ေလးစားပါတယ္ ေဒါက္တာတို႔ ျပည္သူေတြအတြက္ ဝမ္းသာစရာသတင္းပါဗ်ာ လူနာရွင္ေတြ ဖတ္ျဖစ္ေအာင္ဖတ္ထားပါ

Zawgyi

ေလးစားပါတယ္ ေဒါက္တာတို႔ ျပည္သူေတြအတြက္ ဝမ္းသာစရာသတင္းပါဗ်ာ။ ေက်းဇူး အရုိးေရာဂါအထူးကုေဆးရုံႀကီးေျပာင္းလဲခ်ိန္တန္ ခဲ႔ေလသလား။

ဒူးနာေနတာကုိ ေပၿပီးေနလာတာ ၁၀ႏွစ္ေက်ာ္ၿပီနာတာမခံႏုိင္လြန္းလုိ႔ မေန႔က ေန႔လည္၂နာရီမွာ ေဆးရုံမွာသြားျပတယ္ ဒီေန႔မနက္ ၉နာရီ (ျပန္ခ်ိန္း)အေရာက္ သြား

စာအုပ္လုပ္ စာအုပ္ထပ္ နာမည္ အေခၚေစာင့္ ၃နာရီမွကုိယ့္အလွည့္ေရာက္ပါတယ္။ ​ေဆးရုံက အေတာ္ေျပာင္းလဲသြားပါၿပီ။ အနယ္နယ္အရပ္ရပ္က လာျပတဲ႔သူေတြမ်ားေတာ့ ေစာင့္ရတာေပါ့။

က်ြန္ေတာ့္ အမွတ္စဥ္က 07831 ေနာက္မွာေစာင့္ေနသူေတြက အမ်ာႀကီးက်န္ေသးတယ္။ ဘာေၾကာင့္လူနာမ်ားလည္းဆုိတာ က်ြန္ေတာ့္အတြက္ ေဆးသြားထုတ္မွသိတယ္

ပုိက္ဆံတစ္ျပားမွမယူ စမ္းသပ္ခ စာအုပ္ဖုိး ဘာဖုိးမွမယူ (စားရိတ္မ်ွေပးဘာညာၾကားပါတယ္ဒါေပမယ့္လဲေပါ့။ ဒီေဆးရုံက လက္ေတြ႔ဘာဖုိးမွ မယူ ၁၂နာရီနားမယ္ ၂နာရီျပန္စမယ္အတိအက်)

ဆရာဝန္က ၂ပတ္ေဆးေသာက္ပါ မသက္သာမွ ဒူးအဆစ္ၾကားက အရုိးႏု ပ်က္စီးသြားတာ လုိအပ္မွ ခြဲထုတ္မယ္ ေလဆာနဲ႔ေခ်လုိ႔လဲရတယ္ လုိ႔ေျပာတယ္။

အဓိကေျပာခ်င္တာက ပုိက္ဆံေဆးခန္းအထူးကုေတြနဲ႔ျပမိရင္ ဒီလုိရွင္းျပရင္ေတာင္ခြဲခန္းထဲ ဆြဲသြင္းမယ္။ AကေနZအထိေသြးစစ္မယ္။ ေသြးစစ္ခ ခြဲစိတ္ခ စမ္းသပ္ခ အခန္းငွားခ အခ အခ ေတြေၾကာင့္

သိန္းဘယ္ေလာက္ကုန္မလဲ မစဥ္းစားရဲ။ အခုေတာ့ ေဆးရုံမွာမရွိတဲ႔ ေဆး အျပင္မွာ ဝယ္တာ ၇၀၀၀ဘဲက်တယ္။ ေဆးဆုိင္ေတြ ေဆးရုုံအဝန္းအဝုိင္းအနီးအနားမွာမရွိ ပါ ဆရာဝန္ကလဲ ဘယ္ဆုိင္မွာဝယ္ပါလုိ႔ မညႊန္ၾကားပါ။ ေျပာင္းလဲခ်ိန္တန္ၿပီ ေပါ့ေလ။

အသက္၄၀ေက်ာ္အထိ ေဘာလုံးကန္ခဲ႔လုိ ရတဲ႔ အက်ဳိးပါ ။ အသိတစ္ေယာက္က မင္းဒူးကုိ အဲဒီေဆးရုံမွာျပ ဆရာဝန္ႀကီးေတြက စိတ္ခ်ရတယ္ ေကာင္းတယ္ဆုိလုိ႔ သြားျပတာ (အခ်ိန္ေတာ့ေပးရတယ္)ေငြလဲ အကုန္သက္သာပါတယ္။

ခရက္ဒစ္

Unicode

လေးစားပါတယ် ဒေါက်တာတို့ ပြည်သူတွေအတွက် ဝမ်းသာစရာသတင်းပါဗျာ။ ကျေးဇူး အရိုးရောဂါအထူးကုဆေးရုံကြီးပြောင်းလဲချိန်တန် ခဲ့လေသလား။

ဒူးနာနေတာကို ပေပြီးနေလာတာ ၁၀နှစ်ကျော်ပြီနာတာမခံနိုင်လွန်းလို့ မနေ့က နေ့လည်၂နာရီမှာ ဆေးရုံမှာသွားပြတယ် ဒီနေ့မနက် ၉နာရီ (ပြန်ချိန်း)အရောက် သွား

စာအုပ်လုပ် စာအုပ်ထပ် နာမည် အခေါ်စောင့် ၃နာရီမှကိုယ့်အလှည့်ရောက်ပါတယ်။ ဆေးရုံက အတော်ပြောင်းလဲသွားပါပြီ။ အနယ်နယ်အရပ်ရပ်က လာပြတဲ့သူတွေများတော့ စောင့်ရတာပေါ့။

ကျွန်တော့် အမှတ်စဉ်က 07831 နောက်မှာစောင့်နေသူတွေက အမျာကြီးကျန်သေးတယ်။ ဘာကြောင့်လူနာများလည်းဆိုတာ ကျွန်တော့်အတွက် ဆေးသွားထုတ်မှသိတယ်

ပိုက်ဆံတစ်ပြားမှမယူ စမ်းသပ်ခ စာအုပ်ဖိုး ဘာဖိုးမှမယူ (စားရိတ်မျှပေးဘာညာကြားပါတယ်ဒါပေမယ့်လဲပေါ့။ ဒီဆေးရုံက လက်တွေ့ဘာဖိုးမှ မယူ ၁၂နာရီနားမယ် ၂နာရီပြန်စမယ်အတိအကျ)

ဆရာဝန်က ၂ပတ်ဆေးသောက်ပါ မသက်သာမှ ဒူးအဆစ်ကြားက အရိုးနု ပျက်စီးသွားတာ လိုအပ်မှ ခွဲထုတ်မယ် လေဆာနဲ့ချေလို့လဲရတယ် လို့ပြောတယ်။

အဓိကပြောချင်တာက ပိုက်ဆံဆေးခန်းအထူးကုတွေနဲ့ပြမိရင် ဒီလိုရှင်းပြရင်တောင်ခွဲခန်းထဲ ဆွဲသွင်းမယ်။ AကနေZအထိသွေးစစ်မယ်။ သွေးစစ်ခ ခွဲစိတ်ခ စမ်းသပ်ခ အခန်းငှားခ အခ အခ တွေကြောင့်

သိန်းဘယ်လောက်ကုန်မလဲ မစဉ်းစားရဲ။ အခုတော့ ဆေးရုံမှာမရှိတဲ့ ဆေး အပြင်မှာ ဝယ်တာ ၇၀၀၀ဘဲကျတယ်။ ဆေးဆိုင်တွေ ဆေးရုုံအဝန်းအဝိုင်းအနီးအနားမှာမရှိ ပါ ဆရာဝန်ကလဲ ဘယ်ဆိုင်မှာဝယ်ပါလို့ မညွှန်ကြားပါ။ ပြောင်းလဲချိန်တန်ပြီ ပေါ့လေ။

အသက်၄၀ကျော်အထိ ဘောလုံးကန်ခဲ့လို ရတဲ့ အကျိုးပါ ။ အသိတစ်ယောက်က မင်းဒူးကို အဲဒီဆေးရုံမှာပြ ဆရာဝန်ကြီးတွေက စိတ်ချရတယ် ကောင်းတယ်ဆိုလို့ သွားပြတာ (အချိန်တော့ပေးရတယ်)ငွေလဲ အကုန်သက်သာပါတယ်။

ခရက်ဒစ်