မွေးဖွားခါနီးမို့ သားလေးမွေးနေ့ကိုအိမ်မှာပဲလုပ်ပြီး ကလေးဆေးရုံသို့အလှူငွေ လှူဒါန်းခဲ့တဲ့ သဉ္ဇာနွယ်ဝင်း

Zawgyi






Unicode

မင်းသမီးချောသဉ္ဇာနွယ်ဝင်းကတော့ ခင်ပွန်းဖြစ်သူ ရဲ့ အချစ်တွေနဲ့ အေးချမ်းပျော်ရွှင်နေတဲ့သူမကအိမ်ထောင်သက်တမ်းမကြာသေးခင်မှာပဲ သားလေး တစ်ယောက်ရခဲ့ပါတယ်။သူမရဲ့ ချစ်စရာကောင်းတဲ့သားလေးကလည်း ပရိသတ်တွေရဲ့ အသဲကျော်လေး ဖြစ်လို့နေပါတယ်နော်။

လက်ရှိမှာတော့ ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးဖြစ်နေတာကြောင့် ပျော်မဆုံးဖြစ်နေပါသေးတယ်။သူကတော့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လည်းဖြစ်ပြီး အိမ်ထောင်ရေးကံကောင်းလို့ ပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်တွေထဲတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

လတ်တလောမှာတော့ သဉ္ဇာနွယ်ဝင်းက သူမရဲ့သားလေးကို မွေးနေ့ပွဲလေး အကျဉ်းချုံးပြီး ပြုလုပ်ပေးခဲ့တဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သဉ္ဇာနွယ်ဝင်းကတော့ သားလေးရဲ့မွေးနေ့မှာ မိသားစုသုံးယောက်ပဲ နွေးနွေးထွေးထွေး ပြုလုပ်ခဲ့တဲ့အကြောင်းနဲ့ ရန်ကုန် ကလေးဆေးရုံကြီးမှာလည်း အလှူငွေတွေလှူဒါန်းခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

သဉ္ဇာနွယ်ဝင်းကတော့ “သားသား(၂)နှစ်ပြည့်မွေးနေ့ ကို မိသားစုသုံးယောက်ထဲ ပဲလုပ်ဖြစ်တယ် မေမေကမွေးတော့မှာဆိုတော့ နောက်နှစ်မှမွေးနေ့လုပ်ပေးတော့မယ်နော်” ဆိုပြီး သူမက သမီးလေး ကိုယ်ဝန်အရင့်အမာကြီးနဲ့မို့ နောက်နှစ်မှပဲ သားလေးကို မွေးနေ့လုပ်ပေးတော့မယ့်အကြောင်း ရေးသားထားတာပါ။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ သဉ္ဇာနွယ်ဝင်းကတော့ လတ်တလောမှာ သားလေးကိုထိန်းရင်း ခင်ပွန်းနဲ့အတူ စီးပွားရေးအလုပ်တွေပါ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သားလေးရဲ့မွေးနေ့ကို အိမ်မှာပဲ မိသားစုသုံးယောက် ပျော်ပျော်ကြီး ကျင်းပခဲ့ကြတဲ့ သဉ္ဇာနွယ်ဝင်းတို့ မိသားစုလေးကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။