YBS ဂုဏ္ကို ျမင့္တင္ေပးတဲ့ ဒီညီေလးကိုေတြ႕ရင္ ဘယ္ေနရာမွာပဲေတြ႕ေတြ႕ ၿပဳံးျပေပးၾကပါတဲ့

Zawgyi

ဒီညီေလးကို ေတြ႕ရင္ၿပဳံးျပေပးၾကပါတဲ့။ ဒီပုံကို မတင္ခဲ့တာကသူ တစုံတခု အခက္အခဲျဖစ္သြားမလားထင္မိလို႔ပါ။ မွတ္မိၾကမလားမသိ ၾကာပါၿပီ သစၥာလမ္းမႀကီး မိုးေကာင္းပြိဳင့္မွာ ကြၽန္ေတာ့္ကို

လာတိုက္မိတဲ့ YBS 12 က ဒ႐ိုင္ဘာေလးေပါ့။ ကြၽန္ေတာ္ကားေပၚက ဆင္းေတာ့သူလည္း ကပ်ာကယာ ဆင္းလာၿပီး ယဥ္ယဥ္ေက်းေက်း ေျပာပါတယ္။ ကြၽန္ေတာ္ကေတာင္ အသံမာေနေသးတယ္။

သူက သူ႔အမွားကို သိတယ္တဲ့။ အဲဒါကို ကြၽန္ေတာ္ သေဘာက်လို႔ ဟုတ္ၿပီညီေလး ဘာမွစိတ္မပူနဲ႔ အကို ေလ်ာ္ေၾကးမယူဘူး။ ဒါေပမယ့္ မင္း အထက္အရာရွိကိုေတာ့ အကို႔ကိုဖုန္းေျပာခြင့္ျပဳပါဆိုေတာ့ သူက ရပါတယ္တဲ့။

ေနာက္ အဆင္ေျပသြားတယ္ေပါ့ဗ်ာ။ သူ႔အရာရွိက ေဘာ္ဒီ႐ုံမွာ အပ္ေပးတယ္။ ကြၽန္ေတာ္ေက်နပ္တဲ့အထိ ျပင္ေပးဖို႔မွာတယ္။ ကားသြားပို႔ေတာ့လည္း ဒီညီေလး လာတယ္။ သြားယူေတာ့လည္း လာၾကည့္ေပးတယ္။

သူ႔ကို စုံစမ္းၾကည့္ေတာ့ ဘုန္းႀကီးေက်ာင္းမွာေနတဲ့ အညာဘက္ကလာတဲ့သူ ျဖစ္ေနတယ္။ ဒါနဲ႔ ယာဥ္ထိန္းကိုလည္း ဒဏ္ေၾကးအမ်ားႀကီး မလုပ္ဖို႔ဝင္ေျပာေပးခဲ့တယ္။ ကားေဘာ္ဒီ႐ုံကို သူလာေတာ့

လက္ထဲမွာ အိတ္တစ္လုံးပါတယ္။ ၾကည့္လိုက္ေတာ့ ေငြေတြ ဘာလုပ္ဖို႔လည္းဆိုေတာ့ အကိုမ်ား ေလ်ာ္ေၾကးေတာင္းမလား ထင္လို႔ဘုန္းႀကီးဆီကေရာ ဂိတ္ထမင္းဆိုင္ကပါ ခဏေခ်းလာတာတဲ့။

မယူပါဘူး ျပန္ေပးလိုက္ လို႔ေျပာေတာ့ ဝင္းခနဲျဖစ္သြားတဲ့ မ်က္ႏွာေလးက သိသာတယ္။ သူ စိတ္ေပါ့သြားတာ ကြၽန္ေတာ္ ေပ်ာ္ပါတယ္။ အခုလည္း လမ္းမွာ YBS 12 ေတြေတြ႕ရင္ ၾကည့္မိတယ္။

သူ ေမာင္းေနတာေတြ႕ရင္ လက္ျပမိတယ္။ သူကလည္း မွတ္မိမယ္ထင္ပါရဲ႕။ YBS ေတြ အခု အဆင္ေျပလာၿပီလို႔ ထင္ပါတယ္။ ကြၽန္ေတာ္ သူ႔ကို မွာခဲ့တာတစ္ခုရွိတယ္။ ညီေလး မင္းလုပ္ေနတာ မင္းအတြက္ပဲ

မဟုတ္ဘူးေနာ္ မင္းအဖြဲ႕အစည္းရဲ႕ ဂုဏ္သိကၡာကို မထိခိုက္ေစနဲ႔ လို႔။ ဒီလို ညီငယ္ေတြ ဒီလို ဒ႐ိုင္ဘာေလးေတြအမ်ားႀကီးရွိလာရင္ YBS ဟာ မေအာင္ျမင္စရာမရွိပါဘူး။ ခင္ဗ်ားတို႔လည္း လမ္းေတြ႕ရင္

သူ႔ကို ၿပဳံးျပလိုက္ပါ။ သူ႔ကို ေတြ႕ခ်င္ရင္ ေျမာက္ဒဂုံ ၅၀ ေကြ႕က YBS 12 ဝင္းမွာ စုံစမ္းလို႔ ရပါတယ္။ သူ သေဘာေကာင္းတဲ့ ခ်ာတိတ္ပါ။ ကြၽန္ေတာ္တို႔ အတူ ေျပာင္းလဲရေအာင္ဗ်ာ။

Unicode

ဒီညီလေးကို တွေ့ရင်ပြုံးပြပေးကြပါတဲ့။ ဒီပုံကို မတင်ခဲ့တာကသူ တစုံတခု အခက်အခဲဖြစ်သွားမလားထင်မိလို့ပါ။ မှတ်မိကြမလားမသိ ကြာပါပြီ သစ္စာလမ်းမကြီး မိုးကောင်းပွိုင့်မှာ ကျွန်တော့်ကို

လာတိုက်မိတဲ့ YBS 12 က ဒရိုင်ဘာလေးပေါ့။ ကျွန်တော်ကားပေါ်က ဆင်းတော့သူလည်း ကပျာကယာ ဆင်းလာပြီး ယဉ်ယဉ်ကျေးကျေး ပြောပါတယ်။ ကျွန်တော်ကတောင် အသံမာနေသေးတယ်။

သူက သူ့အမှားကို သိတယ်တဲ့။ အဲဒါကို ကျွန်တော် သဘောကျလို့ ဟုတ်ပြီညီလေး ဘာမှစိတ်မပူနဲ့ အကို လျော်ကြေးမယူဘူး။ ဒါပေမယ့် မင်း အထက်အရာရှိကိုတော့ အကို့ကိုဖုန်းပြောခွင့်ပြုပါဆိုတော့ သူက ရပါတယ်တဲ့။

နောက် အဆင်ပြေသွားတယ်ပေါ့ဗျာ။ သူ့အရာရှိက ဘော်ဒီရုံမှာ အပ်ပေးတယ်။ ကျွန်တော်ကျေနပ်တဲ့အထိ ပြင်ပေးဖို့မှာတယ်။ ကားသွားပို့တော့လည်း ဒီညီလေး လာတယ်။ သွားယူတော့လည်း လာကြည့်ပေးတယ်။

သူ့ကို စုံစမ်းကြည့်တော့ ဘုန်းကြီးကျောင်းမှာနေတဲ့ အညာဘက်ကလာတဲ့သူ ဖြစ်နေတယ်။ ဒါနဲ့ ယာဉ်ထိန်းကိုလည်း ဒဏ်ကြေးအများကြီး မလုပ်ဖို့ဝင်ပြောပေးခဲ့တယ်။ ကားဘော်ဒီရုံကို သူလာတော့

လက်ထဲမှာ အိတ်တစ်လုံးပါတယ်။ ကြည့်လိုက်တော့ ငွေတွေ ဘာလုပ်ဖို့လည်းဆိုတော့ အကိုများ လျော်ကြေးတောင်းမလား ထင်လို့ဘုန်းကြီးဆီကရော ဂိတ်ထမင်းဆိုင်ကပါ ခဏချေးလာတာတဲ့။

မယူပါဘူး ပြန်ပေးလိုက် လို့ပြောတော့ ဝင်းခနဲဖြစ်သွားတဲ့ မျက်နှာလေးက သိသာတယ်။ သူ စိတ်ပေါ့သွားတာ ကျွန်တော် ပျော်ပါတယ်။ အခုလည်း လမ်းမှာ YBS 12 တွေတွေ့ရင် ကြည့်မိတယ်။

သူ မောင်းနေတာတွေ့ရင် လက်ပြမိတယ်။ သူကလည်း မှတ်မိမယ်ထင်ပါရဲ့။ YBS တွေ အခု အဆင်ပြေလာပြီလို့ ထင်ပါတယ်။ ကျွန်တော် သူ့ကို မှာခဲ့တာတစ်ခုရှိတယ်။ ညီလေး မင်းလုပ်နေတာ မင်းအတွက်ပဲ

မဟုတ်ဘူးနော် မင်းအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေနဲ့ လို့။ ဒီလို ညီငယ်တွေ ဒီလို ဒရိုင်ဘာလေးတွေအများကြီးရှိလာရင် YBS ဟာ မအောင်မြင်စရာမရှိပါဘူး။ ခင်ဗျားတို့လည်း လမ်းတွေ့ရင်

သူ့ကို ပြုံးပြလိုက်ပါ။ သူ့ကို တွေ့ချင်ရင် မြောက်ဒဂုံ ၅၀ ကွေ့က YBS 12 ဝင်းမှာ စုံစမ်းလို့ ရပါတယ်။ သူ သဘောကောင်းတဲ့ ချာတိတ်ပါ။ ကျွန်တော်တို့ အတူ ပြောင်းလဲရအောင်ဗျာ။