ဆန္ေဆးေရအစြမ္းနဲ႕ ကိုယ္အေလးခ်ိန္ ေပါင္ ၂၀၀ ခန႔္ ဝိတ္ခ်ခဲ့သူ ေဒါက္တာလွဝင္းေအာင္၏ ကိုယ္ေတြ႕ ဝိတ္ခ်နည္

Zawgyi

နိုင္ငံေတာ္မွ ဘြဲ႕ဆုတံဆိပ္မ်ားစြာ ခ်ီးျမင့္ျခင္း ခံထားရသူ ေဒါက္တာလွဝင္းေအာင္က အဘိဓမၼာ ဆရာတစ္ဦး၊ လူမႈေရးအလုပ္မ်ားစြာ

လုပ္ေဆာင္သည့္ ေစတနာ့ဝန္ထမ္းတစ္ဦးအျဖစ္ လူသိမ်ားသူျဖစ္သည္။ သူေျပာျပထားသည့္ ဆန္ေဆးရည္၏က်န္းမာေရးႏွင့္ အလွအပ

အက်ိဳးေက်းဇူးမ်ားကို အမ်ားျပည္သူဗဟုသုတရရွိေစရန္ ျပန္လည္မွ်ေဝလိုက္ပါသည္။ “ဆန္ေဆးရည္ေၾကာင့္ အသက္၄၀ ေက်ာ္ အ႐ြယ္ေတြ

ငယ္႐ြယ္ႏုပ်ိဳေစနိုင္ၿပီး အ႐ြယ္သုံးပါးလုံးအတြက္ တန္ဖိုးနည္းေပမယ့္ စြမ္းတဲ့သဘာဝေဆးပါ။ ဆန္ေဆးရည္အစြမ္းေၾကာင့္ ေနေလာင္

မဲွ႕ေျခာက္၊ တင္းတိတ္နဲ႕ မ်က္နာအေရးေၾကာင္း၊ အေရျပား ေပ်ာ့တြဲတြဲျဖစ္ေနျခင္းေတြ ေပ်ာက္ကင္းသက္သာေၾကာင္းကို ကြၽန္ေတာ့္ကိုယ္ေတြ႕နဲ႕

သုတသႏၷိစယ က်မ္းပါနန္းတြင္းသုံးသဘာဝရဲ႕ ေဆးတစ္လက္ျဖစ္ေၾကာင္းကိုပါ ေျပာျပေပးခ်င္တာပါ။ မႏၲေလးေ႐ႊၿမိဳ႕ေတာ္ႀကီးကို

ထူေထာင္ခဲ့တဲ့ မင္းတုန္းမင္းႀကီး လက္ထက္ေတာ္အခါတုန္းက မင္းႀကီးရဲ႕ မိဖုရားတစ္ပါးျဖစ္တဲ့ မယ္သဲ(ေခၚ)မယ္ၫြန႔္ဟာ အဝလြန္တာေၾကာင့္

မင္းႀကီးရဲ႕ငယ္ခ်စ္သခင္ ျဖစ္ပါရက္နဲ႕ ေတာင္နန္းစံမိဖုရားေခါင္ႀကီးဘ၀ မျဖစ္ရရွာဘဲ ဝလြန္းလို႔ ေျမာက္နန္းစံမိဖုရားဘဝနဲ႕သာ

ျဖစ္ရရွာတဲ့အတြက္ နန္းတြင္းသမားေတာ္ႀကီးေတြက ပြဲေတာ္တည္ဖို႔ထမင္းမခ်က္မီ ဆန္ကိုသန႔္စင္ေအာင္ ေရေဆးေၾကာတဲ့အခါ ရရွိတဲ့

ဒုတိယဆန္ေဆးရည္ကို ေန႕စဥ္ အုန္းမႈတ္တစ္ခြက္စာ ဘုဥ္းေပးသုံးေဆာင္ဖို႔ ေလ်ာက္တင္ခဲ့ပါတယ္။ ဆန္ေဆးရည္နဲ႕ အဝလြန္တဲ့ေရာဂါကို

ကုသေပးခဲ့တာေၾကာင့္ အလြန္ပဲလွပေၾကာ့ရွင္းတဲ့ ခႏၶာျဖစ္သြားတာကို မင္းႀကီးတိုင္းခန္းလွည့္လည္ အျပန္ညအိပ္ေဆာင္ဝင္ေတာ့

လူမွားခဲ့ရတဲ့အထိ လွပေနပါသတဲ့။ ဆန္ေဆးရည္မွာ ဗီတာမင္ဓာတ္မ်ားပါဝင္တာေၾကာင့္ အစာစားခ်င္စိတ္ကို အလြန္ထိန္းခ်ဳပ္ေပးပါတယ္။

ဝေနတဲ့လူေတာ္ေတာ္မ်ားမ်ားက အစားအစာအစားမ်ားတာ၊ အသင့္စားေခါက္ဆြဲေျခာက္ေတြကို အလြယ္တကူဝယ္စားတာ၊ အဆီအအိမ့္နဲ႕

ႏွစ္ျပန္ေၾကာ္ဆီေတြ၊ ဟင္းအႏွစ္ေတြ၊ အေၾကာ္အေလွာ္ေတြစားတာ၊ ညအခ်ိန္မေတာ္ထစားတာေတြ လုပ္တတ္ၿပီး ကိုယ္စားတာက

မိမိခႏၶာကိုယ္ လိုအပ္တာထက္ ပိုအစားမ်ားတာနဲ႕ စိတ္အလိုကို ခႏၶာကိုယ္က လိုက္ၿပီးစားတာေတြေၾကာင့္ ဝေနၾကတာပါ။

လူတစ္ေယာက္အရမ္းဝေနရာကေန ဝိတ္က်ဖိဳ႕ အားကစားက ၅၀ ရာခိုင္ႏႈန္း အေရးပါကာ အစားအစာထိန္းစားတာက ၅၀ ရာခိုင္ႏႈန္း

အေရပါလွပါတယ္။ ဆန္ေဆးရည္မွာ ဗီတာမင္ဓာတ္မ်ား ပါဝင္တာေၾကာင့္ အစာစားခ်င္စိတ္ကို အလြန္ထိန္းခ်ဳပ္ေပးပါတယ္။ ဝေနတဲ့လူေတာ္ေတာ္မ်ားမ်ားက

အစားအစာ အစားမ်ားတာ၊ အသင့္စား ေခါက္ဆြဲေျခာက္ေတြကို အလြယ္တကူဝယ္စားတာ၊ အဆီအအိမ့္နဲ႕ ႏွစ္ျပန္ေၾကာ္ဆီေတြ၊ ဟင္းအႏွစ္ေတြ

အေၾကာ္အေလွာ္ေတြစားတာ၊ ညအခ်ိန္မေတာ္ထစားတာေတြ လုပ္တတ္ၿပီး ကိုယ္စားတာက မိမိခႏၶာကိုယ္လိုအပ္တာထက္ ပိုအစားမ်ားတာနဲ႕

စိတ္အလိုကို ခႏၶာကိုယ္ကလိုက္ၿပီး စားတာေတြေၾကာင့္ ဝေနၾကတာပါ။ ဝိတ္က်ဖိဳ႕ ညေန၅နာရီေနာက္ပိုင္း အသီးအႏွံစားသုံးတာ၊ ခႏၶာကိုယ္မွ

မလိုအပ္တဲ့အဆီေတြ ေလာင္ကြၽမ္းေစဖို႔၊ သက္လုံေကာင္းေစဖို႔ ကိုယ္လက္လႈပ္ရွား အားကစားျပဳလုပ္တာနဲ႕အတူ ဆန္ေဆးရည္ထဲ

ဆားအနည္းငယ္ထည့္ကာ တြဲေသာက္ပါက အလ်င္အျမန္ ဝိတ္က်တဲ့အျပင္ မ်က္ႏွာနဲ႕ ကိုယ္ခႏၶာ အေရျပားတြဲက်ေနတာေတြကို

တင္းရင္းေစပါတယ္” ဟု ေဒါက္တာလွဝင္းေအာင္က ေျပာသည္။ ဝိတ္က်ေစရန္ႏွင့္ အသားအေရလွပေစရန္ ဒုတိယအႀကိမ္ဆန္ေဆးထားသည့္

ဆန္ေဆးရည္ကို ေရစစ္ႏွင့္စစ္ၿပီး သုံးသင့္ေၾကာင္း ေဒါက္တာ လွဝင္းေအာင္ကဆိုသည္။ “ဆန္ေဆးရည္အသုံးျပဳမယ္ဆိုရင္ ထမင္း

ခ်က္ဖို႔ ဆန္ေဆးတဲ့အခါ ဒုတိယဆန္ေဆးရည္ကို ေရစစ္နဲ႕ အေသအခ်ာေလး ျပန္စစ္ဖို႔ေတာ့လိုပါလိမ့္မယ္။ ဆန္ေဆးရည္ အသုံးမျပဳခင္

ေရစစ္နဲ႕ ၃ႀကိမ္ေလာက္ ျပန္စစ္ပါ။ ေရစစ္နဲ႕စစ္ထားတဲ့ ဆန္ေဆးရည္ကို ေရခဲေသတၱာထဲမွာ နာရီဝက္ခန႔္ထားၿပီးေတာ့မွ ေသာက္ေပးပါ။

ဆန္ေဆးရည္မသန႔္ရင္ မ်က္ႏွာယားယံတာ၊ ေသာက္ၿပီး မူးေနာက္ေနာက္ ထုံထိုင္းထိုင္းျဖစ္တာမ်ိဳး ျဖစ္တတ္လို႔ပါ။ကြၽန္ေတာ္လက္ေတြ႕ ဆန္ေဆးရည္နဲ႕

မ်က္ႏွာသစ္ၿပီး ၂ႏွစ္အတြင္းမွာ မ်က္ႏွာအေရးေၾကာင္းေတြ၊ ေနေလာင္ကြက္ေတြနဲ႕ မ်က္ခုံးေမႊးပါးေနရာမွ မ်က္ခုံးေမႊးျပန္ေပါက္လာတာ

အသားအေရတင္းရင္းလာတာေတြ သိသာခဲ့ပါတယ္။ ဆန္ေဆးရည္က အစာအိမ္နာတာ၊ အူမႀကီးေရာဂါ၊ အဆီအအိမ့္ အစားမ်ားၿပီး

ေသြးထဲမွာ အဆီဓာတ္မ်ားတာ၊ အဝလြန္ေရာဂါ၊ ေလထိုးေလေအာင့္၊ အစာအိမ္နာေဝဒနာေတြ၊ ဆီးက်င္ဆီးေအာင့္ ေဝဒနာေတြ

ဆီးေက်ာက္တည္ ေဝဒနာေတြအတြက္ သန႔္ရွင္းလက္ဆတ္တဲ့ ဆန္ေဆးရည္ကို တစ္ရက္မွာ မတ္ခြက္တစ္ခြက္စာ ေသာက္ေပးရင္ သက္သာေစပါတယ္။

ထမင္းခ်က္ဖို႔အတြက္ ဆန္၃ႀကိမ္ေရေဆးတဲ့အခါ ဒုတိယဆန္ေဆးရည္ကိုခံထားၿပီး ေရစစ္ကေလးနဲ႕ျပန္စစ္ကာ တစ္နာရီအတြင္း ေသာက္သုံးေပးရမွာပါ။

ဆံပင္ျဖဴတဲ့သူ၊ ဆံပင္ပါးတဲ့သူ၊ ဆံပင္ကြၽတ္သူ ဦးေရျပားေရာဂါ အတြက္ေတာ့ ညေနဆန္ေဆးတဲ့ ဒုတိယေဆးရည္ကို တစ္ညလုံးထားၿပီး

ေနာက္တစ္ေန႕မနက္ ေခါင္းေလွ်ာ္ရပါမယ္။ ေခါင္းေလွ်ာ္ၿပီး ရိုးရိုးေရနဲ႕ ျပန္ၿပီးေခါင္းေလွ်ာ္စရာမလိုအပ္ဘဲ ေရေျခာက္ေအာင္သာ ပဝါနဲ႕

သုတ္ပစ္ရမွာျဖစ္ပါတယ္။ ဆန္ေဆးရည္အသုံးျပဳမယ္ဆိုရင္ ထမင္းခ်က္ဖို႔ ဆန္ေဆးတဲ့အခါ ဒုတိယဆန္ေဆးရည္ကို ေရစစ္နဲ႕

အေသအခ်ာေလး ျပန္စစ္ဖို႔ေတာ့လိုပါလိမ့္မယ္။ ဆန္ေဆးရည္ အသုံးမျပဳခင္ ေရစစ္နဲ႕ ၃ႀကိမ္ေလာက္ ျပန္စစ္ပါ။ ေရစစ္နဲ႕စစ္ထားတဲ့ ဆန္ေဆးရည္ကို

ေရခဲေသတၱာထဲမွာ နာရီဝက္ခန႔္ထားၿပီးေတာ့မွ ေသာက္ေပးပါ။ဆန္ေဆးရည္မွာ ဗီတာမင္ဓာတ္မ်ားစြာ ပါဝင္ပါတယ္။ မ်က္ႏွာေနေလာင္တာ

မွဲ႕ေျခာက္၊ တင္းတိတ္၊ အေရျပားမွိုစြဲတာ၊ အေရျပားေပ်ာ့တြဲေနရင္ ဆန္ေဆးၿပီး သန႔္ရွင္းလတ္ဆတ္တဲ့ ဆန္ေဆးရည္ကို တစ္နာရီအတြင္းမွာ

မ်က္နာသစ္ရမွာ ျဖစ္ပါတယ္။ ဆန္ေဆးရည္နဲ႕ မ်က္ႏွာသစ္ၿပီးပါက နာရီဝက္ခန႔္ မ်က္ႏွာကို ေျခာက္ေသြ႕ေအာင္ထားရပါမယ္။ မ်က္ႏွာမွာ

ဆန္ေဆးရည္ေတြ ေျခာက္ေသြ႕သြားၿပီဆိုမွ မိမိတို႔သုံးေနၾက မ်က္နာသစ္ဆပ္ျပာနဲ႕ မ်က္ႏွာသစ္ေရခ်ိဳးမယ္ဆိုရင္ တစ္ႏွစ္အတြင္း မ်က္ႏွာမွာ

သိသိသာသာအေရးေၾကာင္းကင္းစင္ၿပီး အ႐ြယ္တင္ႏုပ်ိဳေနမွာ ျဖစ္ပါတယ္။ အထူးသတိေပးေျပာၾကားလိုတာက ေကာက္ညွင္းဆန္

ငခ်ိတ္ဆန္ကရတဲ့ ဆန္ေဆးေရဟာ မူးေဝတတ္လို႔ မေသာက္သုံးသင့္ပါဘူး။ ကိုယ္ဝန္ေဆာင္မိခင္၊ ကေလးနို႔တိုက္မိခင္ေတြ မေသာက္ေစခ်င္ပါ” ဟု

ေဒါက္တာလွဝင္းေအာင္က ေျပာသည္။ တကယ္က်န္းမာေရးေကာင္းလိုလွ်င္၊ တကယ္ဝိတ္က်လိဳလွ်င္ အဆီအအိမ့္ အခ်ိဳမ်ားေရွာင္ျခင္း

အစားအစာကို သတိေလးႏွင့္စားျခင္း၊ အစာစားလွ်င္ အျမန္မစားဘဲ ေၾကညက္ေအာင္ဝါးစားျခင္း၊ အရက္ဘီယာ၊ အခ်ိဳရည္၊ ေဆးလိပ္ေရွာင္ျခင္း

သန႔္ရွင္းေသာ ဆန္ေဆးရည္ကို ေန႕စဥ္တစ္လီတာ ပုံမွန္ေသာက္ၿပီး အားကစားတစ္ခုခုကို ေန႕စဥ္ပုံမွန္လုပ္ျခင္း(သို႔မဟုတ္ ေန႕စဥ္

လမ္းမ်ားမ်ားေလွ်ာက္ၿပီး ေရမ်ားမ်ားေသာက္ျခင္း)၊ ညေန၅နာရီေနာက္ပိုင္း အစာမစားဘဲေနျခင္း၊ (ဗိုက္အလြန္ဆာေနလွ်င္ ငွက္ေပ်ာသီး

မာလကာသီး၊ ပန္းသီး သို႔မဟုတ္ အသီးအႏွံ တစ္ခုခုစားျခင္းတို႔ကို ျပဳလုပ္သင့္ေၾကာင္း၊ တစ္ႏွစ္ခန႔္ လိုက္နာၾကည့္လ်င္ က်န္းမာေရးေကာင္းၿပီး

ကိုယ္အေလးခ်ိန္က်မည္ျဖစ္ေၾကာင္း ေဒါက္တာလွဝင္းေအာင္က အႀကံျပဳထားသည္။ ႏွစ္ႏွစ္အတြင္း ကိုယ္အေလးခ်ိန္ ၃၆၀ ေပါင္ေက်ာ္

လူဝႀကီးအျဖစ္မွ ေပါင္ ၁၆၀ ေက်ာ္အထိ ေလ်ာ့က်သြားရျခင္းအေၾကာင္းကို ေဒါက္တာလွဝင္းေအာင္က “တခ်ိဳ႕ကဆို ကြၽန္ေတာ့္မ်က္ႏွာ

ခြဲစိတ္ျပဳျပင္ထားသလား အထင္မွားေနၾကပါတယ္။ စိတ္နဲ႕ေတာင္ အဲ့ဒီအတြက္ ပိုက္ဆံအကုန္မခံပါဘူးခင္ဗ်ာ။ အဆီမ်ားတာေရွာင္တယ္။

ညစာ အသီးအနံွစားပါတယ္။ အဲ့ဒါေၾကာင့္၂ႏွစ္အတြင္း က်န္းမာေရးေကာင္းမြန္ၿပီး သိသာစြာ ကိုယ္အေလးခ်ိန္က်သြားတာပါ။

စပါးစိုက္တဲ့ေနရာထည့္တဲ့ ပိုးသတ္ေဆးေတြ ဆန္စပါး ျဖစ္လာေတာ့လည္း ပိုးမထိုးေအာင္၊ အႏွံေမႊးေအာင္ တခ်ိဳ႕က ေဆးျဖန္းတတ္တာေၾကာင့္

ဆန္ေဆးတဲ့အခါ ေသေသခ်ာခ်ာေဆးပါ၊ ဒုတိယေဆးတဲ့ ဆန္ေဆးရည္ကို ေရသန႔္နဲ႕ေဆးပါ၊ ေရစစ္နဲ႕ျပန္စစ္ပါ၊ ၿပီးမွေနာက္ေန႕မကူးဘဲ

တေန႕ခ်င္းကုန္ေအာင္ တစ္လီတာေသာက္ပါ၊ မ်က္ႏွာသစ္ပါ။ ဆန္ေဆးရည္ေသာက္တာက အသားအေရက်စ္ၿပီး အေမာခံနိုင္ပါတယ္။

အားကစားလုပ္တာနဲ႕ အစားအစာထိန္းစားပါ၊ ညေန ၅နာရီေနာက္ပိုင္း အသီးအႏွံပဲစားလို႔ ပိန္တာပါ”ဟု ေျပာျပထားပါသည္။ ခရက္ဒစ္

Unicode

နိုင်ငံတော်မှ ဘွဲ့ဆုတံဆိပ်များစွာ ချီးမြင့်ခြင်း ခံထားရသူ ဒေါက်တာလှဝင်းအောင်က အဘိဓမ္မာ ဆရာတစ်ဦး၊ လူမှုရေးအလုပ်များစွာ

လုပ်ဆောင်သည့် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် လူသိများသူဖြစ်သည်။ သူပြောပြထားသည့် ဆန်ဆေးရည်၏ကျန်းမာရေးနှင့် အလှအပ

အကျိုးကျေးဇူးများကို အများပြည်သူဗဟုသုတရရှိစေရန် ပြန်လည်မျှဝေလိုက်ပါသည်။ “ဆန်ဆေးရည်ကြောင့် အသက်၄၀ ကျော် အရွယ်တွေ

ငယ်ရွယ်နုပျိုစေနိုင်ပြီး အရွယ်သုံးပါးလုံးအတွက် တန်ဖိုးနည်းပေမယ့် စွမ်းတဲ့သဘာဝဆေးပါ။ ဆန်ဆေးရည်အစွမ်းကြောင့် နေလောင်

မဲှ့ခြောက်၊ တင်းတိတ်နဲ့ မျက်နာအရေးကြောင်း၊ အရေပြား ပျော့တွဲတွဲဖြစ်နေခြင်းတွေ ပျောက်ကင်းသက်သာကြောင်းကို ကျွန်တော့်ကိုယ်တွေ့နဲ့

သုတသန္နိစယ ကျမ်းပါနန်းတွင်းသုံးသဘာဝရဲ့ ဆေးတစ်လက်ဖြစ်ကြောင်းကိုပါ ပြောပြပေးချင်တာပါ။ မန္တလေးရွှေမြို့တော်ကြီးကို

ထူထောင်ခဲ့တဲ့ မင်းတုန်းမင်းကြီး လက်ထက်တော်အခါတုန်းက မင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ မယ်သဲ(ခေါ်)မယ်ညွန့်ဟာ အဝလွန်တာကြောင့်

မင်းကြီးရဲ့ငယ်ချစ်သခင် ဖြစ်ပါရက်နဲ့ တောင်နန်းစံမိဖုရားခေါင်ကြီးဘ၀ မဖြစ်ရရှာဘဲ ဝလွန်းလို့ မြောက်နန်းစံမိဖုရားဘဝနဲ့သာ

ဖြစ်ရရှာတဲ့အတွက် နန်းတွင်းသမားတော်ကြီးတွေက ပွဲတော်တည်ဖို့ထမင်းမချက်မီ ဆန်ကိုသန့်စင်အောင် ရေဆေးကြောတဲ့အခါ ရရှိတဲ့

ဒုတိယဆန်ဆေးရည်ကို နေ့စဉ် အုန်းမှုတ်တစ်ခွက်စာ ဘုဉ်းပေးသုံးဆောင်ဖို့ လျောက်တင်ခဲ့ပါတယ်။ ဆန်ဆေးရည်နဲ့ အဝလွန်တဲ့ရောဂါကို

ကုသပေးခဲ့တာကြောင့် အလွန်ပဲလှပကြော့ရှင်းတဲ့ ခန္ဓာဖြစ်သွားတာကို မင်းကြီးတိုင်းခန်းလှည့်လည် အပြန်ညအိပ်ဆောင်ဝင်တော့

လူမှားခဲ့ရတဲ့အထိ လှပနေပါသတဲ့။ ဆန်ဆေးရည်မှာ ဗီတာမင်ဓာတ်များပါဝင်တာကြောင့် အစာစားချင်စိတ်ကို အလွန်ထိန်းချုပ်ပေးပါတယ်။

ဝနေတဲ့လူတော်တော်များများက အစားအစာအစားများတာ၊ အသင့်စားခေါက်ဆွဲခြောက်တွေကို အလွယ်တကူဝယ်စားတာ၊ အဆီအအိမ့်နဲ့

နှစ်ပြန်ကြော်ဆီတွေ၊ ဟင်းအနှစ်တွေ၊ အကြော်အလှော်တွေစားတာ၊ ညအချိန်မတော်ထစားတာတွေ လုပ်တတ်ပြီး ကိုယ်စားတာက

မိမိခန္ဓာကိုယ် လိုအပ်တာထက် ပိုအစားများတာနဲ့ စိတ်အလိုကို ခန္ဓာကိုယ်က လိုက်ပြီးစားတာတွေကြောင့် ဝနေကြတာပါ။

လူတစ်ယောက်အရမ်းဝနေရာကနေ ဝိတ်ကျဖို့ အားကစားက ၅၀ ရာခိုင်နှုန်း အရေးပါကာ အစားအစာထိန်းစားတာက ၅၀ ရာခိုင်နှုန်း

အရေပါလှပါတယ်။ ဆန်ဆေးရည်မှာ ဗီတာမင်ဓာတ်များ ပါဝင်တာကြောင့် အစာစားချင်စိတ်ကို အလွန်ထိန်းချုပ်ပေးပါတယ်။ ဝနေတဲ့လူတော်တော်များများက

အစားအစာ အစားများတာ၊ အသင့်စား ခေါက်ဆွဲခြောက်တွေကို အလွယ်တကူဝယ်စားတာ၊ အဆီအအိမ့်နဲ့ နှစ်ပြန်ကြော်ဆီတွေ၊ ဟင်းအနှစ်တွေ

အကြော်အလှော်တွေစားတာ၊ ညအချိန်မတော်ထစားတာတွေ လုပ်တတ်ပြီး ကိုယ်စားတာက မိမိခန္ဓာကိုယ်လိုအပ်တာထက် ပိုအစားများတာနဲ့

စိတ်အလိုကို ခန္ဓာကိုယ်ကလိုက်ပြီး စားတာတွေကြောင့် ဝနေကြတာပါ။ ဝိတ်ကျဖို့ ညနေ၅နာရီနောက်ပိုင်း အသီးအနှံစားသုံးတာ၊ ခန္ဓာကိုယ်မှ

မလိုအပ်တဲ့အဆီတွေ လောင်ကျွမ်းစေဖို့၊ သက်လုံကောင်းစေဖို့ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်တာနဲ့အတူ ဆန်ဆေးရည်ထဲ

ဆားအနည်းငယ်ထည့်ကာ တွဲသောက်ပါက အလျင်အမြန် ဝိတ်ကျတဲ့အပြင် မျက်နှာနဲ့ ကိုယ်ခန္ဓာ အရေပြားတွဲကျနေတာတွေကို

တင်းရင်းစေပါတယ်” ဟု ဒေါက်တာလှဝင်းအောင်က ပြောသည်။ ဝိတ်ကျစေရန်နှင့် အသားအရေလှပစေရန် ဒုတိယအကြိမ်ဆန်ဆေးထားသည့်

ဆန်ဆေးရည်ကို ရေစစ်နှင့်စစ်ပြီး သုံးသင့်ကြောင်း ဒေါက်တာ လှဝင်းအောင်ကဆိုသည်။ “ဆန်ဆေးရည်အသုံးပြုမယ်ဆိုရင် ထမင်း

ချက်ဖို့ ဆန်ဆေးတဲ့အခါ ဒုတိယဆန်ဆေးရည်ကို ရေစစ်နဲ့ အသေအချာလေး ပြန်စစ်ဖို့တော့လိုပါလိမ့်မယ်။ ဆန်ဆေးရည် အသုံးမပြုခင်

ရေစစ်နဲ့ ၃ကြိမ်လောက် ပြန်စစ်ပါ။ ရေစစ်နဲ့စစ်ထားတဲ့ ဆန်ဆေးရည်ကို ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့်ထားပြီးတော့မှ သောက်ပေးပါ။

ဆန်ဆေးရည်မသန့်ရင် မျက်နှာယားယံတာ၊ သောက်ပြီး မူးနောက်နောက် ထုံထိုင်းထိုင်းဖြစ်တာမျိုး ဖြစ်တတ်လို့ပါ။ကျွန်တော်လက်တွေ့ ဆန်ဆေးရည်နဲ့

မျက်နှာသစ်ပြီး ၂နှစ်အတွင်းမှာ မျက်နှာအရေးကြောင်းတွေ၊ နေလောင်ကွက်တွေနဲ့ မျက်ခုံးမွှေးပါးနေရာမှ မျက်ခုံးမွှေးပြန်ပေါက်လာတာ

အသားအရေတင်းရင်းလာတာတွေ သိသာခဲ့ပါတယ်။ ဆန်ဆေးရည်က အစာအိမ်နာတာ၊ အူမကြီးရောဂါ၊ အဆီအအိမ့် အစားများပြီး

သွေးထဲမှာ အဆီဓာတ်များတာ၊ အဝလွန်ရောဂါ၊ လေထိုးလေအောင့်၊ အစာအိမ်နာဝေဒနာတွေ၊ ဆီးကျင်ဆီးအောင့် ဝေဒနာတွေ

ဆီးကျောက်တည် ဝေဒနာတွေအတွက် သန့်ရှင်းလက်ဆတ်တဲ့ ဆန်ဆေးရည်ကို တစ်ရက်မှာ မတ်ခွက်တစ်ခွက်စာ သောက်ပေးရင် သက်သာစေပါတယ်။

ထမင်းချက်ဖို့အတွက် ဆန်၃ကြိမ်ရေဆေးတဲ့အခါ ဒုတိယဆန်ဆေးရည်ကိုခံထားပြီး ရေစစ်ကလေးနဲ့ပြန်စစ်ကာ တစ်နာရီအတွင်း သောက်သုံးပေးရမှာပါ။

ဆံပင်ဖြူတဲ့သူ၊ ဆံပင်ပါးတဲ့သူ၊ ဆံပင်ကျွတ်သူ ဦးရေပြားရောဂါ အတွက်တော့ ညနေဆန်ဆေးတဲ့ ဒုတိယဆေးရည်ကို တစ်ညလုံးထားပြီး

နောက်တစ်နေ့မနက် ခေါင်းလျှော်ရပါမယ်။ ခေါင်းလျှော်ပြီး ရိုးရိုးရေနဲ့ ပြန်ပြီးခေါင်းလျှော်စရာမလိုအပ်ဘဲ ရေခြောက်အောင်သာ ပဝါနဲ့

သုတ်ပစ်ရမှာဖြစ်ပါတယ်။ ဆန်ဆေးရည်အသုံးပြုမယ်ဆိုရင် ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါ ဒုတိယဆန်ဆေးရည်ကို ရေစစ်နဲ့

အသေအချာလေး ပြန်စစ်ဖို့တော့လိုပါလိမ့်မယ်။ ဆန်ဆေးရည် အသုံးမပြုခင် ရေစစ်နဲ့ ၃ကြိမ်လောက် ပြန်စစ်ပါ။ ရေစစ်နဲ့စစ်ထားတဲ့ ဆန်ဆေးရည်ကို

ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့်ထားပြီးတော့မှ သောက်ပေးပါ။ဆန်ဆေးရည်မှာ ဗီတာမင်ဓာတ်များစွာ ပါဝင်ပါတယ်။ မျက်နှာနေလောင်တာ

မှဲ့ခြောက်၊ တင်းတိတ်၊ အရေပြားမှိုစွဲတာ၊ အရေပြားပျော့တွဲနေရင် ဆန်ဆေးပြီး သန့်ရှင်းလတ်ဆတ်တဲ့ ဆန်ဆေးရည်ကို တစ်နာရီအတွင်းမှာ

မျက်နာသစ်ရမှာ ဖြစ်ပါတယ်။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပြီးပါက နာရီဝက်ခန့် မျက်နှာကို ခြောက်သွေ့အောင်ထားရပါမယ်။ မျက်နှာမှာ

ဆန်ဆေးရည်တွေ ခြောက်သွေ့သွားပြီဆိုမှ မိမိတို့သုံးနေကြ မျက်နာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်ရေချိုးမယ်ဆိုရင် တစ်နှစ်အတွင်း မျက်နှာမှာ

သိသိသာသာအရေးကြောင်းကင်းစင်ပြီး အရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်။ အထူးသတိပေးပြောကြားလိုတာက ကောက်ညှင်းဆန်

ငချိတ်ဆန်ကရတဲ့ ဆန်ဆေးရေဟာ မူးဝေတတ်လို့ မသောက်သုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးနို့တိုက်မိခင်တွေ မသောက်စေချင်ပါ” ဟု

ဒေါက်တာလှဝင်းအောင်က ပြောသည်။ တကယ်ကျန်းမာရေးကောင်းလိုလျှင်၊ တကယ်ဝိတ်ကျလိုလျှင် အဆီအအိမ့် အချိုများရှောင်ခြင်း

အစားအစာကို သတိလေးနှင့်စားခြင်း၊ အစာစားလျှင် အမြန်မစားဘဲ ကြေညက်အောင်ဝါးစားခြင်း၊ အရက်ဘီယာ၊ အချိုရည်၊ ဆေးလိပ်ရှောင်ခြင်း

သန့်ရှင်းသော ဆန်ဆေးရည်ကို နေ့စဉ်တစ်လီတာ ပုံမှန်သောက်ပြီး အားကစားတစ်ခုခုကို နေ့စဉ်ပုံမှန်လုပ်ခြင်း(သို့မဟုတ် နေ့စဉ်

လမ်းများများလျှောက်ပြီး ရေများများသောက်ခြင်း)၊ ညနေ၅နာရီနောက်ပိုင်း အစာမစားဘဲနေခြင်း၊ (ဗိုက်အလွန်ဆာနေလျှင် ငှက်ပျောသီး

မာလကာသီး၊ ပန်းသီး သို့မဟုတ် အသီးအနှံ တစ်ခုခုစားခြင်းတို့ကို ပြုလုပ်သင့်ကြောင်း၊ တစ်နှစ်ခန့် လိုက်နာကြည့်လျင် ကျန်းမာရေးကောင်းပြီး

ကိုယ်အလေးချိန်ကျမည်ဖြစ်ကြောင်း ဒေါက်တာလှဝင်းအောင်က အကြံပြုထားသည်။ နှစ်နှစ်အတွင်း ကိုယ်အလေးချိန် ၃၆၀ ပေါင်ကျော်

လူဝကြီးအဖြစ်မှ ပေါင် ၁၆၀ ကျော်အထိ လျော့ကျသွားရခြင်းအကြောင်းကို ဒေါက်တာလှဝင်းအောင်က “တချို့ကဆို ကျွန်တော့်မျက်နှာ

ခွဲစိတ်ပြုပြင်ထားသလား အထင်မှားနေကြပါတယ်။ စိတ်နဲ့တောင် အဲ့ဒီအတွက် ပိုက်ဆံအကုန်မခံပါဘူးခင်ဗျာ။ အဆီများတာရှောင်တယ်။

ညစာ အသီးအနံှစားပါတယ်။ အဲ့ဒါကြောင့်၂နှစ်အတွင်း ကျန်းမာရေးကောင်းမွန်ပြီး သိသာစွာ ကိုယ်အလေးချိန်ကျသွားတာပါ။

စပါးစိုက်တဲ့နေရာထည့်တဲ့ ပိုးသတ်ဆေးတွေ ဆန်စပါး ဖြစ်လာတော့လည်း ပိုးမထိုးအောင်၊ အနှံမွှေးအောင် တချို့က ဆေးဖြန်းတတ်တာကြောင့်

ဆန်ဆေးတဲ့အခါ သေသေချာချာဆေးပါ၊ ဒုတိယဆေးတဲ့ ဆန်ဆေးရည်ကို ရေသန့်နဲ့ဆေးပါ၊ ရေစစ်နဲ့ပြန်စစ်ပါ၊ ပြီးမှနောက်နေ့မကူးဘဲ

တနေ့ချင်းကုန်အောင် တစ်လီတာသောက်ပါ၊ မျက်နှာသစ်ပါ။ ဆန်ဆေးရည်သောက်တာက အသားအရေကျစ်ပြီး အမောခံနိုင်ပါတယ်။

အားကစားလုပ်တာနဲ့ အစားအစာထိန်းစားပါ၊ ညနေ ၅နာရီနောက်ပိုင်း အသီးအနှံပဲစားလို့ ပိန်တာပါ”ဟု ပြောပြထားပါသည်။ ခရက်ဒစ်