အမႈမၿပီးေသးဘဲ ဗစ္တိုးရီးယားေလး ဝတ္တဲ့ အဝတ္အစားေတြကို ဖ်က္ဆီးဖို႔ တရား႐ုံးက အမိန့္ခ်ၿပီ

Zawgyi

ေနျပည္ေတာ္မွာျဖစ္ပြားခဲ့တဲ့ ဗစ္တိုးရီးယားအမႈဟာ ႐ုံးခ်ိန္းေတြမ်ားစြာနဲ႕ စစ္ေဆးခဲ့ၿပီး ျပည္သူေတြကလည္း စိတ္ဝင္စားခဲ့ၾကတာပါ။ သံသယတရားခံလို႔စြပ္စြဲထားသူကိုလည္း ျပန္လည္လႊတ္ေပးလိုက္ၿပီျဖစ္လို႔ တရားခံ

အစစ္က ဘယ္သူျဖစ္မလဲလို႔လည္း အမ်ိဳးမ်ိဳးထင္ျမင္ခ်က္ေတြ ေပးေနၾကပါတယ္။ ဒီအမႈနဲ႕ ပတ္သက္ၿပီး ျပင္ဆင္ခ်ိန္ ရက္ေပါင္း ၆၀ အထိ ေပးထားတာျဖစ္ၿပီးေတာ့ ဒီအေတာအတြင္းမွာက အမႈျပင္ဆင္တက္လိုက တက္နိုင္တယ္လို႔

သိရပါတယ္။ ဒါေပမဲ့ ရက္ေပါင္း ၆၀ ​ေက်ာ္သြားရင္ေတာ့ ဗစ္တိုးရီးယားအမႈျဖစ္စဥ္က ဝတ္ဆင္ထားခဲ့တဲ့ အင္းက်ီအဝတ္အစားေတြနဲ႕ ေအာင္ႀကီးရဲ႕ အဝတ္အစားေတြကို ဖ်က္ဆီးဖို႔ တရား႐ုံးက အမိန႔္ခ်မွတ္ထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၉ ရက္ေန႕မွာေတာ့ ဗစ္တိုးရီးယားေလးရဲ႕ ဖခင္ျဖစ္သူက အင္းက်ီအဝတ္အစားေတြကို မဖ်က္ဆီးဘဲ ျပန္ေပးဖို႔ ေလွ်ာက္လႊာတင္ခဲ့တယ္လို႔ ဒီအမႈမွာ ပါဝင္ေဆာင္႐ြက္ေပးခဲ့တဲ့ သကၠမိုးညို ဆိုတဲ့ လူမႈကြန္ရက္စာမ်က္ႏွာမွာ

​ေဖာ္ျပထားပါတယ္။ တရားသူႀကီးက ​ေလွ်ာက္လႊာကို ယူထားၿပီး အမိန႔္ကို ျပန္ဖ်က္လို႔မရတာေၾကာင့္ လိုခ်င္တယ္ဆိုရင္ေတာ့ အထက္တရား႐ုံးကို ေလွ်ာက္လႊာတင္ရမယ္လို႔ အဆိုပါ

စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။ ဒီအမႈနဲ႕ ပတ္သက္လို႔ သံသယတရားခံလို႔ စြပ္စြဲခံရသူကို လႊတ္ေပးလိုက္ၿပီးေနာက္ ေရွ႕ဆက္ဘာေတြဆက္ျဖစ္မလဲဆိုတာကို စိတ္ဝင္စားေနၾကတာပါ။

Unicode

နေပြည်တော်မှာဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားအမှုဟာ ရုံးချိန်းတွေများစွာနဲ့ စစ်ဆေးခဲ့ပြီး ပြည်သူတွေကလည်း စိတ်ဝင်စားခဲ့ကြတာပါ။ သံသယတရားခံလို့စွပ်စွဲထားသူကိုလည်း ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်လို့ တရားခံ

အစစ်က ဘယ်သူဖြစ်မလဲလို့လည်း အမျိုးမျိုးထင်မြင်ချက်တွေ ပေးနေကြပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ပြင်ဆင်ချိန် ရက်ပေါင်း ၆၀ အထိ ပေးထားတာဖြစ်ပြီးတော့ ဒီအတောအတွင်းမှာက အမှုပြင်ဆင်တက်လိုက တက်နိုင်တယ်လို့

သိရပါတယ်။ ဒါပေမဲ့ ရက်ပေါင်း ၆၀ ကျော်သွားရင်တော့ ဗစ်တိုးရီးယားအမှုဖြစ်စဉ်က ဝတ်ဆင်ထားခဲ့တဲ့ အင်းကျီအဝတ်အစားတွေနဲ့ အောင်ကြီးရဲ့ အဝတ်အစားတွေကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၉ ရက်နေ့မှာတော့ ဗစ်တိုးရီးယားလေးရဲ့ ဖခင်ဖြစ်သူက အင်းကျီအဝတ်အစားတွေကို မဖျက်ဆီးဘဲ ပြန်ပေးဖို့ လျှောက်လွှာတင်ခဲ့တယ်လို့ ဒီအမှုမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ သက္ကမိုးညို ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ

ဖော်ပြထားပါတယ်။ တရားသူကြီးက လျှောက်လွှာကို ယူထားပြီး အမိန့်ကို ပြန်ဖျက်လို့မရတာကြောင့် လိုချင်တယ်ဆိုရင်တော့ အထက်တရားရုံးကို လျှောက်လွှာတင်ရမယ်လို့ အဆိုပါ

စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ သံသယတရားခံလို့ စွပ်စွဲခံရသူကို လွှတ်ပေးလိုက်ပြီးနောက် ရှေ့ဆက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားနေကြတာပါ။