ျမန္မာႏိုင္ငံနယ္စပ္ တရုတ္ျပည္ယူနန္တြင္ ဝူဟန္ေကာ္ရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူမ်ားေတြ႕ရိွ

Zawgyi

ရန္ကုန္၊ ဇန္န၀ါရီ ၂၅ – ျမန္မာႏုိင္ငံႏွင့္ နယ္နိမိတ္ ထိစပ္ေနေသာ တရုတ္ႏိုင္ငံ ယူနန္ျပည္နယ္တြင္ ၀ူဟန္ေကာ္ရုိနာဗုိင္းရပ္စ္ ကူးစက္ခံေနရသူမ်ားရွိလာေနၿပီး အဆုိပါ၀ူဟန္ေကာ္ရုိနာဗုိင္းရပ္စ္ အဆုတ္နာ ေရာဂါေၾကာင့္ တရုတ္ႏုိ္င္ငံတြင္ ေသဆုံးသူ ၄၁ ဦးထိရွိလာၿပီး

တရုတ္အပါအ၀င္ အျခားႏုိင္ငံမ်ားတြင္ ပုိးကူးစက္ခံရသူလူနာ ၁၁၃၈ ဦးရွိလာေၾကာင္း CNN သတင္းဌာနႏွင့္ South China Morning Post သတင္းဌာနမ်ား၏ သတင္းေဖာ္ျပခ်က္အရ သိရွိရသည္။

တရုတ္ႏုိ္င္ငံ၏ ၿမိဳ႕ ၂၉ ခုတြင္ ေရာဂါကူးစက္ခံရမႈမ်ားရွိလာေနၿပီး တရုတ္ဗဟုိအစုိးရက ၿမိဳ႕ႀကီး ၁၁ ၿမိဳ႕ကို သြားလာမႈမ်ားကုိ ပိတ္ပင္ထားသည္။

ေရာဂါကူးစက္ခံေနရေသာ တရုတ္ၿမိဳ႕ႀကီးမ်ားတြင္ ျမန္မာႏုိင္ငံႏွင့္နယ္နယ္မိတ္ျခင္း ထိစပ္ေနသည့္ ယူနန္ျပည္နယ္လည္းပါ၀င္ေၾကာင္း တရုတ္အာဏာပုိင္မ်ား၏ ထုတ္ျပန္ခ်က္ ကုိးကား၍ CNN သတင္းဌာန၏ သတင္းေဖာ္ျပခ်က္အရ သိရွိရသည္။

တရုတ္ႏွစ္သစ္ကူး ပြဲေတာ္က်င္းပမႈမ်ားကိုလည္း တရုတ္အာဏာပုိင္မ်ားက ပိတ္ပင္မႈမ်ား ရွိေနၿပီး ေရာဂါစတင္ျဖစ္ပြားရာ ၀ူဟန္ၿမိဳ႕တြင္ သြားလာခြင့္ပိတ္ပင္ထားျခင္းေၾကာင့္ ၿမိဳ႕ေန လူ သန္းေပါင္းမ်ားစြာ

အစားအစာျပတ္ေတာက္မႈမ်ား၊ လူနာမ်ားႏွင့္ ေဆးရုံမ်ား ၀ရုန္းသုန္းကားျဖစ္ေနမႈမ်ား၊ ၿမိဳ႕ပ်က္ႀကီးတစ္ခုသုိ႔ ျဖစ္ပ်က္ေနကာ အကူအညီမ်ားစြာ လိုအပ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပသည္။

Unicode

ရန်ကုန်၊ ဇန်နဝါရီ ၂၅ – မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူများရှိလာနေပြီး အဆိုပါဝူဟန်ကော်ရိုနာဗိုင်းရပ်စ် အဆုတ်နာ ရောဂါကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ ၄၁ ဦးထိရှိလာပြီး

တရုတ်အပါအဝင် အခြားနိုင်ငံများတွင် ပိုးကူးစက်ခံရသူလူနာ ၁၁၃၈ ဦးရှိလာကြောင်း CNN သတင်းဌာနနှင့် South China Morning Post သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

တရုတ်နိုင်ငံ၏ မြို့ ၂၉ ခုတွင် ရောဂါကူးစက်ခံရမှုများရှိလာနေပြီး တရုတ်ဗဟိုအစိုးရက မြို့ကြီး ၁၁ မြို့ကို သွားလာမှုများကို ပိတ်ပင်ထားသည်။

ရောဂါကူးစက်ခံနေရသော တရုတ်မြို့ကြီးများတွင် မြန်မာနိုင်ငံနှင့်နယ်နယ်မိတ်ခြင်း ထိစပ်နေသည့် ယူနန်ပြည်နယ်လည်းပါဝင်ကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက် ကိုးကား၍ CNN သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

တရုတ်နှစ်သစ်ကူး ပွဲတော်ကျင်းပမှုများကိုလည်း တရုတ်အာဏာပိုင်များက ပိတ်ပင်မှုများ ရှိနေပြီး ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့တွင် သွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် မြို့နေ လူ သန်းပေါင်းများစွာ အစားအစာပြတ်တောက်မှုများ၊ လူနာများနှင့် ဆေးရုံများ ဝရုန်းသုန်းကားဖြစ်နေမှုများ၊ မြို့ပျက်ကြီးတစ်ခုသို့ ဖြစ်ပျက်နေကာ အကူအညီများစွာ လိုအပ်ကြောင်း သတင်းများက ဖော်ပြသည်။