အံ့ဩဖွယ် အနုပညာကို ကျောင်းရှေ့က သဲပုံပေါ်မှာ ထုတ်ဖော်ခဲ့တဲ့ မောင်စိုင်းထက်ဇော်(ခ)ဖိုက်လုံ

Zawgyi





အဲ့တော့ ကလေးက အနုပညာဖန်တီးတဲ့ ဥာဏ်ကလေးပါသည့်တိုင်အောင် မိဘတွေ ဖြစ်ချင်တာနဲ့ အံမဝင်တော့ သူ့ဗီဇဝါသနာကို







ခရက်ဒစ်

Unicode

ကျွန်တော်တို့ ကမ္ဘာပေါ်က လူသားတစ်ဦးချင်းဆီတိုင်းဟာ ကိုယ်ပိုင်အစွမ်းအစ တစ်ခုစီနဲ့ မွေးဖွားလာကြတာဖြစ်ပေမယ့် ပတ်ဝန်းကျင်ထဲ ရောက်ပြီး

အရွယ်ရောက်တဲ့အခါမှာတော့ သူတို့ရဲ့မွေးဖွားလာတဲ့ အစွမ်းအစဟာ ပတ်ဝန်းကျင်ရဲ့ အရိပ်မှာ လောင်းရိပ်မိပြီး သေဆုံးခဲ့ရတယ်လို့

ကမ္ဘာစစ်တမ်းတစ်ရပ်က ဆိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း ကလေးကို ငယ်ငယ်ထဲက ကြီးလာရင်

ဘာလုပ်မှာလဲဆိုပြီး အစချီလို့ သူတို့ ဖြစ်ချင်တဲ့ ဆရာဝန်ကြီး၊ စစ်ဗိုလ်ကြီးတွေဖြစ်အောင် အရောင်ဆိုးကြတာ လူတိုင်းလည်း ကြုံဖူးကြမှာပါ။

အဲ့တော့ ကလေးက အနုပညာဖန်တီးတဲ့ ဉာဏ်ကလေးပါသည့်တိုင်အောင် မိဘတွေ ဖြစ်ချင်တာနဲ့ အံမဝင်တော့ သူ့ဗီဇဝါသနာကို

ဖျောက်ဖျက်ရင် ဖျက်၊ မဟုတ်ရင်လည်း သူတို့ အသိုင်းအဝိုင်းနဲ့ အဆင်မပြေဖြစ်ပြီး ပျက်ဆီးလေလွင့်သူကြသူတွေလည်း ရှိနေပါတယ်။

အခုပြောပြပေးမယ့် ကလေးကတော့ အနုပညာဗီဇနဲ့ တွေ့မြင်ကြရမယ့် မောင်စိုင်းထက်ဇော်(ခ)ဖိုက်လုံး ရဲ့ အနုပညာလက်ရာလေးတွေပဲ ဖြစ်ပါတယ်။

သူဟာဆိုရင် ဘုန်းကြီးကျောင်းရှေ့မှာရှိတဲ့ သဲပုံလေးနဲ့ သူ့ရဲ့ အနုပညာလက်စွမ်းကို ပြခဲ့တာကြောင့် အားပေးသူအများအပြား ရရှိခဲ့တာလည်းဖြစ်ပါတယ်။

သူဟာ ကျွန်တော်တို့ နင်းနေတဲ့ သဲတောင် အနုပညာဆန်ရင် လူတိုင်းနှစ်သက်ကြတယ်ဆိုတဲ့ အချက်ကို ပြသပေးလိုက်သူလည်းဖြစ်ပါတယ်။

ဒါကြောင့် ဘဝဟာ နင်းပြားဖြစ်နေပါစေ နှစ်လိုဖွယ်ရာ စိတ်ဓာတ်ရှိရင် လူချစ်လူခင်လည်း ပေါနိုင်တဲ့ ဆိုတဲ့အချက်ကို မမေ့မလျော့သတိပြုနိုင်စေဖို့လည်း မမေ့ပါနဲ့။

မောင်စိုင်းထက်ဇော်ရဲ့ သဲနဲ့ဖန်တီးတဲ့ အနုပညာလေးဟာဆိုရင်ဖြင့် အံ့သြထူးခြားနေတာကြောင့် သိရှိကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ခရက်ဒစ်