ဖူးေျမာ္ရခက္ခဲၿပီး အရမ္းဖူးခ်င္ေနခဲ့တဲ့ အျမင့္ဆုံးေတာင္ မုလအိဘုရားကို ဖူးခြင့္ရခဲ့တဲ့ မိုးျပည့္ျပည့္ေမာင္

Zawgyi

သ႐ုပ္ေဆာင္မိုးျပည့္ျပည့္ေမာင္ကေတာ့ သူမအရမ္းဖူးခ်င္ခဲ့တဲ့ ျမဝတီၿမိဳ႕က အျမင့္ဆုံးေတာင္ ၆၅၇၈ ေပ အျမင့္မွာတည္ထားကိုးကြယ္တဲ့ ဆံေတာ္ရွင္ မုလအိ ဘုရားကို ဖူးေမွ်5င့္ရရွိခဲ့လို႔ ဝမ္းသာေနပါတယ္တဲ့။

မိုးျပည့္ျပည့္ေမာင္က သူမရဲ႕ ေဖ့ဘုတ္မွာ “အရမ္းဖူးခ်င္ခဲ့တဲ့ျမဝတီၿမိဳ႕ရဲ႕ ေတာင္အျမင့္ဆုံး၆၅၇၈ေပအျမင့္မွာရွိတဲ့ ဆံေတာ္ရွင္”မုလအိ”ဘုရားအားဖူးခဲ့ရပါၿပီရွင္

(က်မတို႔ျမန္မာနိုင္ငံမွာတန္ဖိူးရွိၿပီးတန္ဖိုးထားရမည့္လွပတဲ့သဘာဝတရားနဲ႕ရႈခင္းမ်ားဟာအမ်ားႀကီးရွိေနပါေသးသည္)” ဆိုၿပီး ေျပာထားတာပါ။

သူမက ဘုရားမွာ ပိုက္ဆံပန္းစည္းေလးကိုလည္း လႉခဲ့ေသးတာျဖစ္ၿပီး ဘုရားရွိရာေတာင္ေပၚကို တက္တဲ့လမ္းတစ္ေလွ်ာက္ရႈခင္းလွလွေလးေတြနဲ႕လည္း ဓါတ္ပုံတဝႀကီး ရိုက္ခဲ့ပါေသးတယ္။

ဒါ့အျပင္ မိုးျပည့္ျပည့္ေမာင္အေနနဲ႕ ပဲခူးတိုင္းေဒသႀကီး ၊ ေတာင္ငူခရိုင္ ၊ ေတာင္ငူၿမိဳ႕ ၂၀၁၉ နိုဝင္ဘာလ ၉ရက္ေန႕မွ ၁၁ရက္ေန႕အထိ က်င္းပျပဳလုပ္မယ့္ (၈၈)ႀကိမ္ေျမာက္

ႏွစ္က်ိပ္ရွစ္ဆူ ဘုရားမ်ား ေဒသစာရီ လွည့္လည္ပူေဇာ္ပြဲ ႏွင့္ ေကတုမတီ(ေတာင္ငူ)ၿမိဳ႕တည္နန္းတည္ (၅၀၉)ႏွစ္ျပည့္ အထိမ္းအမွတ္ပြဲေတာ္ႀကီးမွာလည္း ပါဝင္ဦးမယ္လို႔ သိရပါတယ္။

Unicode

သရုပ်ဆောင်မိုးပြည့်ပြည့်မောင်ကတော့ သူမအရမ်းဖူးချင်ခဲ့တဲ့ မြဝတီမြို့က အမြင့်ဆုံးတောင် ၆၅၇၈ ပေ အမြင့်မှာတည်ထားကိုးကွယ်တဲ့ ဆံတော်ရှင် မုလအိ ဘုရားကို ဖူးမျှော်ခွင့်ရရှိခဲ့လို့ ဝမ်းသာနေပါတယ်တဲ့။

မိုးပြည့်ပြည့်မောင်က သူမရဲ့ ဖေ့ဘုတ်မှာ “အရမ်းဖူးချင်ခဲ့တဲ့မြဝတီမြို့ရဲ့ တောင်အမြင့်ဆုံး၆၅၇၈ပေအမြင့်မှာရှိတဲ့ ဆံတော်ရှင်”မုလအိ”ဘုရားအားဖူးခဲ့ရပါပြီရှင်

(ကျမတို့မြန်မာနိုင်ငံမှာတန်ဖိူးရှိပြီးတန်ဖိုးထားရမည့်လှပတဲ့သဘာဝတရားနဲ့ရှုခင်းများဟာအများကြီးရှိနေပါသေးသည်)” ဆိုပြီး ပြောထားတာပါ။

သူမက ဘုရားမှာ ပိုက်ဆံပန်းစည်းလေးကိုလည်း လှူခဲ့သေးတာဖြစ်ပြီး ဘုရားရှိရာတောင်ပေါ်ကို တက်တဲ့လမ်းတစ်လျှောက်ရှုခင်းလှလှလေးတွေနဲ့လည်း ဓါတ်ပုံတဝကြီး ရိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် မိုးပြည့်ပြည့်မောင်အနေနဲ့ ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ တောင်ငူမြို့ ၂၀၁၉ နိုဝင်ဘာလ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် (၈၈)ကြိမ်မြောက်

နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ဒေသစာရီ လှည့်လည်ပူဇော်ပွဲ နှင့် ကေတုမတီ(တောင်ငူ)မြို့တည်နန်းတည် (၅၀၉)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကြီးမှာလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။