Myanmar Idol ကို သတိေပးစကားဆိုလိုက္တဲ့ ေရမြန္

Zawgyi

ေရမြန္ဟာ ျမန္မာႏိုင္ငံကလူငယ္ေတြၾကားမွာ ေအာင္ျမင္ေက်ာ္ၾကားလူႀကိဳက္မ်ားေနတဲ့ Idiots အဖြဲ႕ရဲ႕အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။ သူဟာကိုယ္တိုင္ကိုယ္က် သီခ်င္းေတြကို ေရးစပ္သီဆိုေလ့ရွိၿပီး တစ္ပုဒ္ဆိုတစ္ပုဒ္ ပရိသတ္ေတြရဲ႕ပါးစပ္ဖ်ားမွာေရပန္းစားေလာက္ေအာင္ ဂီတမွာ ထူးခြၽန္သူတစ္ေယာက္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း ဝန္းရံအားေပးတဲ့ ပရိသတ္အခိုင္အမာရရွိေနတဲ့အႏုပညာရွင္တစ္ေယာက္ဆိုလည္း မမွားပါဘူး။

ေရမြန္ဟာလက္ရွိမွာ သီခ်င္းေပါင္းမ်ားစြာ ထြက္ရွိထားတာျဖစ္ၿပီး “ငါေသလို႔ရတယ္” “ခ်န္ခဲ့” “ဝမ္းနည္းတတ္တဲ့ခ်စ္သူ” “မင္းနဲ႔နီးဖို႔” “ေတြ႕ရတာဝမ္းသာတယ္” စတဲ့သီခ်င္းေတြဟာအခ်ိန္ေတြဘယ္ေလာက္ေျပာင္းေျပာင္း ပရိသတ္ၾကားမွာ မ႐ိုးႏိုင္တဲ့သီခ်င္းေတြအျဖစ္က်န္ရွိေနတာျဖစ္ပါတယ္။လက္ရွိမွာ Tuborg beer ရဲ႕ brand ambassador အျဖစ္ေဆာင္႐ြက္ေနတာလည္း ျဖစ္ပါတယ္။

လတ္တေလာ ပရိသတ္ေတြၾကားမွာေရပန္းစားေနတဲ့ TV Program တစ္ခုျဖစ္တဲ့ Myamar Idol သီခ်င္းဆိုၿပိဳင္ပြဲႀကီးရဲ႕ Rock ေတးသီခ်င္းေတြနဲ႔သီဆိုယွဥ္ၿပိဳင္ရတဲ့ week မွာေတာ့ ၿပိဳင္ပြဲဝင္ Yaw Key က ေရမြန္ရဲ႕ သီခ်င္းျဖစ္တဲ့ ” ဝမ္းနည္းတတ္တဲ့ခ်စ္သူ ” သီခ်င္းနဲ႔သီဆိုယွဥ္ၿပိဳင္ခဲ့ပါတယ္ ။ ဒီသီခ်င္းအတြက္ ဒိုင္ေတြ ေပးတဲ့မွတ္ခ်က္နဲ႔ပတ္သတ္ၿပီး ” ဝမ္းနည္းတတ္တဲ့ခ်စ္သူ “သီခ်င္းက Low (Bass) ကိုအသားေပးဆိုရတဲ့သီခ်င္းပါ ။ Bass အသံကိုေပၚလႊင္ေအာင္မဆိုတတ္လို႔ သီခ်င္းနဲ႔လိုက္ဖက္မႈမရွိတိုင္း သီခ်င္းကိုခ်ည္း (အဆင့္အတန္းမမွီသလို) အျပစ္ပုံခ်လို႔ မရပါဘူး ကိုယ့္ဆရာတို႔ ။ MMID Fan တစ္ေယာက္မဟုတ္သလို ဘယ္ၿပိဳင္ပြဲမွလည္းမၾကည့္ျဖစ္ပါဘူး ( အဆိုေတာ္ေတြကို စက္နဲ႔ Season အလိုက္႐ိုက္ထုတ္ေနတယ္လို႔ခံစားရလို႔ပါ ) ။ အခုကြၽန္ေတာ့္သီခ်င္းနဲ႔ၿပိဳင္တယ္ဆိုလို႔တခ်က္ ဝင္ေလ့ၾကည့္တာပါ ။ YAW KEY ေရညီေလး Bravo ပါ ။ ၿပိဳင္ပြဲမွာဆုရဖို႔ထက္ တကယ့္လက္ေတြ႕ မွာဆုရဖို႔ကပိုအေရးႀကီးပါတယ္ ။ Vocal အ Fine ႀကီးပဲ ။ ႀကိဳးစားထား ” ဆိုတဲ့စာသားနဲ႔ သတိေပးစကားေရးသားၿပီး လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ပရိသတ္ေတြကိုမွ်ေဝေပးထားပါတယ္ ။

ေရမြန္ရဲ႕ ပရိသတ္အခ်ိဳ႕ကလည္း ” အျခားသူ သီခ်င္းကို ျပန္ဆိုတယ္ ဆိုတာ သီခ်င္းပိုင္ရွင္ ကို respect ရွိရမယ္. မူရင္း သီခ်င္းကို အျပစ္ေျပာတယ္ဆိုတာ pro မပီသလို႔ဘဲ ထင္တယ္. We r idiots. I love this band so much ” ဆိုၿပီးမွတ္ခ်က္ေတြေရးသားထားၾကတာေတြ႕ရပါတယ္ ။ ၿပိဳင္ပြဲဝင္ထက္ သီခ်င္းကိုအျပစ္ေျပာေဝဖန္ခဲ့တဲ့အတြက္ သီခ်င္းပိုင္ရွင္ျဖစ္သူ ေရမြန္က ေပါက္ကြဲခဲ့ဟန္တူပါတယ္ ပရိသတ္ႀကီးေရ ..။

Unicode

ရေမွန်ဟာ မြန်မာနိုင်ငံကလူငယ်တွေကြားမှာ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ Idiots အဖွဲ့ရဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာကိုယ်တိုင်ကိုယ်ကျ သီချင်းတွေကို ရေးစပ်သီဆိုလေ့ရှိပြီး တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာရေပန်းစားလောက်အောင် ဂီတမှာ ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဝန်းရံအားပေးတဲ့ ပရိသတ်အခိုင်အမာရရှိနေတဲ့အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။

ရေမွန်ဟာလက်ရှိမှာ သီချင်းပေါင်းများစွာ ထွက်ရှိထားတာဖြစ်ပြီး “ငါသေလို့ရတယ်” “ချန်ခဲ့” “ဝမ်းနည်းတတ်တဲ့ချစ်သူ” “မင်းနဲ့နီးဖို့” “တွေ့ရတာဝမ်းသာတယ်” စတဲ့သီချင်းတွေဟာအချိန်တွေဘယ်လောက်ပြောင်းပြောင်း ပရိသတ်ကြားမှာ မရိုးနိုင်တဲ့သီချင်းတွေအဖြစ်ကျန်ရှိနေတာဖြစ်ပါတယ်။လက်ရှိမှာ Tuborg beer ရဲ့ brand ambassador အဖြစ်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

လတ်တလော ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ TV Program တစ်ခုဖြစ်တဲ့ Myamar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Rock တေးသီချင်းတွေနဲ့သီဆိုယှဉ်ပြိုင်ရတဲ့ week မှာတော့ ပြိုင်ပွဲဝင် Yaw Key က ရေမွန်ရဲ့ သီချင်းဖြစ်တဲ့ ” ဝမ်းနည်းတတ်တဲ့ချစ်သူ ” သီချင်းနဲ့သီဆိုယှဉ်ပြိုင်ခဲ့ပါတယ် ။ ဒီသီချင်းအတွက် ဒိုင်တွေ ပေးတဲ့မှတ်ချက်နဲ့ပတ်သတ်ပြီး ” ဝမ်းနည်းတတ်တဲ့ချစ်သူ “သီချင်းက Low (Bass) ကိုအသားပေးဆိုရတဲ့သီချင်းပါ ။ Bass အသံကိုပေါ်လွှင်အောင်မဆိုတတ်လို့ သီချင်းနဲ့လိုက်ဖက်မှုမရှိတိုင်း သီချင်းကိုချည်း (အဆင့်အတန်းမမှီသလို) အပြစ်ပုံချလို့ မရပါဘူး ကိုယ့်ဆရာတို့ ။ MMID Fan တစ်ယောက်မဟုတ်သလို ဘယ်ပြိုင်ပွဲမှလည်းမကြည့်ဖြစ်ပါဘူး ( အဆိုတော်တွေကို စက်နဲ့ Season အလိုက်ရိုက်ထုတ်နေတယ်လို့ခံစားရလို့ပါ ) ။ အခုကျွန်တော့်သီချင်းနဲ့ပြိုင်တယ်ဆိုလို့တချက် ဝင်လေ့ကြည့်တာပါ ။ YAW KEY ရေညီလေး Bravo ပါ ။ ပြိုင်ပွဲမှာဆုရဖို့ထက် တကယ့်လက်တွေ့ မှာဆုရဖို့ကပိုအရေးကြီးပါတယ် ။ Vocal အ Fine ကြီးပဲ ။ ကြိုးစားထား ” ဆိုတဲ့စာသားနဲ့ သတိပေးစကားရေးသားပြီး လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးထားပါတယ် ။

ရေမွန်ရဲ့ ပရိသတ်အချို့ကလည်း ” အခြားသူ သီချင်းကို ပြန်ဆိုတယ် ဆိုတာ သီချင်းပိုင်ရှင် ကို respect ရှိရမယ်. မူရင်း သီချင်းကို အပြစ်ပြောတယ်ဆိုတာ pro မပီသလို့ဘဲ ထင်တယ်. We r idiots. I love this band so much ” ဆိုပြီးမှတ်ချက်တွေရေးသားထားကြတာတွေ့ရပါတယ် ။ ပြိုင်ပွဲဝင်ထက် သီချင်းကိုအပြစ်ပြောဝေဖန်ခဲ့တဲ့အတွက် သီချင်းပိုင်ရှင်ဖြစ်သူ ရေမွန်က ပေါက်ကွဲခဲ့ဟန်တူပါတယ် ပရိသတ်ကြီးရေ ..။