“နေတိုး၊ ဇဏ်ခီ၊ ဒေါင်း၊ ပိုင်တံခွန်တို့နဲ့အတူတူရုပ်ရှင်ရိုက်ချင်ပါတယ်ဆိုတဲ့ အက်စတာ”

Zawgyi







အဆုံးထိ ဖတ်ရှု့ပေးတဲ့အတြက် ကျြန်တ္တေိာု့ အထူးကေ်းဇူးတင်ရွိပါတယ်။

Unicode

ပရိသတ်ကြီးရေ Myanmar Idol Season-4 ပြိုင်ပွဲကြီးမှာ Idol သက်တမ်းတစ်လျှောက်ပထမဆုံး မိန်းကလေး Winner အဖြစ် ဆုရရှိခဲ့တဲ့ အက်စတာကတော့ အခုဆိုရင် သူမရဲ့ အမာခံပရိသတ်တွေရဲ့ ဝန်းရံမှုနဲ့အတူ အနုပညာလမ်းကြောင်းပေါ် ဆက်လက်ချီတက်နေပြီဖြစ်ပါတယ် ။

ချစ်စရာကောင်းတဲ့ချင်းမလေးဟာ ပြိုင်ပွဲကြီးမှာ ပဏာမစတင်ယှဉ်ပြိုင်ချိန်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။

ပါရမီရှိသလို ကြိုးလည်းကြိုးစားတာကြောင့် ဆုနဲ့ထိုက်တန်ခဲ့သလို လက်ရှိမှာလည်း ပွဲတွေတစ်ခုပြီးတစ်ခုဆက်တိုက်ဖျော်ဖြေနေရတာလည်း ဖြစ်ပါတယ်။

အက်စတာကတော့ သရုပ်ဆောင်ဘက်ကို ကြိုးစားကြည့်ချင်ပေမဲ့လည်း သရုပ်ဆောင်တတ်တဲ့အထဲမှာမပါတာကတစ်ကြောင်း၊ ချင်းစကားတောင်မနည်းသင်နေရပြီး တိုင်းရင်းသားဖြစ်တဲ့အတွက် မြန်မာစကားကို အရမ်းကျွမ်းကျွမ်းကျင်ကျင်မပြောတတ်တာကြောင့် သူနဲ့ အတူတူ ရိုက်တဲ့ မင်းသားတွေမူးလဲသွားမှာစိုးလို့ ရုပ်ရှင်ကတော့ မရိုက်ဖြစ်သေးဘူးလို့လည်း ဆိုထားပါတယ်။

သရုပ်ဆောင်လုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အက်စတာက မင်းသားတွေကို အကုန်ကြိုက်ပြီး သရုပ်ဆောင်ခွင့် ရမယ်ဆိုရင်တော့ နေတိုး၊ ဇဏ်ခီ၊ ဒေါင်း၊ ပိုင်တံခွန်တို့(၄)ယောက်နဲ့ရိုက်ချင်ပါတယ်လို့လည်း ဖြေကြားလာခဲ့ပါတယ်။

ပရိသတ်ကြီးတွေရော အက်စတာကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေလုပ်ကိုင်တာကို မြင်ချင်နေကြပြီလား။