ဒီေန႕ ရွယ္ယာထည့္ၿပီး ဒီေန႕ပဲ ေက်ာက္ေအာင္သြားလို႔ ေပ်ာ္ေနတဲ့ အဆိုေတာ္ L ဆိုင္းဇီ

Zawgyi

အဆိုေတာ္ L ဆိုင္းဇီတစ္ေယာက္ကေတာ့ ဖားကန့္ကိုအလည္သြားရင္း မထင္မွတ္ပဲ မျဖတ္ရေသးတဲ့ ေက်ာက္စိမ္းတုံးႀကီးနဲ႕ ဆုံၿပီး ဒီေန႕ပဲ ရွယ္ယာထည့္ ဒီေန႕ပဲ ေက်ာက္ေအာင္သြားခဲ့လို႔ ေပ်ာ္ေနပါတယ္တဲ့။

L ဆိုင္းဇီက သူမရဲ႕ ေဖ့ဘုတ္မွာ ” ဟာေလလုယာ…ဟာေလလုယာ…ဘုရားသခင္ေက်းဇူးေတာ္ အထူးပင္ခ်ီးမြမ္းပါတယ္..ကြၽန္မ ေက်ာက္ အေၾကာင္းဆိုတာ ဘာမွ

ေသခ်ာနားမလည္ပါ…ကြၽန္မ အေမကေတာ့ အရင္က ေက်ာက္စိမ္းလုပ္ခဲ့ေတာ့ သူကေတာ့ နားလည္တာေပါ့ေနာ္.. ဒီေန႕ ဖားကန့္ၿမိဳ႕က ကြၽန္မ တို႔ရဲ႕ အမ်ိဳး …ေလာပန္းႀကီး.

. အစ္ကိုေယာဟန္ နဲ႕ စကားေျပာ…သြားေတြ႕ရင္း…မထင္မွတ္ပဲ မျဖတ္ရေသးတဲ့ ေက်ာက္ နဲ႕ ဒီေန႕ ဆိုင္းဇီ ဆုံျဖစ္သြားတယ္ေပါ့ေနာ္”

“အဲဒါနဲ႕ ကြၽန္မ အစ္ကိုေတာ္သူ..အစ္ကိုေယာဟန္က..ငါ့ညီမ..နင္ ရွယ္ယာ ထည့္ၾကည့္ပါလား ဆိုၿပီး ေျပာတယ္… ကြၽန္မလဲ တခါမွ ဒါမ်ိဴး ေက်ာက္ထဲ ရွယ္ယာထည့္တာေတာ့

မပါဝင္ဘူးဖူး..ဒါ ပထမဦးဆုံး အႀကိမ္နဲ႕ ပထမဦးဆုံး အေတြ႕အႀကဳံပါပဲ… ေက်ာက္ျဖတ္လို႔ ေအာင္ရင္လဲ ေအာင္မယ္…မေအာင္ရင္လဲ မေအာင္ဘူးေပါ့ေနာ္.. ဒါကေတာ့

ဘုရားအလိုေတာ္ေပါ့ေနာ္….ဒါနဲ႕ ကြၽန္မ တို႔ စကားတေျပာေျပာနဲ႕ ေက်ာက္ျဖတ္လိုက္ပါေလေရာ….ျဖတ္ၿပီး ဘုရားသခင္ေက်းဇူးေတာ္ေၾကာင့္… ေက်ာက္ေအာင္သြားခဲ့ပါတယ္” လို႔တင္ထားတာျဖစ္ပါတယ္။

ေက်ာက္ေအာင္တဲ့အတြက္ လက္ငင္းေငြက်ပ္သိန္း ၇၀ ကိုလည္း ရရွိသြားခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းက်ရင္လည္း ေက်ာက္ရွယ္ယာထည့္တာကို ဆက္လုပ္သြားမယ္လို႔ သူမက ဆိုထားပါတယ္။

ကံေကာင္းတဲ့ L ဆိုင္းဇီတစ္ေယာက္ ေနာက္ထပ္လည္း ေက်ာက္ေတြအမ်ားႀကီးေအာင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Unicode

အဆိုတော် L ဆိုင်းဇီတစ်ယောက်ကတော့ ဖားကန့်ကိုအလည်သွားရင်း မထင်မှတ်ပဲ မဖြတ်ရသေးတဲ့ ကျောက်စိမ်းတုံးကြီးနဲ့ ဆုံပြီး ဒီနေ့ပဲ ရှယ်ယာထည့် ဒီနေ့ပဲ ကျောက်အောင်သွားခဲ့လို့ ပျော်နေပါတယ်တဲ့။

L ဆိုင်းဇီက သူမရဲ့ ဖေ့ဘုတ်မှာ ” ဟာလေလုယာ…ဟာလေလုယာ…ဘုရားသခင်ကျေးဇူးတော် အထူးပင်ချီးမွမ်းပါတယ်..ကျွန်မ ကျောက် အကြောင်းဆိုတာ ဘာမှ

သေချာနားမလည်ပါ…ကျွန်မ အမေကတော့ အရင်က ကျောက်စိမ်းလုပ်ခဲ့တော့ သူကတော့ နားလည်တာပေါ့နော်.. ဒီနေ့ ဖားကန့်မြို့က ကျွန်မ တို့ရဲ့ အမျိုး …လောပန်းကြီး.

. အစ်ကိုယောဟန် နဲ့ စကားပြော…သွားတွေ့ရင်း…မထင်မှတ်ပဲ မဖြတ်ရသေးတဲ့ ကျောက် နဲ့ ဒီနေ့ ဆိုင်းဇီ ဆုံဖြစ်သွားတယ်ပေါ့နော်”

“အဲဒါနဲ့ ကျွန်မ အစ်ကိုတော်သူ..အစ်ကိုယောဟန်က..ငါ့ညီမ..နင် ရှယ်ယာ ထည့်ကြည့်ပါလား ဆိုပြီး ပြောတယ်… ကျွန်မလဲ တခါမှ ဒါမျိူး ကျောက်ထဲ ရှယ်ယာထည့်တာတော့

မပါဝင်ဘူးဖူး..ဒါ ပထမဦးဆုံး အကြိမ်နဲ့ ပထမဦးဆုံး အတွေ့အကြုံပါပဲ… ကျောက်ဖြတ်လို့ အောင်ရင်လဲ အောင်မယ်…မအောင်ရင်လဲ မအောင်ဘူးပေါ့နော်.. ဒါကတော့

ဘုရားအလိုတော်ပေါ့နော်….ဒါနဲ့ ကျွန်မ တို့ စကားတပြောပြောနဲ့ ကျောက်ဖြတ်လိုက်ပါလေရော….ဖြတ်ပြီး ဘုရားသခင်ကျေးဇူးတော်ကြောင့်… ကျောက်အောင်သွားခဲ့ပါတယ်” လို့တင်ထားတာဖြစ်ပါတယ်။

ကျောက်အောင်တဲ့အတွက် လက်ငင်းငွေကျပ်သိန်း ၇၀ ကိုလည်း ရရှိသွားခဲ့တာဖြစ်ပြီး နောက်ပိုင်းကျရင်လည်း ကျောက်ရှယ်ယာထည့်တာကို ဆက်လုပ်သွားမယ်လို့ သူမက ဆိုထားပါတယ်။

ကံကောင်းတဲ့ L ဆိုင်းဇီတစ်ယောက် နောက်ထပ်လည်း ကျောက်တွေအများကြီးအောင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။