ႏိုင္ငံေက်ာ္ အဆိုေတာ္ မာမာေအး ျမန္မာႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ ရရွိမည္

Zawgyi

ႏိုင္ငံေက်ာ္ အဆိုေတာ္ မာမာေအး ျမန္မာႏိုင္ငံမွာ အၿမဲတမ္းေနထိုင္ခြင့္ ရရွိေတာ့မွာျဖစ္တယ္လို႔ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ႏိုင္ငံျခားသားအၿမဲေနထိုင္ခြင့္ ေလွ်ာက္ထားသူေတြကို ခြင့္ျပဳသင့္ မသင့္လူေတြ႕ စစ္ေဆးရာမွာႏိုင္ငံေက်ာ္အဆိုေတာ္ မာမာေအး ပါဝင္ခဲ့တာျဖစ္ပါတယ္။

ေမးျမန္းအကဲျဖတ္မႈ စတင္တဲ့အစီအစဥ္ကို ဇန္နဝါရီ (၁၃)ရက္ေန႔က ေနျပည္ေတာ္ရွိ အလုပ္သမား၊လူဝင္မႈ ႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွာ လုပ္ခဲ့တာပါ။

ဒီကေန႔လူေတြ႕ေမးျမန္းအကဲျဖတ္တဲ့ ႏိုင္ငံျခားသားအၿမဲေနထိုင္ခြင့္ ေလွ်ာက္ထားသူ (၁၈)ဦးရွိခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားသားေတြကို ကြၽမ္းက်င္ပညာရွင္၊ရင္းႏွီးျမဳပ္ႏွံသူ၊ျမန္မာႏိုင္ငံသားေဟာင္းနဲ႔ ယင္းတို႔နဲ႔ ေသြးခ်င္းဆက္သူမ်ားဆိုၿပီး အမ်ိဳးအစား(၄)မ်ိဳးခြဲျခားသတ္မွတ္ကာ ႏိုင္ငံျခားသားအၿမဲေနထိုင္ခြင့္စနစ္ (Permanent Residence System) က်င့္သုံးေဆာင္႐ြက္ေပးေနတာျဖစ္ပါတယ္။

ႏိုင္ငံျခားသားအၿမဲေနထိုင္ခြင့္ျပဳျခင္းဆိုင္ရာလုပ္ငန္း စတင္ေဆာင္႐ြက္တဲ့ ၂၀၁၅ ခုႏွစ္ ဇန္နဝါရီလ (၂၉) ရက္ေန႔က စၿပီး ဒီကေန႔အထိ ႏိုင္ငံျခားသားအၿမဲေနထိုင္ခြင့္ ေလွ်ာက္ထားသူ စုစုေပါင္း (၆၄၈)ဦးရွိၿပီး (၅၉၁)ဦးကို ခြင့္ျပဳေပးခဲ့တယ္လို႔ သိရပါတယ္။

ေလွ်ာက္ထားသူေတြကို ထုတ္ျပန္ျပဌာန္းထားတဲ့ နည္းဥပေဒနဲ႔အညီျဖစ္ေစဖို႔အတြက္ လုပ္ငန္းေကာ္မတီ၊ ဗဟိုေကာ္မတီ တို႔က အဆင့္ဆင့္စိစစ္ေ႐ြးခ်ယ္ကာ လူေတြ႕ေမးျမန္းအကဲျဖတ္ၿပီး အဆင့္ဆင့္ အတည္ျပဳတာပါ။

ဒီေန႔ေလွ်ာက္ထားသူ (၁၈)ဦးကို ဗဟိုေကာ္မတီဥကၠဌ နဲ႔ ေကာ္မတီဝင္ေတြက တစ္ဦးခ်င္းေတြ႕ဆုံကာ ေလွ်ာက္ထားသူရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ ၊ျပဌာန္းထားတဲ့ နည္းဥပေဒေတြအေပၚ သိရွိလိုက္နာ ေဆာင္႐ြက္ႏိုင္ေရး အေျခအေနေတြကို ေမးျမန္းအကဲျဖတ္အတည္ျပဳဆုံးျဖတ္ခဲ့ၾကတာပါ။

ဒီကေန႔မွာ ဗဟိုေကာ္မတီက စိစစ္အတည္ျပဳထားတဲ့ ရင္းႏွီးျမဳပ္ႏွံသူ (၁)ဦး၊ ျမန္မာႏိုင္ငံသားေဟာင္း (၁၃)ဦးနဲ႔ သူတို႔နဲ႔ဆက္စပ္တဲ့ႏိုင္ငံျခားသား(၄)ဦး စုစုေပါင္းႏိုင္ငံျခားသား(၁၈)ဦးကို လူေတြ႕ေမးျမန္းခဲ့ပါတယ္။

အတည္ျပဳၿပီးရင္ေတာ့ အထက္အဆင့္ဆင့္ကို တင္ျပၿပီး ေနထိုင္ခြင့္လက္မွတ္နဲ႔ ကတ္ျပား‌‌ ေတြထုတ္ေပးႏိုင္ဖို႔ ‌ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

သတင္း – ၿငိမ္းခ်မ္းေအာင္ဓ တ္ပုံ – လဝက

Unicode

နိုင်ငံကျော် အဆိုတော် မာမာအေး မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရရှိတော့မှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူတွေကို ခွင့်ပြုသင့် မသင့်လူတွေ့ စစ်ဆေးရာမှာနိုင်ငံကျော်အဆိုတော် မာမာအေး ပါဝင်ခဲ့တာဖြစ်ပါတယ်။

မေးမြန်းအကဲဖြတ်မှု စတင်တဲ့အစီအစဉ်ကို ဇန်နဝါရီ (၁၃)ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာ လုပ်ခဲ့တာပါ။

ဒီကနေ့လူတွေ့မေးမြန်းအကဲဖြတ်တဲ့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူ (၁၈)ဦးရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေကို ကျွမ်းကျင်ပညာရှင်၊ရင်းနှီးမြုပ်နှံသူ၊မြန်မာနိုင်ငံသားဟောင်းနဲ့ ယင်းတို့နဲ့ သွေးချင်းဆက်သူများဆိုပြီး အမျိုးအစား(၄)မျိုးခွဲခြားသတ်မှတ်ကာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System) ကျင့်သုံးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာလုပ်ငန်း စတင်ဆောင်ရွက်တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့က စပြီး ဒီကနေ့အထိ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူ စုစုပေါင်း (၆၄၈)ဦးရှိပြီး (၅၉၁)ဦးကို ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

လျှောက်ထားသူတွေကို ထုတ်ပြန်ပြဌာန်းထားတဲ့ နည်းဥပဒေနဲ့အညီဖြစ်စေဖို့အတွက် လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီ တို့က အဆင့်ဆင့်စိစစ်ရွေးချယ်ကာ လူတွေ့မေးမြန်းအကဲဖြတ်ပြီး အဆင့်ဆင့် အတည်ပြုတာပါ။

ဒီနေ့လျှောက်ထားသူ (၁၈)ဦးကို ဗဟိုကော်မတီဥက္ကဌ နဲ့ ကော်မတီဝင်တွေက တစ်ဦးချင်းတွေ့ဆုံကာ လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက်တွေ ၊ပြဌာန်းထားတဲ့ နည်းဥပဒေတွေအပေါ် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး အခြေအနေတွေကို မေးမြန်းအကဲဖြတ်အတည်ပြုဆုံးဖြတ်ခဲ့ကြတာပါ။

ဒီကနေ့မှာ ဗဟိုကော်မတီက စိစစ်အတည်ပြုထားတဲ့ ရင်းနှီးမြုပ်နှံသူ (၁)ဦး၊ မြန်မာနိုင်ငံသားဟောင်း (၁၃)ဦးနဲ့ သူတို့နဲ့ဆက်စပ်တဲ့နိုင်ငံခြားသား(၄)ဦး စုစုပေါင်းနိုင်ငံခြားသား(၁၈)ဦးကို လူတွေ့မေးမြန်းခဲ့ပါတယ်။

အတည်ပြုပြီးရင်တော့ အထက်အဆင့်ဆင့်ကို တင်ပြပြီး နေထိုင်ခွင့်လက်မှတ်နဲ့ ကတ်ပြား‌‌ တွေထုတ်ပေးနိုင်ဖို့ ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။