ဝူဟန္ဗိုင္းရပ္စ္ပိုးဟာ ၂၀၂၀ မတ္လ မွာ တစ္ကမာၻလုံး ပ်ံ့ႏွံကူးစက္ နိုင္ေၾကာင္း တရားဝင္ သတိေပးေျပာဆို

Zawgyi

ဝူဟန္ဗိုင္းရပ္စ္ပိုးဟာ ၂၀၂၀ မတ္လ မွာ တစ္ကမာၻလုံး ပ်ံ့ႏွံကူးစက္ နိုင္ေၾကာင္း တရားဝင္ သတိေပးေျပာဆို

တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ခဲ့တဲ့ ကိုရိုနာဗိုင္းရပ္စ္ပိုးဟာ လက္ရွိအခ်ိန္မွာ နိုင္ငံ ၁၃ နိုင္ငံထိ ကူးစက္ေနပါၿပီ…တ႐ုတ္မွာလည္း လူ ၂၈၀၀ ေက်ာ္ကူးစက္ခံေနရၿပီး ၈၁ ဦးထိ ေသဆုံးခဲ့ရပါတယ္။

ယခုလိုသာ ျပန႔္ႏွံ႕ေနမယ္ဆိုရင္ ကိုရိုနာဗိုင္းရပ္စ္ဟာ မတ္လမကုန္မီ တစ္ကမာၻလုံးျပန႔္ႏွံ႕ သြားမယ္လို႔ ႐ုရွားက ပညာရွင္တစ္ဦးက ဆိုလာပါၿပီ….

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၇ ရက္ေန႕မွာ ႐ုရွားသိပၸံအကယ္ဒမီ RAS အႀကီးအကဲျဖစ္တဲ့ အလက္ဆန္းဒါးဆာဂ်ီးက သတင္းေထာက္ေတြကို အထက္ပါအတိုင္းဆိုခဲ့တာပါ.။

ဒီေရာဂါကို ကုသဖို႔အတြက္ ေဆးဝါးအမ်ိဳးအစား ၃၀ ခန႔္ရွိၿပီး HIV ကုသရာမွာ သုံးတဲ့ ေဆး ၁၂ မ်ိဳးလည္း ပါဝင္တယ္လို႔ သိရပါတယ္….

ဒီလို ေဆးဝါးေတြရွိေပမယ့္လည္း ကူးစက္ႏႈန္းထားျမင့္ေနတာေၾကာင့္ မတ္လမကုန္မီ တစ္ကမာၻလုံးကူးစက္နိုင္တယ္လို႔ ဆိုလာခဲ့တာပါ….

လက္ရွိအခ်ိန္ထိေတာ့ ႐ုရွားနိုင္ငံမွာ ကူးစက္ခံထားရသူ မေတြ႕ေသးဘူးလို႔ ဆိုပါတယ္…အဆိုပါ ပညာရွင္ေျပာသလို တစ္ကမာၻလုံးမျဖစ္လာပါေစနဲ႕လို႔လည္း အားလုံးဆုေတာင္းေပးၾကပါအုံးေနာ္…

Unicode

ဝူဟန်ဗိုင်းရပ်စ်ပိုးဟာ ၂၀၂၀ မတ်လ မှာ တစ်ကမ္ဘာလုံး ပျံ့နှံကူးစက် နိုင်ကြောင်း တရားဝင် သတိပေးပြောဆို

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လက်ရှိအချိန်မှာ နိုင်ငံ ၁၃ နိုင်ငံထိ ကူးစက်နေပါပြီ…တရုတ်မှာလည်း လူ ၂၈၀၀ ကျော်ကူးစက်ခံနေရပြီး ၈၁ ဦးထိ သေဆုံးခဲ့ရပါတယ်။

ယခုလိုသာ ပြန့်နှံ့နေမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဟာ မတ်လမကုန်မီ တစ်ကမ္ဘာလုံးပြန့်နှံ့ သွားမယ်လို့ ရုရှားက ပညာရှင်တစ်ဦးက ဆိုလာပါပြီ….

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ရုရှားသိပ္ပံအကယ်ဒမီ RAS အကြီးအကဲဖြစ်တဲ့ အလက်ဆန်းဒါးဆာဂျီးက သတင်းထောက်တွေကို အထက်ပါအတိုင်းဆိုခဲ့တာပါ.။

ဒီရောဂါကို ကုသဖို့အတွက် ဆေးဝါးအမျိုးအစား ၃၀ ခန့်ရှိပြီး HIV ကုသရာမှာ သုံးတဲ့ ဆေး ၁၂ မျိုးလည်း ပါဝင်တယ်လို့ သိရပါတယ်….

ဒီလို ဆေးဝါးတွေရှိပေမယ့်လည်း ကူးစက်နှုန်းထားမြင့်နေတာကြောင့် မတ်လမကုန်မီ တစ်ကမ္ဘာလုံးကူးစက်နိုင်တယ်လို့ ဆိုလာခဲ့တာပါ….

လက်ရှိအချိန်ထိတော့ ရုရှားနိုင်ငံမှာ ကူးစက်ခံထားရသူ မတွေ့သေးဘူးလို့ ဆိုပါတယ်…အဆိုပါ ပညာရှင်ပြောသလို တစ်ကမ္ဘာလုံးမဖြစ်လာပါစေနဲ့လို့လည်း အားလုံးဆုတောင်းပေးကြပါအုံးနော်…