ဝိတ္က်ေစမယ့္ သၾကားမုန္လာ ေဖ်ာ္နည္း (၃) မ်ိဳ

Zawgyi

အားလံုးပဲ မဂၤလာပါ။ ဝိတ္က်ခ်င္ေပမယ့္ အစားလည္း မေလ်ာ့ႏိုင္ ေလ့က်င့္ခန္းလည္း မျပဳလုပ္ႏိုင္လို႔ စိတ္ညစ္ေနၿပီလား။

အစားလည္း ေလ်ာ့စရာမလို ေလ့က်င့္ခန္းလည္း ျပဳလုပ္စရာမလိုဘဲ ဝိတ္က်ေစမယ့္ နည္းလမ္းေကာင္းတစ္ခုရွိပါတယ္။ သၾကားမုန္လာေဖ်ာ္ရည္ ေသာက္သံုးၿပီး ဝိတ္ခ်ျခင္းပဲျဖစ္ပါတယ္။

သၾကားမုန္လာဥ ေဖ်ာ္နည္း (၃) နည္း ရွိတဲ့အနက္ မိမိႏွစ္သက္တဲ့ နည္းတစ္မ်ိဳးမ်ိဳးျဖင့္ ေဖ်ာ္ေသာက္ၿပီး ခႏၶာကိုယ္ရွိ အဆီပိုမ်ားကို ဖယ္ရွားလိုက္ရေအာင္။

သၾကားမုန္လာႏွင့္ သံပုရာသီး

ပါဝင္ပစၥည္းမ်ား။ သၾကားမုန္လာ ၁၅၀ ဂရမ္ (အေနေတာ္ အတံုး တံုးထားပါ)။ သံပုရာရည္ စားပြဲတင္ဇြန္း ေလးဇြန္း။ ေရ ၆၀ မီလီလီတာခန္႔။ ဆား အနည္းငယ္။

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ သၾကားမုန္လာအတံုးမ်ားကို သစ္သီးေဖ်ာ္စက္ထဲ ထည့္ေမႊေပးလိုက္ပါ။ ၂။ ေရထည့္ၿပီး ထပ္ေဖ်ာ္ေပးလိုက္ပါ။ ရရွိလာတဲ့ ေဖ်ာ္ရည္ကို ဖန္ခြက္ထဲ ေျပာင္းထည့္လိုက္ပါ။

၃။ ထို႔ေနာက္ ဆားအနည္းငယ္ႏွင့္ သံပုရာရည္တို႔ကို ဖန္ခြက္ထဲထည့္ၿပီး သမေအာင္ ေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ့ ေသာက္သံုးေပးလို႔ရပါၿပီ။

တရုတ္နံနံႏွင့္ သၾကားမုန္လာေဖ်ာ္ရည္

ပါဝင္ပစၥည္းမ်ား။ သၾကားမုန္လာ တစ္ျခမ္း (အေနေတာ္ တံုးထားပါ)။ တရုတ္နံနံ တစ္ပင္ (ပါးပါးလွီးထားပါ) သံပုရာရည္ စားပြဲတင္ဇြန္းႏွစ္ဇြန္း ဆား အနည္းငယ္။

ျပဳလုပ္နည္း အဆင့္ဆင့္။ ၁။ သၾကားမုန္လာႏွင့္ နံနံပင္တို႔ကို သစ္သီးေဖ်ာ္စက္ထဲ ထည့္ေဖ်ာ္လိုက္ပါ။ ရရွိလာတဲ့အႏွစ္မ်ားကို ဖန္ခြက္ထဲထည့္လိုက္ပါ။

၂။ သံပုရာရည္ႏွင့္ ဆားတို႔ကို ဖန္ခြက္ထဲထည့္ၿပီး သမေအာင္ ေမႊေပးလိုက္ပါ။ ရရွိလာတဲ့ ေဖ်ာ္ရည္ကို ဝိတ္က်ဖို႔အတြက္ ေသာက္သံုးေပးႏိုင္ပါတယ္။

ပန္းသီးႏွင့္ သၾကားမုန္လာေဖ်ာ္ရည္

ပါဝင္ပစၥည္းမ်ား။ သၾကားမုန္လာ တစ္ျခမ္း း။ ပန္းသီး တစ္ျခမ္း။ သစ္ၾကမ္းပိုးေခါက္အမႈန္႔ အနည္းငယ္ ဆား အနည္းငယ္

ျပဳလုပ္နည္း အဆင့္ဆင့္။ ၁။ သၾကားမုန္လာႏွင့္ ပန္းသီးကို အေနေတာ္ တံုးၿပီးေနာက္ သစ္သီးေဖ်ာ္စက္ထဲ ထည့္ၿပီး ေရအနည္းငယ္ထည့္ကာ ေဖ်ာ္ေပးလိုက္ပါ။

၂။ ရရွိလာတဲ့ေဖ်ာ္ရည္ကို ဖန္ခြက္ထဲထည့္လိုက္ပါ။ သစ္ၾကမ္းပိုးေခါက္ႏွင့္ ဆားတို႔ထည့္ၿပီး သမေအာင္ ေမႊေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ ဝိတ္က်ဖို႔အတြက္ ေသာက္သံုးႏိုင္ပါၿပီ။

Unicode

အားလုံးပဲ မင်္ဂလာပါ။ ဝိတ်ကျချင်ပေမယ့် အစားလည်း မလျော့နိုင် လေ့ကျင့်ခန်းလည်း မပြုလုပ်နိုင်လို့ စိတ်ညစ်နေပြီလား။

အစားလည်း လျော့စရာမလို လေ့ကျင့်ခန်းလည်း ပြုလုပ်စရာမလိုဘဲ ဝိတ်ကျစေမယ့် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ သကြားမုန်လာဖျော်ရည် သောက်သုံးပြီး ဝိတ်ချခြင်းပဲဖြစ်ပါတယ်။ ခရက်ဒစ်

သကြားမုန်လာဥ ဖျော်နည်း (၃) နည်း ရှိတဲ့အနက် မိမိနှစ်သက်တဲ့ နည်းတစ်မျိုးမျိုးဖြင့် ဖျော်သောက်ပြီး ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားလိုက်ရအောင်။

သကြားမုန်လာနှင့် သံပုရာသီး

ပါဝင်ပစ္စည်းများ။ သကြားမုန်လာ ၁၅၀ ဂရမ် (အနေတော် အတုံး တုံးထားပါ)။ သံပုရာရည် စားပွဲတင်ဇွန်း လေးဇွန်း။ ရေ ၆၀ မီလီလီတာခန့်။ ဆား အနည်းငယ်။

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သကြားမုန်လာအတုံးများကို သစ်သီးဖျော်စက်ထဲ ထည့်မွှေပေးလိုက်ပါ။ ၂။ ရေထည့်ပြီး ထပ်ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။

၃။ ထို့နောက် ဆားအနည်းငယ်နှင့် သံပုရာရည်တို့ကို ဖန်ခွက်ထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ သောက်သုံးပေးလို့ရပါပြီ။

တရုတ်နံနံနှင့် သကြားမုန်လာဖျော်ရည်

ပါဝင်ပစ္စည်းများ။ သကြားမုန်လာ တစ်ခြမ်း (အနေတော် တုံးထားပါ)။ တရုတ်နံနံ တစ်ပင် (ပါးပါးလှီးထားပါ) သံပုရာရည် စားပွဲတင်ဇွန်းနှစ်ဇွန်း ဆား အနည်းငယ်။

ပြုလုပ်နည်း အဆင့်ဆင့်။ ၁။ သကြားမုန်လာနှင့် နံနံပင်တို့ကို သစ်သီးဖျော်စက်ထဲ ထည့်ဖျော်လိုက်ပါ။ ရရှိလာတဲ့အနှစ်များကို ဖန်ခွက်ထဲထည့်လိုက်ပါ။

၂။ သံပုရာရည်နှင့် ဆားတို့ကို ဖန်ခွက်ထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို ဝိတ်ကျဖို့အတွက် သောက်သုံးပေးနိုင်ပါတယ်။

ပန်းသီးနှင့် သကြားမုန်လာဖျော်ရည်

ပါဝင်ပစ္စည်းများ။ သကြားမုန်လာ တစ်ခြမ်း း။ ပန်းသီး တစ်ခြမ်း။ သစ်ကြမ်းပိုးခေါက်အမှုန့် အနည်းငယ် ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်။ ၁။ သကြားမုန်လာနှင့် ပန်းသီးကို အနေတော် တုံးပြီးနောက် သစ်သီးဖျော်စက်ထဲ ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ဖျော်ပေးလိုက်ပါ။

၂။ ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲထည့်လိုက်ပါ။ သစ်ကြမ်းပိုးခေါက်နှင့် ဆားတို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ ဝိတ်ကျဖို့အတွက် သောက်သုံးနိုင်ပါပြီ။