေနခဲ့တာကိုလည္း ဗြီဒီယိုထဲမွာ မရႈမလွျမင္ေတြ႕ခဲ့ရပါတယ္။

သူ မီးေလာင္ေနတာကို ၾကည့္ၿပီး လူေတြက လက္ခုပ္လက္ဝါးတီးၿပီး အားေပးျခင္း၊ လက္ေခါက္မႈတ္ျခင္းနဲ႔ ဝမ္းသာအားရ ေအာ္ဟစ္ျခင္းေတြ ျပဳလုပ္ခဲ့ပါတယ္။သိရသေလာက္ေတာု႔

Alfredo ကို ေသဆုံးသူ Jarid ရဲ႕အေဒၚျဖစ္သူက ရဲစခန္းကို ပို႔ဖို႔ႀကိဳးစားခဲ့ေပမယ့္ ႐ြာသားေတြက လက္မခံဘဲ အေသသတ္ဖို႔ ျပင္ဆင္ခဲ့ၾကတာလို႔ ဆိုပါတယ္။ ရဲေတြ Alfredo ကို သတ္ေနတဲ့ကြင္းျပင္ဆီ

အျမန္ေရာက္လာေပမယ့္ သူ႔အသက္ကို မကယ္ႏိုင္ခဲ့ပါဘူး။ရဲေတြကေတာ့ ျပစ္မႈက်ဴးလြန္သူေတြကို လူသတ္မႈနဲ႔ ဆက္ၿပီး အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။ Alfredo ဟာ ဒဏ္ရာဒဏ္ခ်က္ေတြ ျပင္းထန္စြာရရွိၿပီး

နာရီအနည္းငယ္အတြင္းမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ေလာေလာဆယ္ေတာ့ ရဲတပ္ဖြဲ႕က ႐ြာသားေတြကို ဖမ္းဆီးတာမ်ိဳး မရွိေသးပါဘူး။

Crd

Unicode

သူဟာ အသက်(၆)နှစ်သာရှိသေးတဲ့ Jarid အမည်ရ (၆)နှစ်အရွယ် ကလေးမလေးကို မတရားကျင့်ပြီး၊ လက်စဖျောက်သတ်ဖြတ်ခဲ့တယ်လို့ ရွာသားတွေက ယုံကြည်ကြပါတယ်။ သူ့ကို ရွာသားတွေက

နေအိမ်မှာ သွားရောက်ဖမ်းဆီးပြီး၊ ကြိုးနဲ့တုပ်ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ပါတယ်။ယင်းနောက် တိုင်တစ်ခုမှာ ကြိုးနဲ့ချည်ကာ တစ်ယောက်တစ်ချက် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြလို့ Alfredo

တစ်ယောက် သတိလစ်လုခမန်း ဖြစ်နေချိန်မှာ သူ့ကို ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့သတ်ခဲ့ကြတာပါ။ အခင်းဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ပြီး၊ သတင်းမီဒီယာတွေတော့

အများပြည်သူ ကြည့်ရှုရန်မသင်တဲ့ ဗွီဒီယိုလို့ သတ်မှတ်ခဲ့ပါတယ်။Alfredo ဟာ မီးလောင်တဲ့ဒဏ်ကြောင့် အသံကုန်အော်ဟစ်နေခဲ့တာကိုလည်း ဗွီဒီယိုထဲမှာ မရှုမလှမြင်တွေ့ခဲ့ရပါတယ်။

သူ မီးလောင်နေတာကို ကြည့်ပြီး လူတွေက လက်ခုပ်လက်ဝါးတီးပြီး အားပေးခြင်း၊ လက်ခေါက်မှုတ်ခြင်းနဲ့ ဝမ်းသာအားရ အော်ဟစ်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။သိရသလောက်တောု့

Alfredo ကို သေဆုံးသူ Jarid ရဲ့အဒေါ်ဖြစ်သူက ရဲစခန်းကို ပို့ဖို့ကြိုးစားခဲ့ပေမယ့် ရွာသားတွေက လက်မခံဘဲ အသေသတ်ဖို့ ပြင်ဆင်ခဲ့ကြတာလို့ ဆိုပါတယ်။ ရဲတွေ Alfredo ကို သတ်နေတဲ့ကွင်းပြင်ဆီ

အမြန်ရောက်လာပေမယ့် သူ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ရဲတွေကတော့ ပြစ်မှုကျူးလွန်သူတွေကို လူသတ်မှုနဲ့ ဆက်ပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ Alfredo ဟာ ဒဏ်ရာဒဏ်ချက်တွေ ပြင်းထန်စွာရရှိပြီး

နာရီအနည်းငယ်အတွင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ လောလောဆယ်တော့ ရဲတပ်ဖွဲ့က ရွာသားတွေကို ဖမ်းဆီးတာမျိုး မရှိသေးပါဘူး။

Crd