မႏၱေလးရဲ႕ေျမာက္ဘက္မွာ ေရႊေၾကာအသစ္တခုေပၚပါတယ္ ေဒသခံေတြတူးၾကဆြၾက က်င္ၾက ေရႊခ်က္က်နဲ႔

Zawgyi

မႏၱေလးရဲ႕ေျမာက္ဘက္မွာ ေရႊေၾကာအသစ္တခုေပၚပါတယ္ ၾကီးလားေသးလားဆိုတာေတာ႔ ေနာက္မွ သိရမွာပါပဲ

​ေရႊေၾကာေတြ႕ေတာ႔ ေဒသခံေတြတူးၾကဆြၾက က်င္ၾက ​ေရႊခ်က္က်ေပါ႔ ဘယ္နားလဲဆိုေတာ႔ မႏၱေလးမတၱရာလမ္းေက်ာအတိုင္းသြားလိုက္ရင္ လမ္းတဝက္ေလာက္မွာ

​ေက်ာက္တံတားရြာဆိုတာရွိတယ္ အဲဒီကေန အေပၚကို ေထာင္တက္သြားရင္ ကင္းရြာ ကင္းရြာကေန အေရွ႕ဘက္စြန္းစြန္းကို နာရီဝက္ေလာက္သြားရင္ေရာက္ျပီ

လူအမ်ားသိျပီးသားေနရာတခုနဲ႔ ညႊန္းရမယ္ဆိုရင္ လက္ရွိျပသနာတက္ေနတဲ႔ ေအာင္သေျပေက်းရြာေဘးကအယ္လ္ဖာဘိလပ္ေျမစီမံကိန္းေျမာက္ဘက္ ၅မိုင္ ၆မိုင္အကြာေပါ့

​ေဒသခံေတြလက္ရွိတူးေနတာေတြက အစိုးရဆီက တရားဝင္လုပ္ကြက္ေလွ်ာက္ျပီးတူးတာေတာ႔ မဟုတ္ေသးပါဘူး။ ​ေဒသခံေတြ စမ္းတဝါးဝါးနဲ႔တူးေနတဲ႔ပုံပါပဲ

​ေဒသခံေတြတူးတာကို ဘာမွကန္႔ကြက္စရာမရွိဘူး သူတို႔အဆင္ေျပတာ ဝမ္းသာပါတယ္ ျပသနာက အဲဒီမွာ တရုတ္ေတြဝင္တူးေနတာပဲ

ျမန္မာႏိူင္ငံရဲ႕ အေရးၾကီးတဲ႔သယံဇာတေတြကို အခုလို တရုတ္ေတြ တံခါးမရွိ.ဓားမရွိ ဝင္လုပ္ေနၾကတဲ႔အေပၚ ေဒသအာဏာပိုင္ေတြဟာ ဘာမွကို မသိၾကတာလား

ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္ေနၾကတာလားဆိုတာ ေမးခြန္းထုတ္ရပါေတာ႔မယ္ ေဒသခံေတြဆီက သိရသေလာက္ေတာ႔ ေလာေလာဆယ္ တရုတ္ေတြဝင္တူးေနတဲ႔ ေရႊက်င္းႏွစ္က်င္းရွိတယ္

​ေရႊဘယ္ေလာက္ထြက္တယ္ မထြက္ဘူးဆိုတာေတာ႔ မသိရေသးဘူး တရုတ္တေယာက္တူးတာက ေျမၾကီးေအာက္ေဒါင္လိုက္ေဖာက္တဲ႔ ေလးေပတြင္း

​ေနာက္တေယာက္တူးတာကေတာ႔ မုိးထိမိုးမိဘက္မွာတူးတဲ႔ပုံစံနဲ႔ဆင္တယ္ ​ေျမၾကီးေအာက္ေဒါင္လိုက္မသြားပဲ ေတာင္ဂမူကို ေဘးတိုက္ခပ္ေျပေျပနဲ႔

တူးထားတာ ေပႏွစ္ဆယ္ေလာက္ေတာ႔ေပါက္ျပီးျပီ ဒသခံျပည္သူက အဲဒီလိုတရုတ္ေတြ ဝင္တူးတာကိုမေက်နပ္လို႔ မီဒီယာကိုသတင္းေပးတယ္

မီဒီယာကေန သတင္းစာမွာ ေဖာ္ျပထားတယ္ အဲဒီကိစၥကို တာဝန္ရွိသူေတြ ဘယ္လိုကိုင္တြယ္မလဲဆိုတာေတာ႔ ေစာင္႔ၾကည္႔ရမွာပဲ

..ေအာင္သေျပရြာသားေတြ ၂၀၁၇က အဲဒီစီမံကိန္းရွိတဲ႔ေတာင္ေတြထဲမွာ ေရႊထြက္တယ္လို႔ေျပာဖူးတယ္ လက္ရွိအေျခအေနအရ အဲဒါျဖစ္နိုင္ေျခရွိတယ္လို႔ယူဆပါတယ္

အရင္အစုိးရဝန္ၾကီးတပါးျဖစ္တဲ႔ ဦးေအာင္မင္းကေတာ႔ ကြ်န္ေတာ္တို႔အစိုးရက တရုတ္ကို ေၾကာက္ရပါတယ္လို႔ တရားဝင္ဝန္ခံထားတယ္ ကဲ ဒီအစိုးရကေရာ

ဘာလုပ္မလဲဆိုတာ ေစာင္႔ၾကည္႔ရမွာေပါ႔ဗ်ာ လမ္းျပင္ တံတားေဆာက္ အခြန္ေကာက္တာလုပ္ေနရုံနဲ႔ အစိုးရတာဝန္ကုန္ျပီလို႔ ထင္မေနပါနဲ႔ခဗ်ား။

Unicode

မန္တလေးရဲ့မြောက်ဘက်မှာ ရွှေကြောအသစ်တခုပေါ်ပါတယ် ကြီးလားသေးလားဆိုတာတော့ နောက်မှ သိရမှာပါပဲ

ရွှေကြောတွေ့တော့ ဒေသခံတွေတူးကြဆွကြ ကျင်ကြ ရွှေချက်ကျပေါ့ ဘယ်နားလဲဆိုတော့ မန္တလေးမတ္တရာလမ်းကျောအတိုင်းသွားလိုက်ရင် လမ်းတဝက်လောက်မှာ

ကျောက်တံတားရွာဆိုတာရှိတယ် အဲဒီကနေ အပေါ်ကို ထောင်တက်သွားရင် ကင်းရွာ ကင်းရွာကနေ အရှေ့ဘက်စွန်းစွန်းကို နာရီဝက်လောက်သွားရင်ရောက်ပြီ

လူအများသိပြီးသားနေရာတခုနဲ့ ညွှန်းရမယ်ဆိုရင် လက်ရှိပြသနာတက်နေတဲ့ အောင်သပြေကျေးရွာဘေးကအယ်လ်ဖာဘိလပ်မြေစီမံကိန်းမြောက်ဘက် ၅မိုင် ၆မိုင်အကွာပေါ့

ဒေသခံတွေလက်ရှိတူးနေတာတွေက အစိုးရဆီက တရားဝင်လုပ်ကွက်လျှောက်ပြီးတူးတာတော့ မဟုတ်သေးပါဘူး။ ဒေသခံတွေ စမ်းတဝါးဝါးနဲ့တူးနေတဲ့ပုံပါပဲ

ဒေသခံတွေတူးတာကို ဘာမှကန့်ကွက်စရာမရှိဘူး သူတို့အဆင်ပြေတာ ဝမ်းသာပါတယ် ပြသနာက အဲဒီမှာ တရုတ်တွေဝင်တူးနေတာပဲ

မြန်မာနိူင်ငံရဲ့ အရေးကြီးတဲ့သယံဇာတတွေကို အခုလို တရုတ်တွေ တံခါးမရှိ.ဓားမရှိ ဝင်လုပ်နေကြတဲ့အပေါ် ဒေသအာဏာပိုင်တွေဟာ ဘာမှကို မသိကြတာလား

ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေကြတာလားဆိုတာ မေးခွန်းထုတ်ရပါတော့မယ် ဒေသခံတွေဆီက သိရသလောက်တော့ လောလောဆယ် တရုတ်တွေဝင်တူးနေတဲ့ ရွှေကျင်းနှစ်ကျင်းရှိတယ်

ရွှေဘယ်လောက်ထွက်တယ် မထွက်ဘူးဆိုတာတော့ မသိရသေးဘူး တရုတ်တယောက်တူးတာက မြေကြီးအောက်ဒေါင်လိုက်ဖောက်တဲ့ လေးပေတွင်း

နောက်တယောက်တူးတာကတော့ မိုးထိမိုးမိဘက်မှာတူးတဲ့ပုံစံနဲ့ဆင်တယ် မြေကြီးအောက်ဒေါင်လိုက်မသွားပဲ တောင်ဂမူကို ဘေးတိုက်ခပ်ပြေပြေနဲ့

တူးထားတာ ပေနှစ်ဆယ်လောက်တော့ပေါက်ပြီးပြီ ဒသခံပြည်သူက အဲဒီလိုတရုတ်တွေ ဝင်တူးတာကိုမကျေနပ်လို့ မီဒီယာကိုသတင်းပေးတယ်

မီဒီယာကနေ သတင်းစာမှာ ဖော်ပြထားတယ် အဲဒီကိစ္စကို တာဝန်ရှိသူတွေ ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ

..အောင်သပြေရွာသားတွေ ၂၀၁၇က အဲဒီစီမံကိန်းရှိတဲ့တောင်တွေထဲမှာ ရွှေထွက်တယ်လို့ပြောဖူးတယ် လက်ရှိအခြေအနေအရ အဲဒါဖြစ်နိုင်ခြေရှိတယ်လို့ယူဆပါတယ်

အရင်အစိုးရဝန်ကြီးတပါးဖြစ်တဲ့ ဦးအောင်မင်းကတော့ ကျွန်တော်တို့အစိုးရက တရုတ်ကို ကြောက်ရပါတယ်လို့ တရားဝင်ဝန်ခံထားတယ် ကဲ ဒီအစိုးရကရော

ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့ဗျာ လမ်းပြင် တံတားဆောက် အခွန်ကောက်တာလုပ်နေရုံနဲ့ အစိုးရတာဝန်ကုန်ပြီလို့ ထင်မနေပါနဲ့ခဗျား။