ရန္ကုန္တကၠသိုလ္ မဟာဘြဲ႕သင္တန္းမ်ား တက္ေရာက္ရန္ တကၠသိုလ္တိုင္းမွ အဆင့္မီသူမ်ား ေလွ်ာက္ထားနိုင္

Zawgyi

ေလွ်ာက္ထားသူမ်ားသည္ ဒီဇင္ဘာ ၃ ရက္တြင္ ဝင္ခြင့္စာေမးပြဲ ေျဖရမည္ျဖစ္သည္။

ရန္ကုန္တကၠသိုလ္တြင္ ဖြင့္မည့္ မဟာဘြဲ႕သင္တန္းမ်ားကို ပညာေရးဝန္ႀကီးဌာန ေအာက္ရွိ တကၠသိုလ္တိုင္းမွ ဘြဲ႕တစ္ခုခုရ ၿပီး မဟာဘြဲ႕သင္တန္းတက္ရန္ အဆင့္မီသူမ်ား ေလွ်ာက္ထားနိုင္ေၾကာင္း ရန္ကုန္တကၠသိုလ္က နိုဝင္ဘာ ၄ ရက္တြင္ ေၾကညာ သည္။

ပညာေရးဝန္ႀကီးဌာန ေအာက္ရွိ တကၠသိုလ္တစ္ခုခုမွ ဂုဏ္ထူးတန္းဘြဲ႕ကို အနိမ့္ဆုံးဒုတိယအဆင့္ျဖင့္ ေအာင္ျမင္သူမ်ား၊ မဟာအရည္အခ်င္းစစ္ သင္တန္း ေအာင္ျမင္သူမ်ား၊ စနစ္သစ္ဥပေဒပညာ ပၪၥမႏွစ္သင္တန္းႏွင့္ ဘြဲ႕လြန္ဒီပလိုမာ သင္တန္းမ်ားတြင္ မဟာသင္တန္းတက္ေရာက္ရန္ အဆင့္မီသူမ်ားသည္ ရန္ကုန္တကၠသိုလ္ မဟာဘြဲ႕သင္တန္း တက္ေရာက္ ခြင့္ ေလွ်ာက္ထားနိုင္သည္။

‘‘ဝင္ခြင့္စာေမးပြဲ ထပ္ေျဖရမယ္။ လက္ခံနိုင္တဲ့ အေရအတြက္ကေတာ့ ဘာသာရပ္ဆိုင္ရာဌာနေတြေပၚ မူတည္တယ္။ ရန္ကုန္တကၠသိုလ္က ဘြဲ႕ႀကိဳတန္းေတြက တက္လာမွာေတြလည္း ရွိေသးတယ္’’ဟု ရန္ကုန္တကၠသိုလ္ ေက်ာင္းသားေရးရာႏွင့္ ေက်ာင္းေဆာင္မ်ားဌာန တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မဟာဘြဲ႕ သင္တန္းမ်ားကို အခ်ိန္ျပည့္ ၂ ႏွစ္ တက္ေရာက္ ရမည္ျဖစ္ၿပီး နိုဝင္ဘာ ၁၅ ရက္မွ၂၉ ရက္အတြင္း ရန္ကုန္တကၠ သိုလ္ ေက်ာင္းသားေရးရာႏွင့္ ေက်ာင္းေဆာင္မ်ားဌာနသို႔ သင္တန္းဝင္ခြင့္ ေလွ်ာက္ထားရမည္ျဖစ္သည္။ ေလွ်ာက္ထားသူမ်ား သည္ ဒီဇင္ဘာ ၃ ရက္တြင္ ဝင္ ခြင့္စာေမးပြဲ ေျဖရမည္ျဖစ္သည္။

မဟာဘြဲ႕သင္တန္း တက္ ေရာက္ခြင့္ ေလွ်ာက္ထားမည့္သူမ်ားအေနျဖင့္ ေလွ်ာက္လႊာ တင္သည့္အခ်ိန္ႏွင့္ တကၠသိုလ္ေနာက္ဆုံး တက္ေရာက္ခဲ့ခ်ိန္ အမ်ားဆုံးသုံးႏွစ္သာ ကြာဟရမည္ျဖစ္ၿပီး ရန္ကုန္တကၠသိုလ္ တြင္ မဟာဘြဲ႕တက္ခြင့္ျပဳေၾကာင္း မူလဘြဲ႕ရရွိသည့္ တကၠသိုလ္၏ ေထာက္ခံခ်က္ကို ပူးတြဲတင္ျပရမည္ျဖစ္သည္။

ရန္ကုန္တကၠသိုလ္၏ မဟာဘြဲ႕သင္တန္းမ်ားကို ႏွစ္စဥ္ ဒီဇင္ဘာတြင္ ဖြင့္လွစ္ၿပီး ရန္ကုန္တကၠသိုလ္မွ ဘြဲ႕ရသူသာမက အျခားတကၠသိုလ္မွ ဘြဲ႕ရမ်ားပါ လက္ခံသင္ၾကားေပးသည္။

ရန္ကုန္တကၠသိုလ္တြင္ ျမန္မာစာ၊ အဂၤလိပ္စာ၊ ပထဝီဝင္၊ သမိုင္း၊ ဒႆနိကေဗဒ၊ စိတ္ပညာ၊ ဥပေဒပညာ၊ အေရွ႕တိုင္းပညာ၊ နိုင္ငံတကာဆက္ဆံေရး ပညာ၊ မႏုႆေဗဒ၊ ေရွးေဟာင္းသုေတသနပညာ၊ စာၾကည့္တိုက္ႏွင့္ သုတပညာ၊ ဓာတုေဗဒ၊ ႐ူပေဗဒ၊ သခၤ်ာ၊ သတၱေဗဒ၊ ႐ုကၡေဗဒ၊ ဘူမိေဗဒ၊ ကုန္ထုတ္ဓာတုေဗဒ၊ ကြန္ပ်ဴတာသိပၸံပညာဌာန မ်ားက မဟာဘြဲ႕သင္တန္း ဖြင့္ လွစ္သင္ၾကားေနသည္။

Unicode

လျှောက်ထားသူများသည် ဒီဇင်ဘာ ၃ ရက်တွင် ဝင်ခွင့်စာမေးပွဲ ဖြေရမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်တွင် ဖွင့်မည့် မဟာဘွဲ့သင်တန်းများကို ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်တိုင်းမှ ဘွဲ့တစ်ခုခုရ ပြီး မဟာဘွဲ့သင်တန်းတက်ရန် အဆင့်မီသူများ လျှောက်ထားနိုင်ကြောင်း ရန်ကုန်တက္ကသိုလ်က နိုဝင်ဘာ ၄ ရက်တွင် ကြေညာ သည်။

ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်တစ်ခုခုမှ ဂုဏ်ထူးတန်းဘွဲ့ကို အနိမ့်ဆုံးဒုတိယအဆင့်ဖြင့် အောင်မြင်သူများ၊ မဟာအရည်အချင်းစစ် သင်တန်း အောင်မြင်သူများ၊ စနစ်သစ်ဥပဒေပညာ ပဉ္စမနှစ်သင်တန်းနှင့် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများတွင် မဟာသင်တန်းတက်ရောက်ရန် အဆင့်မီသူများသည် ရန်ကုန်တက္ကသိုလ် မဟာဘွဲ့သင်တန်း တက်ရောက် ခွင့် လျှောက်ထားနိုင်သည်။

‘‘ဝင်ခွင့်စာမေးပွဲ ထပ်ဖြေရမယ်။ လက်ခံနိုင်တဲ့ အရေအတွက်ကတော့ ဘာသာရပ်ဆိုင်ရာဌာနတွေပေါ် မူတည်တယ်။ ရန်ကုန်တက္ကသိုလ်က ဘွဲ့ကြိုတန်းတွေက တက်လာမှာတွေလည်း ရှိသေးတယ်’’ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဟာဘွဲ့ သင်တန်းများကို အချိန်ပြည့် ၂ နှစ် တက်ရောက် ရမည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်မှ၂၉ ရက်အတွင်း ရန်ကုန်တက္က သိုလ် ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာနသို့ သင်တန်းဝင်ခွင့် လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားသူများ သည် ဒီဇင်ဘာ ၃ ရက်တွင် ဝင် ခွင့်စာမေးပွဲ ဖြေရမည်ဖြစ်သည်။

မဟာဘွဲ့သင်တန်း တက် ရောက်ခွင့် လျှောက်ထားမည့်သူများအနေဖြင့် လျှောက်လွှာ တင်သည့်အချိန်နှင့် တက္ကသိုလ်နောက်ဆုံး တက်ရောက်ခဲ့ချိန် အများဆုံးသုံးနှစ်သာ ကွာဟရမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် တွင် မဟာဘွဲ့တက်ခွင့်ပြုကြောင်း မူလဘွဲ့ရရှိသည့် တက္ကသိုလ်၏ ထောက်ခံချက်ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၏ မဟာဘွဲ့သင်တန်းများကို နှစ်စဉ် ဒီဇင်ဘာတွင် ဖွင့်လှစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရသူသာမက အခြားတက္ကသိုလ်မှ ဘွဲ့ရများပါ လက်ခံသင်ကြားပေးသည်။

ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေး ပညာ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့် သုတပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံပညာဌာန များက မဟာဘွဲ့သင်တန်း ဖွင့် လှစ်သင်ကြားနေသည်။