ဝူဟန္အဆုတ္ေယာင္ဗိုင္းရပ္စ္ တစ္ကမာၻလုံးသို႔ ကူးစက္ပ်ံ႕ႏွံ႔ႏိုင္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႕ သတိေပး

Zawgyi

တ႐ုတ္ႏိုင္ငံမွ စတင္ျဖစ္ပြားလာသည့္ ထူးဆန္းသည့္ ဗိုင္းရပ္စ္မွာ ကမာၻတစ္ဝန္းသို႔ပ်ံ႕ႏွံ႔ႏိုင္ေျခရွိေနျခင္းႏွင့္အတူ တစ္ကမာၻလုံးမွ ေဆး႐ုံမ်ားအေနျဖင့္ ႀကိဳတင္ျပင္ဆင္ထားရန္လိုအပ္ ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ မွ ေျပာၾကားလိုက္ၿပီဟု ၿဗိတိန္မွ Daily Mail သတင္းစာက ေရးသား

ေဖာ္ျပခဲ့သည္။ အဆိုပါ ဗိုင္းရပ္စ္ကို ဓါတ္ခြဲစမ္းသပ္မႈမ်ားအရ ေကာ္႐ိုနာဗိုင္းရပ္စ္အမ်ိဳးအစားႏွင့္ဆင္တူသည္ဟုလည္း ဆိုသည္။ မူလက တိရိစၦန္မ်ားမွတစ္ဆင့္ကူးစက္ျခင္းျဖစ္သည္ဟု ယူဆခဲ့ၾကေသာ္လည္း ယခုအခါ လူမွလူအခ်င္းခ်င္းကူးစက္သည့္သက္ေသမ်ားကို ေတြ႕ရွိထားၿပီး

ျဖစ္သည္ဟုလည္း WHO ၏ အဆိုအရသိရသည္။အဆိုပါဗိုင္းရပ္စ္မွာ တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕တြင္ ဒီဇင္ ဘာလမွစ၍ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ယခုအခါ တ႐ုတ္ႏိုင္ငံအတြင္း၌ လူေပါင္း ၄၁ ဦးဗိုင္းရပ္စ္ရွိေနၿပီဟုသိရသည္။ ဗိုင္းရပ္စ္ကူးစက္ထားသူလူနာမ်ားထဲမွ ၁ ဦးမွာ အဆုတ္ေယာင္မႈျဖင့္

ေသဆုံးသြားခဲ့သည္။ WHO ၌ ေပၚထြက္လာသည့္ေရာဂါမ်ားဆိုင္ရာဌာနအႀကီးအကဲအျဖစ္တာဝန္ယူထားသည့္ ေဒါက္တာ Maria Van Kerkhove က ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကိုထိန္းခ်ဳပ္ႏိုင္ရန္ တစ္ကမာၻလုံးမွ ေဆး႐ုံမ်ားသို႔ လမ္းၫႊန္မႈ႕မ်ားေပးထားၿပီး ျဖစ္သည္ဟု ဆိုသည္။

အဆိုပါလမ္းၫႊန္မႈတြင္ ဖ်ားနာသူအနည္းငယ္က တစ္ခ်ိန္တည္းမွာပင္ လူေပါင္းဒါဇင္ခ်ီ၍ ကူးစက္သြားေစႏိုင္ သည့္ အႀကီးအက်ယ္ပ်ံ႕ႏွံ႔မႈ႕ဆိုေသာ သတိေပးမႈလည္း ပါဝင္သည္ဟု သိရသည္။ အဆိုပါဗိုင္းရပ္စ္ကို WHO က ေစာင့္ၾကည့္ေနသလို ပ်ံ႕ႏွံ႔လာႏိုင္သည့္အတြက္ ကိုယ္တိုင္

ျပင္ဆင္ထားၾကရန္လည္း ေဒါက္တာ Maria Van Kerkhove ကေျပာၾကားသည္။ ဝူဟန္တြင္ ျဖစ္ပြားေနသည့္ အဆိုပါဗိုင္းရပ္စ္ မကူးစက္လာေစရန္ ရန္ကုန္ႏွင့္မႏၲေလးေလဆိပ္မ်ားတြင္ တ႐ုတ္ႏိုင္ငံမွ ဝင္ေရာက္လာသည့္ တ႐ုတ္ခရီးသည္မ်ားကို ပိုမိုေစာင့္ၾကည့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Unicode

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားလာသည့် ထူးဆန်းသည့် ဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝန်းသို့ပျံ့နှံ့နိုင်ခြေရှိနေခြင်းနှင့်အတူ တစ်ကမ္ဘာလုံးမှ ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုအပ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ပြောကြားလိုက်ပြီဟု ဗြိတိန်မှ Daily Mail သတင်းစာက ရေးသား

ဖော်ပြခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်ကို ဓါတ်ခွဲစမ်းသပ်မှုများအရ ကော်ရိုနာဗိုင်းရပ်စ်အမျိုးအစားနှင့်ဆင်တူသည်ဟုလည်း ဆိုသည်။ မူလက တိရိစ္ဆန်များမှတစ်ဆင့်ကူးစက်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း ယခုအခါ လူမှလူအချင်းချင်းကူးစက်သည့်သက်သေများကို တွေ့ရှိထားပြီး

ဖြစ်သည်ဟုလည်း WHO ၏ အဆိုအရသိရသည်။အဆိုပါဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံဝူဟန်မြို့တွင် ဒီဇင် ဘာလမှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံအတွင်း၌ လူပေါင်း ၄၁ ဦးဗိုင်းရပ်စ်ရှိနေပြီဟုသိရသည်။ ဗိုင်းရပ်စ်ကူးစက်ထားသူလူနာများထဲမှ ၁ ဦးမှာ အဆုတ်ယောင်မှုဖြင့်

သေဆုံးသွားခဲ့သည်။ WHO ၌ ပေါ်ထွက်လာသည့်ရောဂါများဆိုင်ရာဌာနအကြီးအကဲအဖြစ်တာဝန်ယူထားသည့် ဒေါက်တာ Maria Van Kerkhove က ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန် တစ်ကမ္ဘာလုံးမှ ဆေးရုံများသို့ လမ်းညွှန်မှု့များပေးထားပြီး ဖြစ်သည်ဟု ဆိုသည်။

အဆိုပါလမ်းညွှန်မှုတွင် ဖျားနာသူအနည်းငယ်က တစ်ချိန်တည်းမှာပင် လူပေါင်းဒါဇင်ချီ၍ ကူးစက်သွားစေနိုင် သည့် အကြီးအကျယ်ပျံ့နှံ့မှု့ဆိုသော သတိပေးမှုလည်း ပါဝင်သည်ဟု သိရသည်။ အဆိုပါဗိုင်းရပ်စ်ကို WHO က စောင့်ကြည့်နေသလို ပျံ့နှံ့လာနိုင်သည့်အတွက် ကိုယ်တိုင်

ပြင်ဆင်ထားကြရန်လည်း ဒေါက်တာ Maria Van Kerkhove ကပြောကြားသည်။ ဝူဟန်တွင် ဖြစ်ပွားနေသည့် အဆိုပါဗိုင်းရပ်စ် မကူးစက်လာစေရန် ရန်ကုန်နှင့်မန္တလေးလေဆိပ်များတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် တရုတ်ခရီးသည်များကို ပိုမိုစောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။