ဝူဟန္ၿမိဳ႕ရွိ ျမန္မာေက်ာင္းသားမ်ား ပိတ္မိေန၊ အစာႏွင့္ ေဆးဝါးမ်ား ျပတ္လပ္ေန

Zawgyi

တ႐ုတ္အဆုတ္ေရာင္ေရာဂါ 2019 Novel Corona Virus ေၾကာင့္ တ႐ုတ္ ႏိုင္ငံ ဝူဟန္ၿမိဳ႕ အဝင္အထြက္ကို ပိတ္လိုက္သျဖင့္ ယင္းၿမိဳ႕ရွိ တကၠသိုလ္မ်ားတြင္ တက္ေရာက္ေနသည့္ ျမန္မာေက်ာင္းသား၊ ေက်ာင္းသူ ငါးဆယ္ခန္႔ အစားအစာႏွင့္ ေဆးဝါးျပတ္လပ္မႈ အခက္အခဲမ်ား ျဖစ္ေပၚေနေၾကာင္း ဝူဟန္ၿမိဳ႕ေရာက္ ျမန္မာမ်ားထံမွ သိရသည္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ ျဖစ္ပြားလ်က္ရွိေသာ 2019 Novel Corona Virus ေၾကာင့္ ဇန္နဝါရီလ ၂၃ ရက္အထိ ေသဆုံးသည့္ အေရအတြက္မွာ ၁၇ ဦးအထိ ရွိလာျခင္းေၾကာင့္ ဝူဟန္ၿမိဳ႕၏ အဝင္အထြက္မ်ားကို အာဏာပိုင္မ်ားက ပိတ္ထားလိုက္ျခင္းျဖစ္ေၾကာင္း ဝူဟန္ေရာက္ျမန္မာ ေက်ာင္းသားမ်ားက ေျပာၾကားသည္။

ထို႔ျပင္ ျမန္မာေက်ာင္းသားမ်ား တက္ေရာက္ေနသည့္ တကၠသိုလ္မွ တာဝန္ရွိသူမ်ားကလည္း ေက်ာင္းအျပင္မထြက္ရန္ သတိေပးတားျမစ္ထားသည့္အတြက္ ဇန္နဝါရီ ၂၀ ရက္မွ စတင္ကာ ၂၃ ရက္အထိ အျပင္ထြက္ႏိုင္ျခင္းမရွိဘဲ အစားအစာႏွင့္ ေဆးဝါအခက္အခဲမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း ေက်ာင္းသားမ်ားက ေျပာဆိုသည္။

“Local Government ကေတာ့ ဒီေန႔မနက္ ကိုးနာရီေလာက္မွာ ဖုန္း မက္ေဆ့ခ်္ေတြကေန ေလေၾကာင္းေတြ၊ ရထားလိုင္းေတြ၊ ဘတ္စ္ေတြကို ဘေလာ့လုပ္လိုက္ပါၿပီဆိုၿပီး ပို႔ထားပါတယ္။

ကြၽန္ေတာ္တို႔က အေဆာင္မွာေနရတဲ့အတြက္ အေဆာင္မႉးေတြက အျပင္မထြက္ဖို႔အတြက္ တားထားတဲ့အတြက္ စားစရာထြက္ဝယ္ဖို႔ အဆင္မေျပတဲ့ အေျခအေနပါ” ဟု Wuhan University of Technology တြင္ ေက်ာင္းတက္ေနသည့္ ကိုစည္သူထြန္းက The Voice သို႔ေျပာၾကားသည္။

အႏၲရာယ္ရွိေသာ အေျခအေနျဖစ္သည့္အျပင္ ဘာသာစကားအခက္အခဲပါ ရွိသည့္အတြက္ ဝူဟန္ေရာက္ႏိုင္ငံျခားသားမ်ားအေနႏွင့္ အျပင္ထြက္ျခင္းမရွိေၾကာင္း၊ တ႐ုတ္ႏွစ္ကူးခ်ိန္ ျဖစ္သည့္အတြက္ ဆိုင္မ်ားလည္း ပိတ္ထားေၾကာင္း ၎က ဆိုသည္။

ယခုအေျခအေနႏွင့္ ပတ္သက္၍ တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွလည္း ဆက္သြယ္ျခင္းမရွိေၾကာင္း ကိုစည္သူထြန္းက ဆက္လက္ေျပာဆိုသည္။

ဝူဟန္ၿမိဳ႕တြင္ တကၠသိုလ္ ၄၀ ဝန္းက်င္ ရွိၿပီး ျမန္မာႏိုင္ငံမွ တက္ေရာက္ေနေသာ ေက်ာင္းသားေက်ာင္းသူ အေရအတြက္ မွာ ၁၃၄ ဦးရွိေၾကာင္း၊ ၿပီးခဲ့သည့္ ႏွစ္ပတ္ ခန္႔က ႏွစ္သစ္ကူးပိတ္ရက္မ်ားေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူ တစ္ဝက္ခန္႔မွာ ျမန္မာႏိုင္ငံသို႔ျပန္လည္ေရာက္ရွိေနၿပီး၊ တစ္ဝက္ခန္႔မွာ ဝူဟန္ၿမိဳ႕တြင္ က်န္ရွိေန ေသးသည္ဟု ၎ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

ထိုတ႐ုတ္အဆုတ္ေရာင္ေရာဂါ ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕မွ ေလယာဥ္ တစ္စင္းမွာလည္း ရန္ကုန္ေလဆိပ္သို႔ ဇန္နဝါရီ ၂၃ ရက္ မနက္အေစာပိုင္းက ဆိုက္ေရာက္လာၿပီး ေလယာဥ္ေပၚတြင္ ပါလာသူမ်ားကို ေစာင့္ၾကည့္ စစ္ေဆးလ်က္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန အသိုင္းအဝိုင္းမွ သိရသည္။

၎ဗိုင္းရပ္စ္ျဖစ္ပြားေနသည့္အတြက္ တ႐ုတ္ႏိုင္ငံႏွင့္ ထိစပ္ေနသည့္ နယ္စပ္ ဝင္/ထြက္ေပါက္ ဂိတ္မ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈျခင္းႏွင့္ တုံ႔ျပန္ေဆာင္႐ြက္ျခင္းမ်ား အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ေနေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဇန္နဝါရီ ၂၂ ရက္တြင္ သတင္းထုတ္ျပန္ထားသည္။

ခရက္ဒစ္ – ေအာင္သက္ကို၊ The Voice

Unicode

ဝူဟန်မြို့ရှိ မြန်မာကျောင်းသားများ မြို့ထဲတွင် ပိတ်မိနေ၊ အစာနှင့် ဆေးဝါးများ ပြတ်လပ်လျက်ရှိ

တရုတ်အဆုတ်ရောင်ရောဂါ 2019 Novel Corona Virus ကြောင့် တရုတ် နိုင်ငံ ဝူဟန်မြို့ အဝင်အထွက်ကို ပိတ်လိုက်သဖြင့် ယင်းမြို့ရှိ တက္ကသိုလ်များတွင် တက်ရောက်နေသည့် မြန်မာကျောင်းသား၊ ကျောင်းသူ ငါးဆယ်ခန့် အစားအစာနှင့် ဆေးဝါးပြတ်လပ်မှု အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဝူဟန်မြို့ရောက် မြန်မာများထံမှ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Corona Virus ကြောင့် ဇန်နဝါရီလ ၂၃ ရက်အထိ သေဆုံးသည့် အရေအတွက်မှာ ၁၇ ဦးအထိ ရှိလာခြင်းကြောင့် ဝူဟန်မြို့၏ အဝင်အထွက်များကို အာဏာပိုင်များက ပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း ဝူဟန်ရောက်မြန်မာ ကျောင်းသားများက ပြောကြားသည်။

ထို့ပြင် မြန်မာကျောင်းသားများ တက်ရောက်နေသည့် တက္ကသိုလ်မှ တာဝန်ရှိသူများကလည်း ကျောင်းအပြင်မထွက်ရန် သတိပေးတားမြစ်ထားသည့်အတွက် ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ ၂၃ ရက်အထိ အပြင်ထွက်နိုင်ခြင်းမရှိဘဲ အစားအစာနှင့် ဆေးဝါအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ကျောင်းသားများက ပြောဆိုသည်။

“Local Government ကတော့ ဒီနေ့မနက် ကိုးနာရီလောက်မှာ ဖုန်း မက်ဆေ့ချ်တွေကနေ လေကြောင်းတွေ၊ ရထားလိုင်းတွေ၊ ဘတ်စ်တွေကို ဘလော့လုပ်လိုက်ပါပြီဆိုပြီး ပို့ထားပါတယ်။

ကျွန်တော်တို့က အဆောင်မှာနေရတဲ့အတွက် အဆောင်မှူးတွေက အပြင်မထွက်ဖို့အတွက် တားထားတဲ့အတွက် စားစရာထွက်ဝယ်ဖို့ အဆင်မပြေတဲ့ အခြေအနေပါ” ဟု Wuhan University of Technology တွင် ကျောင်းတက်နေသည့် ကိုစည်သူထွန်းက The Voice သို့ပြောကြားသည်။

အန္တရာယ်ရှိသော အခြေအနေဖြစ်သည့်အပြင် ဘာသာစကားအခက်အခဲပါ ရှိသည့်အတွက် ဝူဟန်ရောက်နိုင်ငံခြားသားများအနေနှင့် အပြင်ထွက်ခြင်းမရှိကြောင်း၊ တရုတ်နှစ်ကူးချိန် ဖြစ်သည့်အတွက် ဆိုင်များလည်း ပိတ်ထားကြောင်း ၎င်းက ဆိုသည်။

ယခုအခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှလည်း ဆက်သွယ်ခြင်းမရှိကြောင်း ကိုစည်သူထွန်းက ဆက်လက်ပြောဆိုသည်။

ဝူဟန်မြို့တွင် တက္ကသိုလ် ၄၀ ဝန်းကျင် ရှိပြီး မြန်မာနိုင်ငံမှ တက်ရောက်နေသော ကျောင်းသားကျောင်းသူ အရေအတွက် မှာ ၁၃၄ ဦးရှိကြောင်း၊ ပြီးခဲ့သည့် နှစ်ပတ် ခန့်က နှစ်သစ်ကူးပိတ်ရက်များကြောင့် ကျောင်းသား၊ ကျောင်းသူ တစ်ဝက်ခန့်မှာ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိနေပြီး၊ တစ်ဝက်ခန့်မှာ ဝူဟန်မြို့တွင် ကျန်ရှိနေ သေးသည်ဟု ၎င်းကျောင်းသား၊ ကျောင်းသူများ၏ ပြောကြားချက်အရ သိရသည်။

ထိုတရုတ်အဆုတ်ရောင်ရောဂါ ဖြစ်ပွားရာ ဝူဟန်မြို့မှ လေယာဉ် တစ်စင်းမှာလည်း ရန်ကုန်လေဆိပ်သို့ ဇန်နဝါရီ ၂၃ ရက် မနက်အစောပိုင်းက ဆိုက်ရောက်လာပြီး လေယာဉ်ပေါ်တွင် ပါလာသူများကို စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းမှ သိရသည်။

၎င်းဗိုင်းရပ်စ်ဖြစ်ပွားနေသည့်အတွက် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ် ဝင်/ထွက်ပေါက် ဂိတ်များတွင် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ခရက်ဒစ် – အောင်သက်ကို၊ The Voice