မန္မာနိုင္ငံနယ္စပ္ေဒသမွာပထမဆုံးဖြင့္လွစ္လိုက္တဲ့မွန္တံတား

Zawgyi

ျမန္မာျပည္နယ္စပ္အနီးတြင္ပထမဦးဆုံးမွန္ခ်ပ္ေတြနဲ႕ေဆာက္လုပ္ထားတဲ့မွန္တံတားကိုဖြင့္လွစ္လိုက္တယ္လို႔သိရပါတယ္။ျမန္မာျပည္နယ္စပ္နဲ႕တ႐ုတ္နိုင္ငံၾကားရွိရင္က်န္းၿမိဳ႕အနားယူနန္ျပည္နယ္တြင္ေဆာက္လုပ္ဖြင့္လွစ္ခဲ့တာပဲျဖစ္ပါတယ္။

လက္ရွိမွာေတာ့ တ႐ုတ္နိုင္ငံယူနန္ျပည္နယ္ အတြင္း ေနထိုင္သူမ်ားေရာ၊ ျမန္မာနယ္စပ္မွာ ေနထိုင္သူမ်ားအၾကားမွာပါအရမ္းကိုေရပန္းစားေနတာပဲျဖစ္ပါတယ္။

ျမန္မာနိုင္ငံကလူေတြေတာ္ေတာ္မ်ားမ်ားလည္း သြားေရာက္လည္ပတ္ၾကတာမို႔ လမ္းၫႊန္ဆိုင္းဘုဒ္ေတြမွာ တ႐ုတ္-ျမန္မာ ၂ဘာသာနဲ႕ ေရးထားတာကို ေတြ႕ျမင္ရပါတယ္။

အဆိုပါတံတားဟာ တံတားတစ္ခု ဆိုတာထက္ ရႈခင္းၾကည့္ ေမွ်ာ္စင္ဆိုရင္ ပိုၿပီး မွန္တယ္လို႔ေျပာလို႔ရပါတယ္။ရႈခင္းၾကည့္ေမွ်ာ္စင္ဆီသြားတဲ့လမ္းတစ္ေလွ်ာက္ေရာရႈခင္းၾကည့္တဲ့ေနရာမွာပါမွန္ခ်ပ္ေတြကိုၾကမ္းခင္းအျဖစ္ ခင္းထားၿပီး အကာအရံကလည္း မွန္ေတြပဲ ျဖစ္တာေၾကာင့္ မိမိေျခေထာက္ရပ္ထားတဲ့ ေအာက္ဖက္က ရႈခင္းကို အတိုင္းသား ျမင္ေနရတဲ့အတြက္ အသည္းထိတ္ဖို႔ ေကာင္းလွပါတယ္။

လာေရာက္လည္ပတ္သူေတြထဲကမွတစ္ ခ်ိဳ႕ဆိုရင္ေျခတစ္လွမ္းေတာင္ ဆက္ေ႐ြ႕လို႔ မရေတာ့ပဲ ေအာ္ဟစ္ေနတာေၾကာင့္ အျခားသူေတြက ဆြဲေခၚေနရတာေတြလည္း ရွိတယ္လို႔သိရပါတယ္။

အခ်ိဳ႕ကေတာ့ သံယက္မေဘာင္ႀကီးေတြ ရွိတဲ့ေနရာကေန ေလွ်ာက္ၾကတယ္လို႔သိရပါတယ္။အျမင့္ေၾကာက္တတ္သူေတြ အတြက္ေတာ့တကယ့္ကိုရင္ခုန္စိတ္လႈပ္ရွားဖို႔ ေကာင္းေနမွာပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့အဲဒီတံတားဆီကိုတစ္ရက္တစ္ရက္လာလည္ၾကသူေတြအရမ္းကိုမ်ားျပားေနတယ္လို႔သိရပါတယ္။

မွန္တံတားႀကီးစီကိုမူဆည္ၿမိဳ႕ကေနတစ္ဆင့္သြားေရာက္ရတာပဲျဖစ္ပါတယ္။သြားေရာက္လည္ပတ္ၾကတဲ့သူေတြဟာမူဆယ္ၿမိဳ႕မွာရွိတဲ့ခရီးသြားလာေရးလုပ္ငန္းေတြနဲ႕ခ်ိတ္ဆက္ၿပီးသြားေရာက္လည္ပတ္ေနၾကတာပဲျဖစ္ပါတယ္။

မွန္တံတားႀကီးတည္ရွိရာ ရင္က်န္းၿမိဳ႕ကဟာ ရွမ္းလူမ်ိဳးေတြ အမ်ားဆုံးေနထိုင္ၾကတာျဖစ္ၿပီး ေက်ာက္အေရာင္းအဝယ္ လုပ္ေနၾကတဲ့ ျမန္မာလူမ်ိဳးေတြလည္း အမ်ားအျပားရွိတာေၾကာင့္ ျမန္မာမႈလက္ရာ ေစတီပုထိုးေတြလည္း ရွိတယ္လို႔သိရပါတယ္။

ရင္ခုန္စိတ္လႈပ္ရွားမႈေတြနဲ႕ျပည့္ႏွက္ေနတဲ့ မွန္တံတား ခရီးစဥ္ကေတာ့မရရွိဘူးေသးတဲ့ရသတစ္မ်ိဳးကိုခံစားရေစမွာမို႔စိတ္ဝင္စားသူမ်ားသြားေရာက္လည္ပတ္နိုင္ေစရန္မွ်ေဝေပးလိုက္ပါတယ္။

Unicode

မြန်မာပြည်နယ်စပ်အနီးတွင်ပထမဦးဆုံးမှန်ချပ်တွေနဲ့ဆောက်လုပ်ထားတဲ့မှန်တံတားကိုဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်။မြန်မာပြည်နယ်စပ်နဲ့တရုတ်နိုင်ငံကြားရှိရင်ကျန်းမြို့အနားယူနန်ပြည်နယ်တွင်ဆောက်လုပ်ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်း နေထိုင်သူများရော၊ မြန်မာနယ်စပ်မှာ နေထိုင်သူများအကြားမှာပါအရမ်းကိုရေပန်းစားနေတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံကလူတွေတော်တော်များများလည်း သွားရောက်လည်ပတ်ကြတာမို့ လမ်းညွှန်ဆိုင်းဘုဒ်တွေမှာ တရုတ်-မြန်မာ ၂ဘာသာနဲ့ ရေးထားတာကို တွေ့မြင်ရပါတယ်။

အဆိုပါတံတားဟာ တံတားတစ်ခု ဆိုတာထက် ရှုခင်းကြည့် မျှော်စင်ဆိုရင် ပိုပြီး မှန်တယ်လို့ပြောလို့ရပါတယ်။ရှုခင်းကြည့်မျှော်စင်ဆီသွားတဲ့လမ်းတစ်လျှောက်ရောရှုခင်းကြည့်တဲ့နေရာမှာပါမှန်ချပ်တွေကိုကြမ်းခင်းအဖြစ် ခင်းထားပြီး အကာအရံကလည်း မှန်တွေပဲ ဖြစ်တာကြောင့် မိမိခြေထောက်ရပ်ထားတဲ့ အောက်ဖက်က ရှုခင်းကို အတိုင်းသား မြင်နေရတဲ့အတွက် အသည်းထိတ်ဖို့ ကောင်းလှပါတယ်။

လာရောက်လည်ပတ်သူတွေထဲကမှတစ် ချို့ဆိုရင်ခြေတစ်လှမ်းတောင် ဆက်ရွေ့လို့ မရတော့ပဲ အော်ဟစ်နေတာကြောင့် အခြားသူတွေက ဆွဲခေါ်နေရတာတွေလည်း ရှိတယ်လို့သိရပါတယ်။

အချို့ကတော့ သံယက်မဘောင်ကြီးတွေ ရှိတဲ့နေရာကနေ လျှောက်ကြတယ်လို့သိရပါတယ်။အမြင့်ကြောက်တတ်သူတွေ အတွက်တော့တကယ့်ကိုရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းနေမှာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့အဲဒီတံတားဆီကိုတစ်ရက်တစ်ရက်လာလည်ကြသူတွေအရမ်းကိုများပြားနေတယ်လို့သိရပါတယ်။

မှန်တံတားကြီးစီကိုမူဆည်မြို့ကနေတစ်ဆင့်သွားရောက်ရတာပဲဖြစ်ပါတယ်။သွားရောက်လည်ပတ်ကြတဲ့သူတွေဟာမူဆယ်မြို့မှာရှိတဲ့ခရီးသွားလာရေးလုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီးသွားရောက်လည်ပတ်နေကြတာပဲဖြစ်ပါတယ်။

မှန်တံတားကြီးတည်ရှိရာ ရင်ကျန်းမြို့ကဟာ ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်ကြတာဖြစ်ပြီး ကျောက်အရောင်းအဝယ် လုပ်နေကြတဲ့ မြန်မာလူမျိုးတွေလည်း အများအပြားရှိတာကြောင့် မြန်မာမှုလက်ရာ စေတီပုထိုးတွေလည်း ရှိတယ်လို့သိရပါတယ်။

ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတဲ့ မှန်တံတား ခရီးစဉ်ကတော့မရရှိဘူးသေးတဲ့ရသတစ်မျိုးကိုခံစားရစေမှာမို့စိတ်ဝင်စားသူများသွားရောက်လည်ပတ်နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။