ဝူဟန္ၿမိဳ႕ရွိ ျမန္မာေက်ာင္းသား ၆ဝကို ကူမင္းမွတဆင့္ မႏၲေလးသို႔ ပို႔ေဆာင္မည္

Zawgyi

ရန္ကုန္၊ ဇန္နဝါရီ ၂၇ ။ ။ ျပင္းထန္အဆုတ္ေရာင္ေရာဂါ ကိုရိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားၿပီး ေရာဂါကူးစက္ခံရသူႏွင့္ ေသဆုံးသူဦးေရ တစ္ေန႕တစ္ျခားတိုးလာေနေသာ ဝူဟန္ၿမိဳ႕၌ ေခတၱေရာက္ရွိေနေသာ ျမန္မာ ေက်ာင္းသား၊ ေက်ာင္းသူ အေယာက္ ၆ဝ ကို တ႐ုတ္နိုင္ငံ ခ်န္းရွၿမိဳ႕ကတစ္ဆင့္ မႏၲေလးၿမိဳ႕သို႔ ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္းတ႐ုတ္နိုင္ငံ၊ ေပက်င္းၿမိဳ႕ရွိ ျမန္မာနိုင္ငံသံ႐ုံးမွ ဇန္နဝါရီလ ၂၆ ရက္ေန႕တြင္ ထုတ္ျပန္ထားသည္။

လက္ရွိအခ်ိန္တြင္ ျမန္မာေက်ာင္းသားမ်ား ဝူဟန္ၿမိဳ႕မွ ခ်န္းရွၿမိဳ႕သို႔ ဘတ္စ္ကားျဖင့္ ထြက္ခြာနိုင္ရန္ စီစဥ္လွ်က္ရွိၿပီး ခ်န္းရွၿမိဳ႕မွ တိုက္ရိုက္ေလေၾကာင္းျဖင့္ ျဖစ္ေစ၊ ကူမင္း Transit ျဖင့္ျဖစ္ေစ ျမန္မာနိုင္ငံ၊

မႏၲေလးၿမိဳ႕သို႔ အျမန္ဆုံးပို႔ေဆာင္ေပးနိုင္ရန္ တ႐ုတ္နိုင္ငံ ဟူေပျပည္နယ္ နိုင္ငံျခားေရး႐ုံး၊ ဟူနန္ျပည္နယ္ နိုင္ငံျခားေရး႐ုံးမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သံ႐ုံးက ထုတ္ျပန္ထားသည္။

ေလယာဥ္လက္မွတ္ရရွိနိုင္သည့္အေပၚ မူတည္ၿပီး မႏၲေလးၿမိဳ႕သို႔ထြက္ခြာရမည္ျဖစ္ေသာေၾကာင့္ ေက်ာင္းသားအေယာက္ ၆ဝ လုံး တစ္ႀကိမ္တည္းပို႔ေဆာင္ရန္ မျဖစ္နိုင္ပါက ေက်ာင္းသားအခ်ိဳ႕အေနျဖင့္ ခ်န္းရွၿမိဳ႕တြင္ ေလယာဥ္ေစာင့္ဆိုင္းရဖြယ္ရွိေၾကာင္းလည္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဇန္နဝါရီလ ၂၃ ရက္ေန႕ကစတင္ၿပီး ကိုရိုနာဗိုင္းရပ္စ္ေရာဂါသစ္စတင္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕မွ ထြက္ခြာမည့္ ေလယာဥ္၊ ရထားခရီးစဥ္မ်ားကို ရပ္ဆိုင္းလိုက္ေၾကာင္း တ႐ုတ္အစိုးရက သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ၿမိဳ႕တြင္ က်န္ရွိေနေသာ ျမန္မာေက်ာင္းသား ၆ဝ က လက္ရွိတြင္ ေက်ာင္းသားအားလုံး က်န္းမာေရးေကာင္းမြန္ေနေသာေၾကာင့္

လိုအပ္ေသာက်န္းမာေရးစစ္ေဆးမႈမ်ား ခံယူၿပီး ျမန္မာနိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးရန္ႏွင့္ လိုအပ္ေနေသာ ေဆးဝါးစားနပ္ရိကၡာမ်ားကူညီေပးရန္ တ႐ုတ္နိုင္ငံရွိ ျမန္မာနိုင္ငံသံ႐ုံးကို ဇန္နဝါရီလ ၂၅ ရက္ေန႕က စာေပးပို႔ခဲ့ျခင္းျဖစ္သည္။

ဝူဟန္ၿမိဳ႕တြင္ နိုင္ငံျခားသား ေထာင္ႏွင့္ခ်ီပိတ္မိေနၿပီး အေမရိကန္၊ ျပင္သဈ၊ ဂ်ပန္ႏွင့္ ထိုင္းနိုင္ငံတို႔သည္ ၎တို႔၏နိုင္ငံသားမ်ားကို ေလယာဥ္ျဖင့္ ေဘးကင္းရာသို႔ေျပာင္းေ႐ႊ႕ရန္ စီစဥ္လ်က္ေၾကာင္း နိုင္ငံတကာသ တင္းမ်ား တြင္ ေဖာ္ျပထားသည္။

တ႐ုတ္တြင္ ကိုရိုနာဗိုင္းရပ္စ္ပိုး ပ်ံ့ႏွံ႕ေနမႈေၾကာင့္ ၿမိဳ႕အဝင္အထြက္မ်ားကိုပိတ္ကာ ေရာဂါကူးစက္ခံရသူမ်ားကို ေရာဂါေျခခ်ဳပ္ျဖင့္ သီးသန႔္ထားရွိေနသည့္ၾကားကပင္ ေသဆုံးသူဦးေရသည္ ဇန္နဝါရီ ၂၇ ရက္ မနက္အေစာ ပိုင္းအထိ အနည္းဆုံး ၈၀ ဦးရွိသြားၿပီျဖစ္ေၾကာင္း AFP သတင္းတြင္ ေဖာ္ျပထားသည္။

အျခားျပည္ပနိုင္ငံမ်ားတြင္လည္း ေရာဂါကူးစက္ခံရမႈမ်ားရွိလာသည္။ ထိုင္းနိုင္ငံတြင္ ထိုင္းနိုင္ငံသားတစ္ဦးႏွင့္ တ႐ုတ္နိုင္ငံသား ခုႏွစ္ဦးတြင္ ေရာဂါပိုးေတြ႕ရွိထားၿပီး တ႐ုတ္နိုင္ငံၿပီးလွ်င္ ဒုတိယအမ်ားဆုံးျဖစ္သည္။

ျမန္မာနိုင္ငံတြင္ လက္ရွိအခ်ိန္အထိ သံသယလူနာမေတြ႕ရွိရေသးေၾကာင္းႏွင့္ အျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားတြင္ thermal scanner မ်ားျဖင့္ စစ္ေဆးေဆာင္႐ြက္မႈ၊ ျမန္မာတ႐ုတ္နယ္စပ္ၿမိဳ႕မ်ားတြင္ စစ္ေဆးမႈမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ေနမႈႏွင့္

တုပ္ေကြးအတြက္ တစ္နိုင္ငံလုံးလႊမ္းၿခဳံေဆး႐ုံမ်ားျဖင့္ ေဆာင္႐ြက္ေနေၾကာင္း ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရး ဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာထားသည္။

Unicode

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ။ ။ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီး ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူဦးရေ တစ်နေ့တစ်ခြားတိုးလာနေသော ဝူဟန်မြို့၌ ခေတ္တရောက်ရှိနေသော မြန်မာ ကျောင်းသား၊ ကျောင်းသူ အယောက် ၆ဝ ကို တရုတ်နိုင်ငံ ချန်းရှမြို့ကတစ်ဆင့် မန္တလေးမြို့သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းတရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာနိုင်ငံသံရုံးမှ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မြန်မာကျောင်းသားများ ဝူဟန်မြို့မှ ချန်းရှမြို့သို့ ဘတ်စ်ကားဖြင့် ထွက်ခွာနိုင်ရန် စီစဉ်လျှက်ရှိပြီး ချန်းရှမြို့မှ တိုက်ရိုက်လေကြောင်းဖြင့် ဖြစ်စေ၊ ကူမင်း Transit ဖြင့်ဖြစ်စေ မြန်မာနိုင်ငံ၊

မန္တလေးမြို့သို့ အမြန်ဆုံးပို့ဆောင်ပေးနိုင်ရန် တရုတ်နိုင်ငံ ဟူပေပြည်နယ် နိုင်ငံခြားရေးရုံး၊ ဟူနန်ပြည်နယ် နိုင်ငံခြားရေးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

လေယာဉ်လက်မှတ်ရရှိနိုင်သည့်အပေါ် မူတည်ပြီး မန္တလေးမြို့သို့ထွက်ခွာရမည်ဖြစ်သောကြောင့် ကျောင်းသားအယောက် ၆ဝ လုံး တစ်ကြိမ်တည်းပို့ဆောင်ရန် မဖြစ်နိုင်ပါက ကျောင်းသားအချို့အနေဖြင့် ချန်းရှမြို့တွင် လေယာဉ်စောင့်ဆိုင်းရဖွယ်ရှိကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ကစတင်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါသစ်စတင်ဖြစ်ပွားရာ ဝူဟန်မြို့မှ ထွက်ခွာမည့် လေယာဉ်၊ ရထားခရီးစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီးနောက် မြို့တွင် ကျန်ရှိနေသော မြန်မာကျောင်းသား ၆ဝ က လက်ရှိတွင် ကျောင်းသားအားလုံး ကျန်းမာရေးကောင်းမွန်နေသောကြောင့်

လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများ ခံယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရန်နှင့် လိုအပ်နေသော ဆေးဝါးစားနပ်ရိက္ခာများကူညီပေးရန် တရုတ်နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးကို ဇန်နဝါရီလ ၂၅ ရက်နေ့က စာပေးပို့ခဲ့ခြင်းဖြစ်သည်။

ဝူဟန်မြို့တွင် နိုင်ငံခြားသား ထောင်နှင့်ချီပိတ်မိနေပြီး အမေရိကန်၊ ပြင်သဈ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏နိုင်ငံသားများကို လေယာဉ်ဖြင့် ဘေးကင်းရာသို့ပြောင်းရွှေ့ရန် စီစဉ်လျက်ကြောင်း နိုင်ငံတကာသ တင်းများ တွင် ဖော်ပြထားသည်။

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေမှုကြောင့် မြို့အဝင်အထွက်များကိုပိတ်ကာ ရောဂါကူးစက်ခံရသူများကို ရောဂါခြေချုပ်ဖြင့် သီးသန့်ထားရှိနေသည့်ကြားကပင် သေဆုံးသူဦးရေသည် ဇန်နဝါရီ ၂၇ ရက် မနက်အစော ပိုင်းအထိ အနည်းဆုံး ၈၀ ဦးရှိသွားပြီဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

အခြားပြည်ပနိုင်ငံများတွင်လည်း ရောဂါကူးစက်ခံရမှုများရှိလာသည်။ ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားတစ်ဦးနှင့် တရုတ်နိုင်ငံသား ခုနှစ်ဦးတွင် ရောဂါပိုးတွေ့ရှိထားပြီး တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ သံသယလူနာမတွေ့ရှိရသေးကြောင်းနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် thermal scanner များဖြင့် စစ်ဆေးဆောင်ရွက်မှု၊ မြန်မာတရုတ်နယ်စပ်မြို့များတွင် စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုနှင့်

တုပ်ကွေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံဆေးရုံများဖြင့် ဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောထားသည်။