အေမက ေထာင္က်၊ အေဖက အဆက္အသြယ္မရျဖစ္ေနၿပီး က်န္ခဲ့တဲ့ေမာင္ႏွမသုံးေယာက္အတြက္ ကူညီမ်ွေဝေပးပါ

Zawgyi

ဖခင္ျဖစ္သူက အဆက္အသြယ္မရ ျဖစ္ေနၿပီး၊ မိခင္ျဖစ္သူကလည္း ေထာင္က်ကာ က်န္ခဲ့တဲ့​ေမာင္ႏွမသုံးေယာက္အတြက္ စားေရး၊ ေန​ေရ​း၊ ပညာေရးႏွင့္ သူတို႔ေလးေတြရဲ႕ က်န္းမာေရးအတြက္ လိုအပ္ခ်က္ေတြ ရွိေနပါတယ္။ အဆိုပါ ကေလးသုံးေယာက္ရဲ႕ ဘဝဇာတ္ေၾကာင္းေလးကေတာ့

ဖခင္ျဖစ္သူက အိမ္ကေနထြက္သြားၿပီး တပ္ထဲကိုဝင္တယ္။ ေနာက္ တပ္ထဲကေနထြက္ေျပးၿပီး တပ္ေျပးအျဖစ္နဲ႕ အဆက္အသြယ္မရေတာ့ပဲ ျဖစ္လာတာ ယေန႔အခ်ိန္အထိလို႔ သိရပါတယ္။ ဖခင္ျဖစ္သူမရွိေတာ့ မိခင္ျဖစ္သူက ဝင္ေငြေလးရဖို႔ ဗူးခြံ၊ ပုလင္းခြံ ေကာက္ေရာင္းတယ္၊ အဲ့ဒီလို ဗူးခြံ၊ ပုလင္းခြံ

​ေကာက္ေရာင္းရာကေန အစိုးရဌာနပိုင္ ဝါယာႀကိဳးစကို​ေကာက္မိလို႔ ပုဒ္မ ၆၁ နဲ႕ ေထာင္ ၃ ႏွစ္က်သြားတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီကေလးသုံးေယာက္ကို လူမႈအဖြဲ႕အစည္းတစ္ခုကေန ေခၚယူ​ေစာင့္ေရွာက္ထားၿပီး မႏၲေလးၿမိဳ႕ အေျခစိုက္ (One To One ကေလးလူနာကူညီေရး)

ကိုဝမ္း(ခ) ကိုစိုင္းေနမ်ိဳးေမာင္ေမာင္မွ လစဥ္ တစ္လကိုတစ္သိန္းက်ပ္ ေထာက္ပံ့ေပးေနပါတယ္။ (One To One ကေလးလူနာကူညီေရး) အသင္းသည္ မႏၲေလးၿမိဳ႕တြင္ အေျခစိုက္တည္ရွိၿပီး ျပည္သူမ်ားရဲ႕ တကယ္လိုအပ္ေနေသာ လူမႈေရး၊ က်န္းမာေရးမ်ားကို လက္လွမ္းမွီသေလာက္အထိ ကူညီ

ကယ္တင္ ​ေထာက္ပံ့ေပးေနေသာ လူမႈကူညီေရး အသင္းျဖစ္ပါတယ္။ “ဒီကေလး သုံးေယာက္က စစ္ကိုင္းၿမိဳ႕ ေ႐ႊမင္းဝန္ရပ္ကြက္၊ က်ဴးေက်ာ္ရပ္ကြက္မွာ အရင္ကေနပါတယ္။ သူတို႔အေမ ေထာင္က်သြားေတာ့ အိမ္နားနီးခ်င္းမ်ားက ေခၚယူ​ေစာင့္ေရွာက္ပါတယ္။ ေနာက္ေတာ့ စစ္ကိုင္းၿမိဳ႕က လူမႈကူညီေရး

အဖြဲ႕က ေခၚယူၿပီး ဒီကေလးေတြကို ေစာင့္ေရွာက္ထားတာ အခုထိပါပဲ။ ကြၽန္ေတာ္တို႔ကေတာ့ ျပည္သူတို႔ရဲ႕ အလႉေငြနဲ႕ တစ္လကိုတစ္သိန္း ​ေထာက္ပံ့လာတာ သူတို႔အေမ​ေထာင္က်တဲ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလကတည္းကပါ။ ကေလးသုံးေယာက္မွာ အႀကီးဆုံးက ၈ ႏွစ္ေလာက္ပဲ ရွိပါေသးတယ္” လို႔

မႏၲေလးၿမိဳ႕ အေျခစိုက္ (One To One ကေလးလူနာကူညီေရး) ကိုဝမ္း(ခ) ကိုစိုင္းေနမ်ိဳးေမာင္ေမာင္မွ ေျပာခဲ့ပါသည္။ ပရိသတ္ႀကီးႏွင့္အတူ အြန္လိုင္းအသုံးျပဳသူ မိဘျပည္သူမ်ားမွ အဆိုပါ ကေလးသုံးေယာက္အတြက္ အလႉေငြမ်ား လႉဒါန္းလိုပါက (One To One ကေလးလူနာကူညီေရး)

ကိုဝမ္း(ခ) ကိုစိုင္းေနမ်ိဳးေမာင္ေမာင္ 09765765179၊ မႏၲေလးၿမိဳ႕။ သို႔ ဆက္သြယ္ လႉဒါန္းႏိုင္ပါေၾကာင္း ​ေဖာ္ျပေပးလိုက္ပါသည္။ မွ်ေဝေပးျခင္းသည္လည္း အလႉရွင္မ်ားေပၚေပါက္လာေစရန္ ထိေရာက္တဲ့ အကူအညီေပးျခင္း ျဖစ္ပါသည္။ သတင္း ဓာတ္ပုံ – ကိုဝမ္း(One To One ကေလးလူနာကူညီေရး)။

Unicode

ဖခင်ဖြစ်သူက အဆက်အသွယ်မရ ဖြစ်နေပြီး၊ မိခင်ဖြစ်သူကလည်း ထောင်ကျကာ ကျန်ခဲ့တဲ့မောင်နှမသုံးယောက်အတွက် စားရေး၊ နေရေး၊ ပညာရေးနှင့် သူတို့လေးတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်ချက်တွေ ရှိနေပါတယ်။ အဆိုပါ ကလေးသုံးယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကတော့

ဖခင်ဖြစ်သူက အိမ်ကနေထွက်သွားပြီး တပ်ထဲကိုဝင်တယ်။ နောက် တပ်ထဲကနေထွက်ပြေးပြီး တပ်ပြေးအဖြစ်နဲ့ အဆက်အသွယ်မရတော့ပဲ ဖြစ်လာတာ ယနေ့အချိန်အထိလို့ သိရပါတယ်။ ဖခင်ဖြစ်သူမရှိတော့ မိခင်ဖြစ်သူက ဝင်ငွေလေးရဖို့ ဗူးခွံ၊ ပုလင်းခွံ ကောက်ရောင်းတယ်၊ အဲ့ဒီလို ဗူးခွံ၊ ပုလင်းခွံ

ကောက်ရောင်းရာကနေ အစိုးရဌာနပိုင် ဝါယာကြိုးစကိုကောက်မိလို့ ပုဒ်မ ၆၁ နဲ့ ထောင် ၃ နှစ်ကျသွားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကလေးသုံးယောက်ကို လူမှုအဖွဲ့အစည်းတစ်ခုကနေ ခေါ်ယူစောင့်ရှောက်ထားပြီး မန္တလေးမြို့ အခြေစိုက် (One To One ကလေးလူနာကူညီရေး)

ကိုဝမ်း(ခ) ကိုစိုင်းနေမျိုးမောင်မောင်မှ လစဉ် တစ်လကိုတစ်သိန်းကျပ် ထောက်ပံ့ပေးနေပါတယ်။ (One To One ကလေးလူနာကူညီရေး) အသင်းသည် မန္တလေးမြို့တွင် အခြေစိုက်တည်ရှိပြီး ပြည်သူများရဲ့ တကယ်လိုအပ်နေသော လူမှုရေး၊ ကျန်းမာရေးများကို လက်လှမ်းမှီသလောက်အထိ ကူညီ

ကယ်တင် ထောက်ပံ့ပေးနေသော လူမှုကူညီရေး အသင်းဖြစ်ပါတယ်။ “ဒီကလေး သုံးယောက်က စစ်ကိုင်းမြို့ ရွှေမင်းဝန်ရပ်ကွက်၊ ကျူးကျော်ရပ်ကွက်မှာ အရင်ကနေပါတယ်။ သူတို့အမေ ထောင်ကျသွားတော့ အိမ်နားနီးချင်းများက ခေါ်ယူစောင့်ရှောက်ပါတယ်။ နောက်တော့ စစ်ကိုင်းမြို့က လူမှုကူညီရေး

အဖွဲ့က ခေါ်ယူပြီး ဒီကလေးတွေကို စောင့်ရှောက်ထားတာ အခုထိပါပဲ။ ကျွန်တော်တို့ကတော့ ပြည်သူတို့ရဲ့ အလှူငွေနဲ့ တစ်လကိုတစ်သိန်း ထောက်ပံ့လာတာ သူတို့အမေထောင်ကျတဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းကပါ။ ကလေးသုံးယောက်မှာ အကြီးဆုံးက ၈ နှစ်လောက်ပဲ ရှိပါသေးတယ်” လို့

မန္တလေးမြို့ အခြေစိုက် (One To One ကလေးလူနာကူညီရေး) ကိုဝမ်း(ခ) ကိုစိုင်းနေမျိုးမောင်မောင်မှ ပြောခဲ့ပါသည်။ ပရိသတ်ကြီးနှင့်အတူ အွန်လိုင်းအသုံးပြုသူ မိဘပြည်သူများမှ အဆိုပါ ကလေးသုံးယောက်အတွက် အလှူငွေများ လှူဒါန်းလိုပါက (One To One ကလေးလူနာကူညီရေး)

ကိုဝမ်း(ခ) ကိုစိုင်းနေမျိုးမောင်မောင် 09765765179၊ မန္တလေးမြို့။ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း ဖော်ပြပေးလိုက်ပါသည်။ မျှဝေပေးခြင်းသည်လည်း အလှူရှင်များပေါ်ပေါက်လာစေရန် ထိရောက်တဲ့ အကူအညီပေးခြင်း ဖြစ်ပါသည်။ သတင်း ဓာတ်ပုံ – ကိုဝမ်း(One To One ကလေးလူနာကူညီရေး)။