စင်္ကာပူမှာ ကြော်ငြာသွားရိုက်ဖို့ အင်္ဂလိပ်စကား လေ့ကျင့်နေတယ်ဆိုတဲ့ ဖြူဖြူထွေး
Zawgyi
Unicode
ပရိသတ်ကြီးရေ.. ဟာသသရုပ်ဆောင် ဖြူဖြူထွေးကတော့ အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ စိတ်ဝင်စား အာရုံစိုက်မှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်နော်။အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ အောင်မြင်မှုတွေ ရရှိလာတာနဲ့အမျှ
သူမဟာ ရိုက်ကူးရေးတွေအများကြီးကမ်းလှမ်းခံရပြီး ကြောငြာတွေလည်း လက်ခံရိုက်ကူးနေပြီ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ စင်္ကာပူကို ကြော်ငြာရိုက်ဖို့ သွားရမယ်လို့ သိရပါတယ် ။
စင်္ကာပူကို ကြော်ငြာသွားရိုက်ဖို့ကမ်းလှမ်းခံထားရတာ ကြာပြီဆိုပေမယ့် passport လုပ်နေတုန်းမို့ တဖက်ကစောင့်ပေးနေတာဖြစ်ပြီး လေယာဉ်လက်မှတ်အတွက်ပါ ဒေါ်လာတွေ စရံချပေးနေပြီလို့ သိရပါတယ် ။
ရိုးသားပြီး ပွင့်လင်းတဲ့ ဖြူဖြူထွေးကတော့ စင်္ကာပူလေဆိပ်ရောက်ရင် ဘယ်အပေါက်ကပြန်ထွက်ရမှန်း မသိမှာကိုတော့ စိုးရိမ်မိပါတယ်တဲ့ ။ အရင်က အင်္ဂလိပ်စာသင်တန်းတွေ တက်ဖူးပေမယ့် နောက်ပိုင်းတွေ သေချာလေ့လာပြီးရင်တော့ နိုင်ငံခြားကို သွားရဲပါပြီလို့ သူမရဲ့ ခံစားချက်လေးကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။
နိုင်ငံခြား ခရီးစဉ်တစ်ခါမှ မသွားဖူးလို့ စိတ်လှုပ်ရှားနေတဲ့ ဖြူဖြူထွေးကတော့ အင်္ဂလိပ်စာတွေကို အစွမ်းကုန်လေ့လာနေပါပြီတဲ့ ပရိသတ်ကြီးရေ။ ဒီနိုင်ငံခြားခရီးစဉ်လေးမှာ သူမနဲ့ အတူ သူမရဲ့ အမကလည်း လိုက်ပါမှာ ဖြစ်ပြီး စင်္ကာပူမှာ ရိုက်ကူးမယ့် ဖြူဖြူထွေးရဲ့ နှစ်ကိုယ်ခွဲ ကြော်ငြာလေးကို အားပေးလိုက်ကြပါဦး နော် ။ ခရက်ဒစ်