အဝစားေဟာ့ေပါ့ဆိုင္မွာ စားေနရင္း မဝံ့မရဲန႔ဲမီႏူးေတာင္းေနလို႔ ေမးၾကည့္ေတာ့မွ အံ့ျသယူရတယ္

Zawgyi

အဝစားေဟာ့ေပါ့ဆိုင္မွာ စားေနရင္း မဝံ့မရဲနဲ႕မီႏူးေတာင္းေနလို႔ ေမးၾကည့္ေတာ့မွ အံ့ၾသယူရတယ္

အဝစားေဟာ့ေပါ့ဆိုင္မွာ စားေနရင္း မဝံ့မရဲနဲ႕မီႏူးေတာင္းေနလို႔ ေမးၾကည့္ေတာ့မွ အံ့ၾသယူရတယ္ က်ေနာ္ ေတာ္ေတာ္ၾကာၾကာစဥ္းစားၿပီးမွဒီပိုစ္ကိုတင္တာပါ

မေန႕ည က ဂ်ပန္ကလာတဲ့သူငယ္ခ်င္းကိုထမင္းလိုက္ေကြၽးရင္းအဝစား ေဟာ့ေပါ့ဆိုင္မွာစားျဖစ္ၾကတယ္ က်ေနာ္တို႔ရယ္ တျခားအတြဲႏွစ္တြဲရယ္ရွိတဲ့ဆိုင္ထဲကို အဝတ္အစားႏြမ္းႏြမ္းနဲ႕နံနံေစာ္ေစာ္ လင္မယားႏွစ္ေယာက္နဲ႕ခေလးေလးမိသားစုတစု မဝံ့မရဲနဲ႕ဝင္လာၿပီး က်ေနာ္တို႔နားက စားပြဲမွာဝင္ထိုင္ရင္း မီႏူးကိုစာအုပ္ေပးပါဆိုၿပီးေတာင္းေနေတာ့

စားပြဲထိုးေလးကယူလာေပးေတာ့ၾကည့္ၿပီးမွာရွာတယ္ ၾကက္ဥတလုံး ဘာညာဘာညာေပါ့ေလ ဒါနဲ႕က်ေနာ္လဲမေနသာပဲ လက္တို႔ၿပီးမင္းတို႔ဘာလုပ္လို႔လာစားၾကတာလဲေမးၾကည့္ေတာ့ က်ေနာ္တို႔လင္မယားေတာင္းရာကျပန္လာတာ ႏွစ္ေသာင္းေလာက္ရလာလို႔လာစားတာပါတဲ့ ဒါနဲ႕ဘာလို႔ဒီဆိုင္ကိုလာစားရတာလဲဆိုေတာ့

အဝကပုံကိုၾကည့္ၿပီး လူ႕ဘဝမွာမစားဘူးတာစားဘူးတယ္ရွိေအာင္လာစားတာတဲ့ ေတာင္းစားေပမဲ့ စိတ္ကိုႀကိဳက္တာနဲ႕ မင္းတို႔ပိုက္ဆံေနာက္ေန႕မွစား အခုငါေပးမယ္ မမွာနဲ႕ ေဟာဒီမွာအသီးအ႐ြက္ေတြ ေဟာဒါက အသားေတြေဟာဒါ အေအး ေဟာဒါ ထမင္းေၾကာ္ ႀကိဳက္တာကိုႀကိဳက္သေလာက္စားစမ္း အဝစားကုန္ရင္ထပ္ယူဆိုေတာ့ ေဘးဝိုင္းေတြကလဲမကန႔္ကြက္တာနဲ႕က်ေနာ္ေကြၽးလိုက္တယ္

စားလိုက္ၾကတာဗ်ာ ေဟ့ေကာင္ေတြကုန္သေလာက္ပဲယူ က်န္ေအာင္ေတာ့မယူနဲ႕ေနာ္ဆိုေတာ့ ကုန္တယ္ဆိုၿပီးစားလိုက္ၾကတာဗ်ာ က်ေနာ္မစားနိုင္ေပမဲ့ ထိုင္ၾကည့္ၿပီးဝမ္းသာလိုက္တာဗ်ာ အရပ္စကားနဲ႕ေျပာရရင္ ေတာငိးစားသူနဲ႕အတူစားျခင္းေပါ့ဗ်ာ ဆုေပးေသးတယ္ အကိုႀကီး က်မ္းမာပါေစတဲ့ ေပးတဲ့ဆုနဲ႕ျပည့္ပါေစဗ်

Unicode

အဝစားဟော့ပေါ့ဆိုင်မှာ စားနေရင်း မဝံ့မရဲနဲ့မီနူးတောင်းနေလို့ မေးကြည့်တော့မှ အံ့သြယူရတယ်

အဝစားဟော့ပေါ့ဆိုင်မှာ စားနေရင်း မဝံ့မရဲနဲ့မီနူးတောင်းနေလို့ မေးကြည့်တော့မှ အံ့သြယူရတယ် ကျနော် တော်တော်ကြာကြာစဉ်းစားပြီးမှဒီပိုစ်ကိုတင်တာပါ

မနေ့ည က ဂျပန်ကလာတဲ့သူငယ်ချင်းကိုထမင်းလိုက်ကျွေးရင်းအဝစား ဟော့ပေါ့ဆိုင်မှာစားဖြစ်ကြတယ် ကျနော်တို့ရယ် တခြားအတွဲနှစ်တွဲရယ်ရှိတဲ့ဆိုင်ထဲကို အဝတ်အစားနွမ်းနွမ်းနဲ့နံနံစော်စော် လင်မယားနှစ်ယောက်နဲ့ခလေးလေးမိသားစုတစု မဝံ့မရဲနဲ့ဝင်လာပြီး ကျနော်တို့နားက စားပွဲမှာဝင်ထိုင်ရင်း မီနူးကိုစာအုပ်ပေးပါဆိုပြီးတောင်းနေတော့

စားပွဲထိုးလေးကယူလာပေးတော့ကြည့်ပြီးမှာရှာတယ် ကြက်ဥတလုံး ဘာညာဘာညာပေါ့လေ ဒါနဲ့ကျနော်လဲမနေသာပဲ လက်တို့ပြီးမင်းတို့ဘာလုပ်လို့လာစားကြတာလဲမေးကြည့်တော့ ကျနော်တို့လင်မယားတောင်းရာကပြန်လာတာ နှစ်သောင်းလောက်ရလာလို့လာစားတာပါတဲ့ ဒါနဲ့ဘာလို့ဒီဆိုင်ကိုလာစားရတာလဲဆိုတော့

အဝကပုံကိုကြည့်ပြီး လူ့ဘဝမှာမစားဘူးတာစားဘူးတယ်ရှိအောင်လာစားတာတဲ့ တောင်းစားပေမဲ့ စိတ်ကိုကြိုက်တာနဲ့ မင်းတို့ပိုက်ဆံနောက်နေ့မှစား အခုငါပေးမယ် မမှာနဲ့ ဟောဒီမှာအသီးအရွက်တွေ ဟောဒါက အသားတွေဟောဒါ အအေး ဟောဒါ ထမင်းကြော် ကြိုက်တာကိုကြိုက်သလောက်စားစမ်း အဝစားကုန်ရင်ထပ်ယူဆိုတော့ ဘေးဝိုင်းတွေကလဲမကန့်ကွက်တာနဲ့ကျနော်ကျွေးလိုက်တယ်

စားလိုက်ကြတာဗျာ ဟေ့ကောင်တွေကုန်သလောက်ပဲယူ ကျန်အောင်တော့မယူနဲ့နော်ဆိုတော့ ကုန်တယ်ဆိုပြီးစားလိုက်ကြတာဗျာ ကျနော်မစားနိုင်ပေမဲ့ ထိုင်ကြည့်ပြီးဝမ်းသာလိုက်တာဗျာ အရပ်စကားနဲ့ပြောရရင် တောငိးစားသူနဲ့အတူစားခြင်းပေါ့ဗျာ ဆုပေးသေးတယ် အကိုကြီး ကျမ်းမာပါစေတဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျ