ဆံပင္ေကာက္ရင္း မ်က္ႏွာကိုထိခိုက္ဒဏ္ရာရသြားတဲ့ အဆိုေတာ္မိစႏၵီ

Zawgyi

မိစႏၵီဟာ ကေလးေလးလို ခ်စ္စရာသိပ္ေကာင္းတဲ့ ကေလးမ်က္ႏွာနဲ႔ ျဖဴစင္အျပစ္ကင္းတဲ့ အၿပဳံးပိုင္ရွင္ေလးျဖစ္ၿပီး ဂီတေလာကမွာ အခိုင္အမာေနရာတစ္ခုရရွိထားသူပါ။ ဂီတေလာကသားေတြရဲ႕ လူခ်စ္လူခင္မ်ားၿပီး အခ်စ္ခံရသူေလးျဖစ္တဲ့မိစႏၵီက ေတးသံရွင္တိုင္းနဲ႔ အဆင္ေျပစြာ ေနထိုင္

ဆက္ဆံတတ္ၿပီး အလုပ္ေတြလည္း အတူတူလုပ္တတ္သလို ႐ုပ္ေခ်ာသေဘာေကာင္းအႏုပညာရွင္ေလးမို႔ ပရိသတ္ေတြက ေလးစားၿပီး အားေပးခ်စ္ခင္ ေနၾကတယ္ဆိုရင္လည္း မမွားပါဘူး။ “မင္းရဲ႕ မမ က ထက္ျမက္တဲ့ မိန္းမရစ္တတ္တယ္ဆိုတာ မနဲ႔ မအပ္စပ္တဲ့ ကိစၥ”ဆိုတဲ့ မိစႏၵီရဲ႕ ေဈးဗန္း

ခင္းမယ္သီခ်င္းေလးဟာလည္း ပရိသတ္ေတြၾကားမွာအေတာ္ေလးေပါက္ၿပီး ပရိသတ္အားေပးမႉအျပည့္အဝရရွိထားသူပါ။ ႏိုင္ငံေက်ာ္အဆိုေတာ္ မိစႏၵီကေတာ့ မလုပ္တတ္ပဲ လွခ်င္စိတ္နဲ႔ ဆံပင္ေကာက္လိုက္တာ မ်က္ႏွာကို အပူေခ်ာင္းထိသြားတဲ့အေၾကာင္းကို “So, I accidentally

burnt myself on face with curling iron last night.. မေန႔က မလုပ္တတ္ပဲ လွခ်င္ေစာနဲ႔ ဆံပင္ေကာက္လိုက္တာ ေကာက္စက္နဲ႔ မ်က္ႏွာကို ရွဲကနဲပဲ” လို႔ သူရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။ အပူေခ်ာင္းထိသြားတာေၾကာင့္ ေနာက္ပြဲေတြေဖ်ာ္ေျဖတဲ့အခါ

မ်က္ႏွာမွာ ဒဏ္ရာေလးနဲ႔ ေတြ႕ရမွာကို “ဘာမွေတာ့ မဟုတ္ပါဘူး..ေနာက္ပြဲေတြ အမ်ားႀကီးကို ဒီမ်က္ႏွာေလးနဲ႔ပဲ ပရိတ္သတ္ေတြနဲ႔ ေတြ႕ရမွာမို႔လို႔ ႀကိဳ အေၾကာင္းၾကားတာပါ.. စိတ္လည္း မပူၾကပါနဲ႔.. လူက အေကာင္းႀကီးပါေနာ္..ဖလမ္းဖလမ္းပဲ.. ဟဲဟဲ ေနာက္ပြဲေတြမွာ အႀကီးအက်ယ္

ဆက္ကဲမယ္ေနာ္.. mwahhh အရမ္းအရမ္းခ်စ္တယ္” လို သူ႔ရဲ႕ခ်စ္ပရိသတ္ေတြကို အသိေပးထားပါေသးတယ္။ ပရိသတ္ႀကီးေရ မိစႏၵီကေတာ့ မ်က္ႏွာကိုအပူေခ်ာင္းထိထားေပမယ့္ သူကိုစိတ္မပူၾကေစဖို႔ ေျပာထားပါတယ္ေနာ္။

Unicode

မိစန္ဒီဟာ ကလေးလေးလို ချစ်စရာသိပ်ကောင်းတဲ့ ကလေးမျက်နှာနဲ့ ဖြူစင်အပြစ်ကင်းတဲ့ အပြုံးပိုင်ရှင်လေးဖြစ်ပြီး ဂီတလောကမှာ အခိုင်အမာနေရာတစ်ခုရရှိထားသူပါ။ ဂီတလောကသားတွေရဲ့ လူချစ်လူခင်များပြီး အချစ်ခံရသူလေးဖြစ်တဲ့မိစန္ဒီက တေးသံရှင်တိုင်းနဲ့ အဆင်ပြေစွာ နေထိုင်

ဆက်ဆံတတ်ပြီး အလုပ်တွေလည်း အတူတူလုပ်တတ်သလို ရုပ်ချောသဘောကောင်းအနုပညာရှင်လေးမို့ ပရိသတ်တွေက လေးစားပြီး အားပေးချစ်ခင် နေကြတယ်ဆိုရင်လည်း မမှားပါဘူး။ “မင်းရဲ့ မမ က ထက်မြက်တဲ့ မိန်းမရစ်တတ်တယ်ဆိုတာ မနဲ့ မအပ်စပ်တဲ့ ကိစ္စ”ဆိုတဲ့ မိစန္ဒီရဲ့ ဈေးဗန်း

ခင်းမယ်သီချင်းလေးဟာလည်း ပရိသတ်တွေကြားမှာအတော်လေးပေါက်ပြီး ပရိသတ်အားပေးမှူအပြည့်အဝရရှိထားသူပါ။ နိုင်ငံကျော်အဆိုတော် မိစန္ဒီကတော့ မလုပ်တတ်ပဲ လှချင်စိတ်နဲ့ ဆံပင်ကောက်လိုက်တာ မျက်နှာကို အပူချောင်းထိသွားတဲ့အကြောင်းကို “So, I accidentally

burnt myself on face with curling iron last night.. မနေ့က မလုပ်တတ်ပဲ လှချင်စောနဲ့ ဆံပင်ကောက်လိုက်တာ ကောက်စက်နဲ့ မျက်နှာကို ရှဲကနဲပဲ” လို့ သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အပူချောင်းထိသွားတာကြောင့် နောက်ပွဲတွေဖျော်ဖြေတဲ့အခါ

မျက်နှာမှာ ဒဏ်ရာလေးနဲ့ တွေ့ရမှာကို “ဘာမှတော့ မဟုတ်ပါဘူး..နောက်ပွဲတွေ အများကြီးကို ဒီမျက်နှာလေးနဲ့ပဲ ပရိတ်သတ်တွေနဲ့ တွေ့ရမှာမို့လို့ ကြို အကြောင်းကြားတာပါ.. စိတ်လည်း မပူကြပါနဲ့.. လူက အကောင်းကြီးပါနော်..ဖလမ်းဖလမ်းပဲ.. ဟဲဟဲ နောက်ပွဲတွေမှာ အကြီးအကျယ်

ဆက်ကဲမယ်နော်.. mwahhh အရမ်းအရမ်းချစ်တယ်” လို သူ့ရဲ့ချစ်ပရိသတ်တွေကို အသိပေးထားပါသေးတယ်။ ပရိသတ်ကြီးရေ မိစန္ဒီကတော့ မျက်နှာကိုအပူချောင်းထိထားပေမယ့် သူကိုစိတ်မပူကြစေဖို့ ပြောထားပါတယ်နော်။