သူမရဲ႕ Music Video ထဲမွာ ဆင္ဆာထိခံလိုက္ရတဲ့ အရာဟာ တကယ္ဆိုရင္ အျပစ္မႀကီးဘူးလို႔ ဆိုလာတဲ့ ေမခလာ

Zawgyi

အဆိုေတာ္ ေမခလာကေတာ့ သူမရဲ႕ သီခ်င္းအေခြ အသစ္ျဖစ္တဲ့ ‘’Queen ေမခလာ’’ DVD အေခြအတြက္ ႀကိဳးစားျပင္ဆင္ခဲ့ရာမွာ

ဆင္ဆာထိခဲ့တာေတြရွိတယ္လို႔ ဆိုပါတယ္။ ဆင္ဆာထိခံလိုက္ရတဲ့ အေၾကာင္းအရင္းကိုလည္း မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျဖဆိုခဲ့ပါတယ္။

‘’ခ်စ္ငယ္လည္း ျပန္စဥ္းစားပါတယ္။ ဘာကို ဆင္ဆာထိတာလည္းေပါ့ေနာ္။ တကယ္ေတာ့ ထိုင္မသိမ္းေလးကို ေျခေထာက္နဲ႕သိမ္းလိုက္တာ။

ၿပီးေတာ့ ပုဝါေလးနဲ႕ ပုဏၰား ကိုရိုက္လိုက္တာ အဲဒါေၾကာင့္ပဲလား မသိပါဘူး။ ခ်စ္ငယ္ထင္တာေတာ့ အဲဒါ အျပစ္မရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့

ဒါ သီခ်င္းဆိုတာေလ။ ႐ုပ္ရွင္ဇာတ္ကား သမိုင္းအေၾကာင္းရိုက္တာ မဟုတ္ဘူးေလ။ အခုလိုက်ေတာ့ နည္းနည္းေလး ခ်ဳပ္ျခယ္သလားလို႔

ခ်စ္ငယ္ ထင္မိတယ္’’ လို႔ ဆိုပါတယ္။ သီခ်င္းေတြနဲ႕ ပတ္သက္ၿပီး ေခတ္ေရစီးေၾကာင္းအရ တိုးတက္မႈကို လိုလားတယ္လို႔ ေမခလာက

ေျပာပါတယ္။ ‘’ ဒီအခ်ိန္မွာေလ ဖြင့္ရေတာ့မယ့္ အခ်ိန္၊ တိုးတက္ရမယ့္ အခ်ိန္ေပါ့ေနာ္။ ခ်စ္ငယ္ဆို ဇာတ္ေတြၾကည့္တယ္။ ကိုမိုးဝင္းတို႔ ၿပီးေတာ့

သားေလးေတြဆိုရင္လည္း အားေပးတယ္။ သူတို႔လည္း ျမန္မာ့ယဥ္ေက်းမႈ အကကိုလည္းက သလို ဘရိတ္ဒန႔္ေလးေတြနဲ႕ တြဲၿပီးေတာ့

ကလာၾကတယ္ေလ ကေလးေလးေတြ။ တကယ့္ကို မိရိုးဖလာကိုလည္း မဖ်က္ဘူး။ ပရိသတ္နဲ႕ေတြ႕တဲ့အခ်ိန္မွာေလး ဒန႔္ေလးေတြနဲ႕

ေျခေထာက္ေလးေတြ ကစားသြားတာ ေတြ႕ရတယ္။ ခ်စ္ငယ္လည္း အဲဒီလို လုပ္တဲ့ သေဘာပါပဲ။ ခ်စ္ငယ္ အျမင္နဲ႕ဆိုရင္ ဒါဟာ ဘာမွ

အျပစ္မႀကီးဘူး’’ ဆိုၿပီးေတာ့ နိုဝင္ဘာလ ၇ ရက္ေန႕က ‘’Queen ေမခလာ’’ DVD အေခြ မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ယေန႕ေခတ္လူငယ္ေတြမွာလည္း သီခ်င္းေဟာင္းေတြကို ေခတ္ေပၚဂီတနဲ႕ ေပါင္းစပ္ၿပီး သီခ်င္းအသစ္ေတြ ဖန္တီးလာတဲ့ အေပၚမွာလည္း

ေမခလာ ကိုယ္တိုင္က သေဘာက် ႏွစ္သက္တယ္လို႔ ဆိုပါတယ္။ ‘’အခု သီခ်င္းေတြကို Remix လုပ္ၾကတယ္။ အသစ္အဆန္းေလးေတြ

လုပ္လာၾကတာကို ခ်စ္ငယ္ သေဘာက်တယ္။ အရင္ေခတ္ေဟာင္း သီခ်င္းကိုလည္း မဖ်က္ပဲ ျပန္ၿပီးေတာ့ Remix လုပ္တာကို သေဘာက်တယ္။

ခ်စ္ငယ္ကေတာ့ အႏုပညာကို အေသြးအသားထဲမွာ ႐ူးလို႔လား မသိဘူး။ တကယ့္ ဆရာႀကီးေတြ၊ အဆိုေတာ္ႀကီးေတြ၊ အကပညာရွင္ႀကီး

ေတြကို ခ်စ္ငယ္ ႏွလုံးသားထဲက ဒီေန႕ အထိ တကယ္ကို ရိုေသလ်က္ပါ’’ လို႔ သူကဆိုပါတယ္။ ေမခလာဟာ ၁၉၈၂ ခုႏွစ္က သူ႕ရဲ႕

ပထမဆုံးတစ္ကိုယ္ေတာ္အေခြျဖစ္တဲ့ ‘’ျပန္ေပေတာ့’’ သီခ်င္းေခြ ထြက္ရွိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ‘’မေျပာခ်င္လို႔ ၾကည့္ေနတာ

ၾကာၿပီ’’ သီခ်င္းေခြ၊ ‘’ျပန္ဆိုခ်င္ေသာ သီခ်င္းမ်ား(၁) နဲ႕ ျပန္ဆိုခ်င္ေသာ သီခ်င္းမ်ား(၂) ဆိုၿပီးေတာ့လည္း သီခ်င္း အေခြေတြ ထြက္ရွိခဲ့ပါတယ္။

အဲဒီေနာက္ ၂၀၀၇ ခုႏွစ္တုန္းက ဂီတသက္တမ္း ၂၅ ျပည့္အေနနဲ႕ ‘’ေမခလာည’’ ဆိုတဲ့ အတြဲအေခြေလးလည္း ထြက္ရွိခဲ့ပါေသးတယ္။

ခရက္ဒစ္

Unicode

အဆိုတော် မေခလာကတော့ သူမရဲ့ သီချင်းအခွေ အသစ်ဖြစ်တဲ့ ‘’Queen မေခလာ’’ DVD အခွေအတွက် ကြိုးစားပြင်ဆင်ခဲ့ရာမှာ

ဆင်ဆာထိခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။ ဆင်ဆာထိခံလိုက်ရတဲ့ အကြောင်းအရင်းကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ချစ်ငယ်လည်း ပြန်စဉ်းစားပါတယ်။ ဘာကို ဆင်ဆာထိတာလည်းပေါ့နော်။ တကယ်တော့ ထိုင်မသိမ်းလေးကို ခြေထောက်နဲ့သိမ်းလိုက်တာ။

ပြီးတော့ ပုဝါလေးနဲ့ ပုဏ္ဏား ကိုရိုက်လိုက်တာ အဲဒါကြောင့်ပဲလား မသိပါဘူး။ ချစ်ငယ်ထင်တာတော့ အဲဒါ အပြစ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့

ဒါ သီချင်းဆိုတာလေ။ ရုပ်ရှင်ဇာတ်ကား သမိုင်းအကြောင်းရိုက်တာ မဟုတ်ဘူးလေ။ အခုလိုကျတော့ နည်းနည်းလေး ချုပ်ခြယ်သလားလို့

ချစ်ငယ် ထင်မိတယ်’’ လို့ ဆိုပါတယ်။ သီချင်းတွေနဲ့ ပတ်သက်ပြီး ခေတ်ရေစီးကြောင်းအရ တိုးတက်မှုကို လိုလားတယ်လို့ မေခလာက

ပြောပါတယ်။ ‘’ ဒီအချိန်မှာလေ ဖွင့်ရတော့မယ့် အချိန်၊ တိုးတက်ရမယ့် အချိန်ပေါ့နော်။ ချစ်ငယ်ဆို ဇာတ်တွေကြည့်တယ်။ ကိုမိုးဝင်းတို့ ပြီးတော့

သားလေးတွေဆိုရင်လည်း အားပေးတယ်။ သူတို့လည်း မြန်မာ့ယဉ်ကျေးမှု အကကိုလည်းက သလို ဘရိတ်ဒန့်လေးတွေနဲ့ တွဲပြီးတော့

ကလာကြတယ်လေ ကလေးလေးတွေ။ တကယ့်ကို မိရိုးဖလာကိုလည်း မဖျက်ဘူး။ ပရိသတ်နဲ့တွေ့တဲ့အချိန်မှာလေး ဒန့်လေးတွေနဲ့

ခြေထောက်လေးတွေ ကစားသွားတာ တွေ့ရတယ်။ ချစ်ငယ်လည်း အဲဒီလို လုပ်တဲ့ သဘောပါပဲ။ ချစ်ငယ် အမြင်နဲ့ဆိုရင် ဒါဟာ ဘာမှ

အပြစ်မကြီးဘူး’’ ဆိုပြီးတော့ နိုဝင်ဘာလ ၇ ရက်နေ့က ‘’Queen မေခလာ’’ DVD အခွေ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ယနေ့ခေတ်လူငယ်တွေမှာလည်း သီချင်းဟောင်းတွေကို ခေတ်ပေါ်ဂီတနဲ့ ပေါင်းစပ်ပြီး သီချင်းအသစ်တွေ ဖန်တီးလာတဲ့ အပေါ်မှာလည်း

မေခလာ ကိုယ်တိုင်က သဘောကျ နှစ်သက်တယ်လို့ ဆိုပါတယ်။ ‘’အခု သီချင်းတွေကို Remix လုပ်ကြတယ်။ အသစ်အဆန်းလေးတွေ

လုပ်လာကြတာကို ချစ်ငယ် သဘောကျတယ်။ အရင်ခေတ်ဟောင်း သီချင်းကိုလည်း မဖျက်ပဲ ပြန်ပြီးတော့ Remix လုပ်တာကို သဘောကျတယ်။

ချစ်ငယ်ကတော့ အနုပညာကို အသွေးအသားထဲမှာ ရူးလို့လား မသိဘူး။ တကယ့် ဆရာကြီးတွေ၊ အဆိုတော်ကြီးတွေ၊ အကပညာရှင်ကြီး

တွေကို ချစ်ငယ် နှလုံးသားထဲက ဒီနေ့ အထိ တကယ်ကို ရိုသေလျက်ပါ’’ လို့ သူကဆိုပါတယ်။ မေခလာဟာ ၁၉၈၂ ခုနှစ်က သူ့ရဲ့

ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ပြန်ပေတော့’’ သီချင်းခွေ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ‘’မပြောချင်လို့ ကြည့်နေတာ

ကြာပြီ’’ သီချင်းခွေ၊ ‘’ပြန်ဆိုချင်သော သီချင်းများ(၁) နဲ့ ပြန်ဆိုချင်သော သီချင်းများ(၂) ဆိုပြီးတော့လည်း သီချင်း အခွေတွေ ထွက်ရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၇ ခုနှစ်တုန်းက ဂီတသက်တမ်း ၂၅ ပြည့်အနေနဲ့ ‘’မေခလာည’’ ဆိုတဲ့ အတွဲအခွေလေးလည်း ထွက်ရှိခဲ့ပါသေးတယ်။

ခရက်ဒစ်